၂၀၁၃ - မေ ၉ ရက်နေ့ နေ့ လည် ၁၄း၀၀ အချိန်တွင် မိုးရွာသွန်းပြီ လေတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ် သိုက်တူ ကန် ကျေးရွာအုပ်စု၊ သိုက်တူကန် ကျေးရွာ အနီး သံလျင်/သုံခွသွား ကားလမ်းပေါ် ရှိ မှတ်တိုင်အမှတ် (၅၁/၀၂) အကြားတွင် အော်ရီးရှား သစ်ပင်သည် ကားလမ်းမပေါ်သို့လည်ကျရာ ဓါတ်တိုင် တချို့ ပျက်စီးခဲ့ပြီး ခတ္တလမ်းပိတ်ဆို့ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လဲကျတဲ့ သစ်ပင်ဟာ ကားလမ်း ရှိ သိုက်တူကံ ကျေးရွာ သို့ သွယ်တန်းထား သော ကွန်ကရစ် ဓါတ်တိုင် (၂) တိုင်အကြား သို့ကျ ရောက် ပြီး ဓါတ်ကြိုး ပြတ်ကျ၍ ကွန်ကရစ် ဓါတ်တိုင်(၂) တိုင်ကြိုးသွား ကာ သစ်ပင်သည်လမ်းအား (၁၅) မိနစ်ခန့် ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်ပါသည်။
အခင်းအဖြစ်သည့် သိုက်တူးကန်ကျေးရွာသို့ မြို့နယ်ဦးစီး မှူးဦးဌေးဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲကျော်စိန်လင်း၊ မြို့နယ်လျှက်စစ်ဓါတ်အား ပေးရေးအဖွဲ့ အုပ်ချုပ်ရေး မှူးဦးခင်မောင်ထွန်း တို့ မှသွားရောက်ဖယ်ရှားရှင်းလင်းရာ (၁၄း၃၀)အချိန်တွင်ရှင်းလင်း မှုပြီးစီးခဲ့ ကြောင်း သိရပါသည်။
ဆက် လက်၍သိုက်တူးကန်သို့ လိုက်လံစစ်ဆေးရာ ရွာတောင်ဘက်ကွင်းဘက်ရှိ ပျဉ်ခင်းထရံ ကာ၊ဓနီမိုးလူနေအိမ်တစ်လုံး ပြိုကျ (တန်ဘိုး (၅)သိန်း ကျပ်ခန့်) ပျက်စီးပြီး၊ သုဿာန်ဇရပ်အဟောင်း တစ်လုံပြို ကျ(တန်းဘိုး (၂)သိန်းကျပ်ခန့်ပျက်စီး)၊ ရွာတောင်ဘက်ကွင်းထဲရှိ ကျိုက်သာယာဘုန်းကြီး ကျောင်းသွပ်များ အမိုးလန် (တန်းဘိုး(၂)သိန်ကျပ်ခန့် ပျက်ဆီးပြီးကျေးရွာအတွင်းရှိကိုယ်အားကိုယ် ကိုးကွန်ကရစ်ဓါတ်တိုင်(၁)တိုင်နှင့် သိုက်တူးကန်ကျေးရွာ တောင်ဘက်ကွင်းပြင်အတွင်းရှိသော ကျိုက်သာယာ ဘုန်းကြီးကျောင်းသို့ သွယ်တန်းထာသော ကွန်ကရစ် ဓါတ်တိုင် (၄၂) တိုင်ကျိုးပဲ့ ပျက်စီး ခဲ့သဖြင့် ကားလမ်း ဘေးရှိ ဓါတ်တိုင်(၂) တိုင်အပါအ၀င်စုစု ပေါင်း ဓါတ်တိုင်(၄၅) တိုင် ပျက်စီးမှု အတွက် တန်းဘိုး(၄၅)သိန်ကျပ်ခန့် ဆုံရှုံးခဲ့ ပါသည်။
သံလျင်/သုံးခွသွား မော်တော် ကား လမ်း မှာပုံမှန် တိုင်ယာဉ်များ သွားလာလျက်ရှိပြီး ကျိုးပဲ့စီး သွားသော ကွန်ကရစ် ဓါတ်တိုင်များ အား ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ (သုံးခွ)မြို့နယ်မှ ကြီးကြပ် ကွပ်ကဲ၍ အမြန်းဆုံး ပြန် လည်ပြုပြင် သွာ မည် ဖြစ်ကြောင့်နှင့် လေတိုက်ခက်မှု ဖြစ်စဉ်နှင့် ပတ်သတ်၍ လူနှင့် တိရိစ္ဆာန် များ ထိခိုက်ဒဏ် ရာ ရှိမှု တစ်စုံတစ်ရာ မရှိကြောင်း ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့ မှသတင်းရရှိပါသည်။
သစ်ထူးလွင်

![]() |
သိုက်တူးကန်ကျေးရွာ |
သုံးခွမြို့ နယ်တွင် လေပြင်းတိုက်ခတ်ခြင်း
Reviewed by သစ်ထူးလွင်
on
08:18
Rating:
![သုံးခွမြို့ နယ်တွင် လေပြင်းတိုက်ခတ်ခြင်း](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6g-tOK-gjDpsDPlih0PxlFnWdqYeVt_QCUNoYROrJXykp-Yg_hx6s4QSHRvWhc-CPzPXUC9U7DXRIUge1u_8a4gpbvqGrNQeC0nJMmN0r5372Q-z0__iQaLueN7ynMijkzu77enpbND-/s72-c/untitled(4).jpg)