ဤရက်များ အတွင်း မဟာစင် မုန် တိုင်းကြောင့် လောမသိ။ ရာသီဥတုက မူမမှန်။
အနောက်တောင်ဆီမှ တစ်လိပ် လိပ်တက်လာနေသည့် တိမ်မည်းများ နှင့်အတူ ညိုမှောင်ရိပ် ဆင်လာပြန်သော မိုးက ရွာရန် မသေချာ သော်လည်း မလှလှဝင်း၏ ရင်ထဲမှာတော့ ပူပန်မှု တိမ်တစ် အုပ်ကတော့ ရွာရန် အသင့် ဖြစ်နေခဲ့ပြီဟု သူ့စကားများအရ သိနိုင် ပါသည်။
”ကလေးတွေကို ကျောင်းအပ်ပေး ဖို့ ပိုက်ဆံမရှိသေးဘူး။ အငယ်နှစ် ယောက်က မူလတန်းဆိုတော့ ကျောင်း အပ်တာ ပိုက်ဆံမကုန်ဘူး။ အကြီး ကောင်က ဒီနှစ်ခြောက်တန်းတက်ရ တော့မယ်” ဟု ¤င်းက ပြောရင်း ဖွဲဖွဲ ကျနေသောမိုးကို ငေးနေသည်။ ကျောင်းဝတ်စုံများ ဘယ်နေ့ဝယ်ေ ပးနိုင်မည် မသိသေး။ အမျိုးသားက လက်သမား။ နေ့စဉ်ဝင်ငွေက ငါး ထောင်။ လမ်းစရိတ်နှင့် အသုံးစရိတ်က ၁၅ဝဝ လောက်။
ဒီမိုးတွေ ရွာလာရင် ဆောက်လုပ် ရေးလုပ်ငန်းများက နေ့တိုင်း အလုပ်ရှိ ရန် မလွယ်။ နေ့စဉ်ရနေသော မိသား စုဝင်ငွေကလည်း လျော့ လာေ တာ့မည်။ နှစ်စဉ်ကြုံတွေ့နေကျမို့ ပုံမှန်ဘဝလို အသားကျပြီးသား သားသမီးများ အတန်းကြီးလာသည့်အတွက်ကုန်ကျမှု စရိတ်များ မနှစ်ကထ က်တော့ များလာ မည်ဟု ဤရာသီဆို အမြဲပင်တွေးနေမိ သော အရာများကို မလှလှဝင်းက ဖွင့်ဟသည်။
”ပိုက်ဆံလိုလာရင်တော့ ငွေတိုး ပေးတဲ့သူဆီက သွားယူရတာပေါ့။ အတိုးက ၂ဝ တိုး၊ ရက် ၂ဝ အတွင်း ပြန်ဆပ်ရပါတယ်။ ငွေလိုတဲ့အချိန်တုန်း က ယူထားတာ။ ဘယ်လောက်အကြွေး တင်နေသလဲ ဆိုတာ မမှတ်မိပါဘူး။ အကြွေးရှင်တွေကတော့ မှတ်ထားမှာ ပေါ့။ ဟိုနားနည်းနည်း ဒီနား နည်းနည်း များလွန်းလို့ မမှတ်မိပါဘူး” ဟု ၄င်းက ပြောသည်။
မလှလှဝင်းတို့ နေထိုင်သော ရပ် ကွက်လေးသည် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃-ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနားကို ၅ မိနစ်ခန့် လမ်းလျှောက်ပါက ရောက်နိုင် သည်။ အိမ်များက စုစုဝေးဝေး။ ခြံစည်း ရိုးမရှိ။ ရေလောင်းအိမ်သာ အိမ်တိုင်း မရှိ။ ၇ နှစ်ခန့်ဤကဲ့သို့ နေလာခဲ့၍ ၄င်းတို့ မိသားစုအတွက်က အရာရာပုံ မှန်ဖြစ်စဉ်များသာ။ သို့သော် ကျောင်း ဖွင့်ချိန်ရောက်တိုင်း ကလေးများ အနာ ဂတ်အတွက် မလှလှဝင်းတို့ တွေးရပါ သည်။ မောရပါသ ည်။ ဖြေရှင်းရပါသည်။ ရင်ဆိုင်ရပါသည်။ ယခုကဲ့သို့သော ဖြစ် စဉ်က မလှလှဝင်းအတွက်သာမဟုတ်ဘဲ ကျောင်းနေအရွယ်ကလေးများ ရှိသည့် ငွေကြေး မပြည့်စုံသော မိဘတိုင်း အတွက် ရင်လေးစရာ။ ငွေကြေးမပြေ လည်မှုက ကျောင်းနေအရွယ် ကလေး များကို စာသင်ခန်းဆီသို့ မပို့ဘဲ ကျောင်း ပြင်ပရောက်အောင် ဆွဲခေါ်သွားမှုက နှစ်စဉ်ဘယ်လောက်ရှိမှန်း သူမသိသော် လည်း သူ့ရပ်ကွက်တွင် အခမဲ့ဆိုသော မူလတန်း ကိုပင် မထားနိုင်သော မိသား စုက အနည်းဆုံး ၂ဝ ခန့်ရှိနေသည်ကို တော့ မလှလှဝင်း သိသည်။
မြန်မာတစ်နိုင်ငံလုံး၏ ၅ နှစ် အရွယ် မူလတန်းကျောင်းအပ်သည့် နှုန်းမှာ တစ်နိုင်ငံလုံးရှိ ကလေးသူငယ် စုစုပေါင်း ၇၄ ရာခိုင်နှုန်းသာ ရှိကြောင်း ယူနီဆက်ဖ်၊ ကျန်းမာရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း ထုတ်ပြန်ထားသည့်စစ်တမ်းတွင် ဖော်ပြ နေသည်။ မြို့ပြတွင် ၇၇ ဒသမ ၄ ရာ ခိုင်နှုန်းနှင့် ကျေးလက်တွင် ၇၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အဓိကအကြောင်း ရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဟု ဆို သည်။
”တခြားတစ်ဖက်မှာ ငွေကြေး တတ်နိုင်သူ မိဘအသိုင်းအဝိုင်းတွေက ပညာရေးအတွက် အကုန်အကျခံနိုင်၊ ဂရုစိုက်အရေးထားနိုင်ပေမယ့် မြို့ နေ ဆင်းရဲသားတွေနဲ့ ကျေးလက် တော ရွာနေ ကလေးသူငယ်တွေက မူလတန်း ကျောင်းကိုတောင် မသိကြရှာဘူး။ မြန် မာနိုင်ငံရဲ့ ကျောင်းနေအရွယ် ကလေး ဦးရေ ငါးသန်းထဲက တစ်ဝက်သာ မူ လတန်းပညာရေးကို ပြီးပြည့်စုံအောင် တက်နိုင်နေတယ်” ဟု သြစတြေးလျနိုင် ငံခြားရေးဝန်ကြီးက ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့ မှ မြန်မာနိုင်ငံအား အခြေခံပညာမူလတန်း ပြီးဆုံးအောင် မြင်ရေး ပူးပေါင်းဆောင်ရွက်မည့် နှစ် နိုင်ငံသေ ဘာတူညီမှု ထုတ်ပြန်ချက်အ ပြီး ၂ဝ၁၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ပဲခူးမြို့ ၁၉-ရပ်ကွက် မြို့ရှောင် လမ်းဘေး နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းကြည်ကလည်း ယောက်ျား ဆုံးသွားခဲ့ပြီး ကျန်ရှိ ကလေး သုံးယောက်၏ မကြာမီ ကျောင်းအပ်ရ မည့် အပေါ်သောကပွားနေရကြောင်း ပြောသည်။ ”အလုပ်အကိုင်က ရေစည် လှည်းတွန်း ပဲပြုတ်ရောင်း၊ ဒီလုပ်ငန်းနဲ့ ကလေးတွေကို ကျောင်းထားရတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ မပြောနဲ့ ကိုယ်နေမယ့်နေရာတောင် လေဆိပ်စီမံ ကိန်းကြောင့် နေရာပြောင်းလို့ ဘယ်မှာ နေရမှန်းမသိပါဘူး။ လက်ထဲပိုက်ဆံရှိ ရင် ကလေးတွေကို ကျောင်းအပ်ပြီး လို တာဝယ်မယ်လို့ စိတ်ကူးထားတယ်” ဟု ညည်းပြော ပြောသည်။။ ကလေးက လည်း ၄ တန်းနဲ့ ၈ တန်းဆို တော့ အကြီးကောင် အင်္ကျီအငယ်ကောင် ဝတ်မရဘူး။ ခက်နေတာက ဒီ နှစ်မှာ ကလေးတွေကို ကျောင်းအပ်ဖို့ ဖိနပ်က အစ ထီးအထိအသစ်ဝယ်ပေးရမှာ။ နေဖို့နေရာလေး သေသေချာချာ သိ သွားရင်တော့ ကလေးတွေအတွက် အတိုးနဲ့ယူပြီး လုပ်ပေးမှာပါ။ ဒီနှစ်က ကျန်းမာရေးလည်း မကောင်းတော့ အရင်လို အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး” ဟု ထမင်းအိုးတည် နေရင်းမှ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။ သူ့စကားက မဆုံးသေး။ မျိုသိပ်ထားရခြင်းကြောင့် ပို၍ရင်မော နေရမှုကို ယခုမှ ဖွင့်ထုတ်ခွင့် ရဟန်တူ သည်။ ”သမီးကြီး ကျောင်းကလည်း ကားခကို တစ်ရက် တစ်ထောင်လောက် နီးပါးရှိတယ်။ ဒါတောင် သမီးကြီးက
ကျောင်းပြန်လာရင် ကျွန်မနဲ့အတူ ရေ စည်လှည်း လိုက်တွန်းပေးလို့ စား သောက်လို့ အဆင်ပြေနေတာ နောက် ဆို မိုးရွာတော့မယ်ဆိုေ တာ့ ရေစ ည်း လှည်းတွန်းတဲ့အလုပ်လည်း နားရတော့ မယ်။ ပဲပြုတ်အလုပ်တစ်ခုနဲ့ပဲ စားတာ အဆင်မပြေနိုင်ဘူး” ဟု ရှည်ရှည်လျား လျား သူဆက်ပြော လိုက်သည်။
ဤသို့ဖြင့် ပညာရေးလမ်း ပျောက် နေသော ကလေးများ၏ အနာဂတ်ဆို သည်က မရေမရာ။ ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပထမ အကြိမ် လွှတ်တော်ခေါ်ယူခြင်းမှ အစပြုကာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများအရ မျက်မှောက် အခြေ အနေနှင့် ဝိရောဓိဖြစ်ဖွယ် များလည်း ရှိနေဆဲ။ သေချာသည်က ဆင်းရဲနွမ်း ပါးခြင်း၏ ဘေးထွက် ဆိုး ကျိုးများက တော့ စိန်ခေါ်နေပြီဖြစ်သည်။
ပညာရေးအတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ဥပဒေပုဒ်မ ၂၈ အပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခ မဲ့ မသင်မနေရမူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဟု ဆိုသည့်အတိုင်း အစိုးရမှ ယခုစာသင်နှစ် ကျောင်းဖွင့် ရာသီတွင် အခြေခံပညာ မူလတ န်း ကျောင်းများ၌ အခမဲ့ ကျောင်းအပ်နိုင် ကြောင်း ကြေညာထားသော ဆိုင်းဘုတ် များအားကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင်နေရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အခမဲ့မသင် မနေရ မူလတန်း ပညာရေးစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ ပြဋ္ဌာန်းခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော် အတွက် ကျောင်းဖတ်စာ စာအုပ်ဖိုး ငွေ ကျပ် ၅ ဒသမ ၁၅ သန်း။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပညာသင်နှစ်တွင် ၁၈၃၅ ဒသမ ၅ သန်း ကျပ် ထောက်ပံ့ပေးခဲ့ ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် တွင်လည်း မူလတန်းကျောင်းသားတစ် ဦးလျှင် ကျောင်း ဖတ်စာအုပ်များ၊ ဗလာ စာအုပ်တစ်ဒါဇင်နှင့် ငွေကျပ် တစ် ထောင်ကို ထောက်ပံ့ပေးရန် စီစဉ်နေ ကြောင်း