လားရှိုးမှာ အမျိုးသမီးကို မီးရှို့ခဲ့သူဟာ မန္တလေး၊ ကျိုင်းတုံနဲ့ တောင်ကြီးမြို့တွေမှာလည်း ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ဖူးပြီး လားရှိုးမှာ အမျိုးသမီးတဦးကို ဓာတ်ဆီ လောင်းမီးရှို့တဲ့အခါကျမှ ပဋိပက္ခတွေ ပေါ်ပေါက်လာတာလို့  မေလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မြစ်ကြီးနား ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထပ်မံ ပြောဆိုသွားပါတယ်။ ဒီအကြောင်းကို မနက်ပိုင်း ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာလဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဘယ်သူခိုင်းတယ် ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာကို စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
လားရှိုးမှာ ဓာတ်ဆီလောင်းမီးရှို့ သူနှင့် ပါတ်သတ်လို့ ဝန်ကြီးဦးအောင်မင်း ပြောကြားချက် (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
18:56
Rating:
