သူပုန်ကျောင်းသား ရန်ကုန်ရောက်ပြီ

ABSDF ရဲဘော်ရဲဘက်များနဲ့ စာဖတ်ပရိတ်သတ်များသို့ အသိပေးတင်ပြချက်

ABSDF တပ်ဖွဲ့ဝင်ဟောင်းနဲ့ DVB သတင်းထောက်ဟောင်းဖြစ်ပြီး လောလောဆယ် အလွတ်သတင်း ထောက်၊ စာရေးသူအဖြစ်တာဝန်ထမ်းနေတဲ့ ကျနော်ထက်အောင်ကျော် (ခေါ်) ၀င်းထိန်ဟာ ၂၈ ရက် စာ ဆိုရှယ်ဗီဇာနဲ့ မြန်မာနိုင်ငံဆီ ဒီနေ့ (မေလ ၁ ရက်နေ့) ရောက်ရှိခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ကျနော်ရေးသားခဲ့တဲ့ ''သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး'' ဆောင်းပါးတွေကို စု စည်းပြီး (မေလ ၅ ရက်နေ့မှာထုတ်နိုင်ဖို့စီစဉ်နေ) စာအုပ်ထုတ်ဝေရေး၊ ABSDF သမိုင်းနဲ့ပတ်သက်ပြီး လုပ်နိုင်တာတွေ လုပ်ဆောင်ရေး၊ ၂၅ နှစ် တာ ခွဲခွာနေရတဲ့ မိဘဆွေမျိုးများနဲ့တွေ့ဆုံရေး၊ လက်ရှိဖြစ် ပေါ် တိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံရေး အခြေနေတွေကို လေ့လာဖို့ရှိပါတယ်။

ဒီခရီးစဉ်အတွင်း တွေ့ရှိရတဲ့ ထူးခြားချက်တွေကိုလဲ ခရီးသွားမှတ်တန်းပုံစံနဲ့ အခန်းဆက် ရေးသားတင် ပြသွားဖို့စီစဉ်ထားပါတယ်။


ရဲဘော်ရဲဘက်များ၊ စာဖတ်ပရိတ်သတ်များအားလုံးကို လေးစားလျှက်

ထက်အောင်ကျော် (ခ) ၀င်းထိန်
မေလ ၁- ရက်နေ့။ ရန်ကုန်မြို့။
သူပုန်ကျောင်းသား ရန်ကုန်ရောက်ပြီ သူပုန်ကျောင်းသား ရန်ကုန်ရောက်ပြီ Reviewed by သစ်ထူးလွင် on 02:46 Rating: 5
Powered by Blogger.