သတင်းထုတ်ပြန် ထားသည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက် တာမြဦးက ”အခု ဆောင်ရွက်နေတာ မျိုး အရဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း မူလတန်းပညာကို သင် ကြားနိုင်ဦးမယ်မထင်ဘူး။ ဥပဒေအရ သီးသန့်ချမှတ်မှ ရတော့မယ်။ မဟုတ် ရင် ကျောင်းနေအရွယ်ကလေး တိုင်း မူလတန်းပညာ သင်ကြားရမယ်ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည့်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ဥပဒေအရ ဆိုပါလျှင် ကလေးတိုင်း ပညာသင်ကြား နိုင်မည်ဖြစ်ပြီး ကျောင်း မထားနိုင်သော မိဘ များကိုလည်း အစိုးရမှ ကျောင်းထားနိုင်ေ အာင် ထောက်ပံ့မှု ရှိလာ မည်ဟု ဒေါက်တာမြ ဦးက ဥပဒေရှိလာမည့် နောက်ပိုင်း အနာဂတ်အကျိုး ဆက်ကို ရှင်းပြသည်။ အစိုးရ အဆက်ဆက်ပ ညာရေးအပေါ် ချပေးသည့် အသုံးစရိတ်သည် ဝန်ကြီးဌာနများ အားလုံးနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးတွင် သာရှိခဲ့သည်။ သို့သော် မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်း အရ တစ်ချိန်ကဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်အပြင်ဦးသန့်ကဲ့သို့ ကမ္ဘာသိ ပုဂ္ဂိုလ်များကို မြန်မာ ပြည်ပ ညာရေးမှ မွေးထုတ်ခဲ့မှုမှာ အထင်အရှားပင် ဖြစ်သည်။ သို့ သော် မြန်မာပညာရေးအား နိမ့်ဆင်းသွားသည်ဟု စွပ်စွဲသံ များက ညံနေသည်မှာလည်း ကြာမြင့်ခဲ့ပြီ။ လက်ရှိ အစိုးရ တာဝန်ရှိသူများကိုယ်တိုင် မြန်မာပညာရေးမှာ အမှန် တကယ် နိမ့်ဆင်းနေ ကြောင်း ထုတ်ဖော်ဝန်ခံ ကြသည်။ အခြေခံကျ သည့် မူလတန်းအဆင့် တွင် ဖြေရှင်းရမည့်ပြဿနာ က အစိုးရအဆက်ဆက် အတွက်တော့ မဖြစ်မနေ ရင်ဆိုင်ရမည့် အခြေအ နေတ စ်ရပ်ပင်။ မြန်မာ နိုင်ငံ၏ အခြေခံမူလတန်း အဆင့်တွင် ကျောင်း ထွက်နှုန်း မြင့်မားနေ သည့် အတွက် ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ပညာ သင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာနက ”မသင်မနေရ မူလ တန်း ပညာရေး စနစ်” ကို စတင် ကျင့်သုံးခဲ့ရသည် က အထင် အ ရှား။ သို့သော် ပညာရေးဆိုင် ရာထောက်ပံ့ကူ ညီမှုများ နည်း ပါးနေဆဲဖြစ် ရာ ပြည်သူများ ၏ငွေအင်အား နှင့် ရပ်တည် နေ ရသော ကိုယ်ထ ကိုယ်ထ ကျောင်းများနှင့်ဘု န်းတော်ကြီးသင် ပညာရေးကျောင်းထပ်တိုးချဲ့ကာ ဝိုင်းကူခဲ့ရသည်။ ဆင်းရဲခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပညာမပြီးဆုံးဘဲ စာသင်ခန်းမှ ထွက်ခွာ သွားမှုတွင် ရခိုင် ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းရှေ့၊ မွန်၊ ကရင်၊ ချင်းတို့ရှိ ကလေး ငယ်တို့မှာ အများဆုံးဖြစ်နေသည်ဟု နိုင်ငံတကာအသိအမှတ်ပြုခြင်း ခံထား ရသော စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ စစ်တမ်းဖော်ပြမှုအရ သိရသည်။
ပဲခူးမြို့ ဘုရားကလေး စံပြကျေး ရွာ အမှတ် (၁၃) ဘုန်းတော်ကြီး သင် မူလတန်း ပညာရေးကျောင်း ထိုင် ဆရာတော် ဦးဇဝနက ”ဆင်းရဲ လို့ ကျောင်းမနေနိုင်ကြဘူး။ မကြည့်ရက်လို့ ခေါ်ပြီး စာသင်ပေးနေတာ။ တစ်နှစ်တစ် နှစ် တိုးလာတဲ့ ဦးရေက မနည်းဘူး။ အယောက် ၃ဝဝ ကျော်လောက် ရှိပြီ” ဟု မိန့်သည်။ ပြည်မြို့ ကရုဏာလက်များ ကွန် ရက်ဥက္ကဋ္ဌ ဦးမြင့်ဇော်ကလည်း ”ကျွန်တော်တို့ ဆီမှာ အခြေအနေမဲ့ တောင်း ရမ်းစားသောက်နေပြီး စာမသင် ရတဲ့ ကလေးတွေ ၅ဝဝ ကျော်လောက် ရှိမယ်။ သူတို့ဘဝတွေ ဒီအတိုင်းပဲ ဆက်ရှင်သန်ခဲ့ကြရင် သူတို့ သာမက သူတို့ရဲ့ မျိုးဆက်တွေမှာပါ ခက်ခက်ခဲခဲ ဘဝကို ကျော်ဖြတ်ကြရတော့မယ်။ ဒီအတွက် ၂ဝ၁၂ ခုနှစ် ကတည်းက အိမ်မှာ စာသင်တယ်။ အခု စာသင် ကျောင်းရပြီ။ ဒါတောင် ကလေးက ၅ဝ မပြည့်ဘူး” ဟုပြောသည်။
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ငွေ အသုံးစရိတ်သည် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ (နိုင်ငံ၏နှစ်စဉ်ထုတ်ကုန်နှင့် ဝန်ေ ဆာင် မှုစုစု ပေါင်းတန်ဖိုး) ဝ ဒသမ ၈ ရာခိုင် နှုန်းနှင့် အာဆီယံနိုင်ငံများအနက် အ နည်းဆုံးဖြစ်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ ရေး နှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအနည်းဆုံးနေရာမှာ ရှိနေခဲ့ ရာ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆကျော် ထပ်တိုးခဲ့သည် သို့သော် ပြည့်စုံမှုမရှိ လောက် ငရုံသာဟု ပညာ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်အများစုက ဆိုကြ သည်။
၎င်းက ဆက်လက်၍ ”အခု မူလတန်းကလေးတွေကို အခမဲ့ပညာ ရေးလုပ်ပေးတာ အလွန်ကောင်းပါ တယ်။ သားသမီးတွေကိုလည်း ပညာ တတ်ဖြ စ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် တော့ ကျွန်မတို့လို ဘာအခြေမှမရှိတဲ့ မိသားစုတွေက သားသမီးတွေရဲ့ ပညာ ရေးအတွက် အကူအညီလိုချင်ပါတယ်” ဟု ရင်ဖွင့်လာသည်။သူဌေးဖြစ်ဖို့မဟုတ် ကလေးများ ပညာတတ်ကြီးဖြစ်ရန် သက်သက် ရိုး သားသော တောင်းဆိုမှု ပြည်သူ့အသံ။ ပြီးခဲ့သည့် ပညာသင်နှစ်က အလှူရှင် များနှင့် လူမှုရေးအသင်းများ လာ ရောက်ထောက်ပံ့သည့်အတွက် ကလေး များအတွက် စာအုပ်၊ လွယ်အိတ်၊ မိုး ကာ၊ ထီးများ၊ လုံလောက်မှုရှိခဲ့ကြောင်း ယခုနှစ်က ကျောင်းဖွင့်ချိန်နီးနေသော် လည်း အလှူရှင်များ မလာသေးကြောင်း ၄င်းက ပြောသည်။
ပဲခူးသူ ဒေါ်စန်းကြည်က ”ကျွန်မ တို့ မိဘတွေဆီက အမွေရစရာလည်း မရှိပါဘူး။ သားသမီးတွေကိုလည်း ဘာ အမွေမှ မပေးနိုင်ပါဘူး။ပညာကိုေ တာ့ ဆုံးခန်းတိုင်အောင်သင်ပေးချင်ပါတယ်။ ကလေးတွေကကျောင်းနေရတာ ပျော် ကြပါတယ်”ဟု သူက မိခင်တစ်ယောက် ၏ခံစားမှုကို ပြော လာသည်။မူလတန်းကလေးများက တစ်နိုင် ငံလုံးတွင် ၅ သန်းခွဲကျော်။ နိုင်ငံ၏ ဆင်းရဲမွဲတေမှုက ၂၆ ရာခိုင်နှုန်း။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဝင် ဦးတင်ညိုက ”လူ့အခွင့်အရေးအရ လူတိုင်း ပညာသင်နိုင်ရပါ့မယ်။ ဒါပေမဲ့ ဒီမှာလိုသေးတာပေါ့။ ကျွန်ေ တ်ာက လေဖြစ်နိုင်ရင် မသင်မနေရကို အလယ် တန်းအထိကို ထားစေချင်တယ်” ဟု ပြောသည်။
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး Mark Lowcock နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြား ရေးမှူးချုပ် မစ္စတာ Peter Baxer တို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ပညာရေးဆိုင်ရာ အကူအညီ အထောက်အပံ့ အသစ် တစ်ခုစတင် မည်ဟု ပြောကာ ဒေါ်လာ သန်း ၅ဝဝ ကို အသုံးပြုသွားမည်ဖြစ်ပြီး မူလတန်း ပညာရေးစနစ်တွင် အဓိကထား အသုံး ပြုသွားမည်ဟု ကြေညာထားသည်။
ထိုကဲ့သို့ နိုင်ငံတကာ၏ အကူ အညီ ပြည်တွင်းအင်အားနှင့် ပေါင်း လိုက်ပါက မူလတန်းအဆင့်တွင် လူ တိုင်းကျောင်းတက်နိုင်ဖို့က အိပ်မက် မဟုတ် တကယ်လက်တွေ့ဖြစ်လာနိုင် ပေမည်။ အချိန်ကာလကတော့ မရေ မရာ မသေချာသည့် အခြေအနေတွင် သာ ရှိနေဆဲ။ နိုင်ငံအဆင့် ပညာရေး ညှိနှိုင်းရေး မှူး ဒေါ်အေးအေးသင်းက ”ငွေကြေး အင်အား တောင့်တင်းမှုနဲ့ အစီအမံ ကောင်းနဲ့သာ ဖြေရှင်းရင် ဒါဟာ ပြဿ နာ တစ်ရပ်မဟုတ် ပါဘူး။ နိုင်ငံ တည် ဆောက်ဖို့ ပညာတတ်တွေ အများကြီး လိုပါတယ်။ အခုလက်ရှိ ဖြစ်နေတာက မူလတန်းအဆင့်ကို ကလေးတိုင်း မတက်နိုင်၊ တက်နေတဲ့ ကလေးတွေ လည်း ထွက်ကုန်ကြတာတွေ ရှိနေတော့ ဒီလို ယိုစိမ့်ပေါက်တွေကို အစိုးရကိုယ် တိုင်ကသာ လုပ်နိုင်ပါလိမ့်မယ်” ဟု ၄င်းက အားမလိုအားမရ ထောက်ပြ သည်။
၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် က မြို့နယ်ပေါင်း ၃၃ဝ အနက် ၄ မြို့ နယ်ကိုသာ အခမဲ့မသင်မနေရ ပြဋ္ဌာန်း ထားသည့် မူလတန်းပညာရေးကို ပီပြင် စွာ အကောင်အထည် ဖော်မည်ဟု ပညာရေးဝန်ကြီးဌာနက ယခုနှစ် မေလ အတွင်း ထုတ်ဖော်ပြောဆိုခဲ့မှုက အခြေ ခံပညာရေး ပြောင်းလဲမှု ၏ ခြေလှမ်း အစပင်လော မသိ။
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ဆိတ်ကြီး ခနောင်တို၊ မဟာအောင်မြေမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် တို့တွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ယခုမြို့နယ်၏ အခြေအနေ ကြည့်ကာ နောင်နှစ်များတွင် တိုးချဲ့သွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေအရ အများစုက အလုပ်လုပ်နိုင် သူ တစ်ဦးတည်း၏ ဝင်ငွေ ပေါ် မှီခိုနေ ရသည်မှာ မိသားစု၏ စားဝတ်ေ နရေး အခြေခံလိုအပ်ချက်ပင် မလုံလောက်။ ထိုထဲမှ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်က ဘယ်လိုမှ မဖူလုံနိုင်၊ မလုံလောက်မှု ပြဿနာကို မိသားစု ဝင်တို့ပါ ဝိုင်းဝန်းဖြေရှင်းရသည့်အတွက် ကလေးများ၏ ပညာရေးမှာ မသေချာ မရေရာ ဖြစ်နေခြင်းက အစစ်အမှန်ပင် ဖြစ်သည်။
မလှလှဝင်း တစ်ယောက်အတွက် ကတော့ မလှမ်းမကမ်းရှိ စစ်တောင်း အိမ်ရာမှ အဝတ်လျှော်သည့်အလုပ်ကို နေ့တိုင်းရပါစေလို့ ဆုတောင်းနေရ သည်။ ကျောင်းဝတ်စုံလေးများ လျှော်ဖွပ် နေရင်း မိမိ၏ သားသမီးများ သုံး ယောက်စလုံး အတွက်လည်း ကျောင်း ဝတ်စုံအသစ်တစ်ထည်စီ ကို ကျောင်း ဖွင့်ချိန်အမီ ဝယ်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားကြောင်း မလှလှဝင်းက ဆို သည်။
မဟာစင်ကြောင့် မိုးရိပ်မြင်နေရ သော်လည်း မိုးကမရွာနိုင်ဘဲ အပူဓာတ် ဖြင့် ခြောက်ကပ်ဆဲ။ မိုးရွာရွာ မရွာရွာ ကျောင်းဖွင့်ရာသီကတော့ မရှောင် သာ အောင် ရောက်လာပြီ ဖြစ်သည်။ ကျောင်းဝင်းအတွင်း အဖြူ၊ အစိမ်း ကျောင်းဝတ်စုံဖြင့် ပျော်ရွှင်စွာ ဆော့ ကစားရင်း ပညာသင်ကြားနိုင်ရေး အတွက် အချို့သောမိဘများအတွက် ကတော့ အခက်အခဲများစွာဖြင့် ရင်းနှီး ခဲ့ရသည်။ အချို့သော ကလေးများက တော့ ကျောင်းဆို သည်ကို ပင် ငေးကြည့် မနေနိုင်သော ဘဝတွေထဲမှာ။
ပညာရေးဝန်ကြီး ဌာနက ယခု နှစ်တွင် မူလတန်း ပညာရေးအခမဲ့ဟု သတ်မှတ်ကာ လိုအပ်သော ကျောင်း သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ကြေ ညာထားသည်။ အလယ်တန်း အဆင့် အား ကျောင်းအပ်ခ၊ မိဘဆရာ အ သင်းကြေး၊ စာကြည့်တိုက်ကြေးတို့ အတွက် ငွေကျပ် ၁၅ဝဝ မှ ၁၈ဝဝ ကြား၊ အထက်တန်းအဆင့်ကို ကျပ် ၁၉ဝဝ မှ ကျပ် ၂ဝဝဝ အကြား ကောက် ခံမှု ပြုမည့်အပြင် ပုံနှိပ်စာအုပ်ကြေး မှာလည်း ပဉ္စမတန်း၊ အဋ္ဌမတန်း အား ကျပ် ၁၅၅ဝ၊ သတ္တမတန်းအား ကျပ် ၁၇ဝဝ၊ အဋ္ဌမတန်းအား ကျပ် ၂၃ဝဝ၊ နဝမတန်း သိပ္ပံကို ကျပ် ၂၄၅ဝ၊ ဝိပ္ပံကို ကျပ် ၂၆ဝဝ၊ တက္ကသိုလ် ဝင်တန်းအား ဝိပ္ပံ ကျပ် ၃၃ဝဝ၊ သိပ္ပံအား ကျပ် ၃၂၅ဝတို့သာ အသီးသီး ကျသင့်မည် ဟု ကြေညာထားသည်။ ထို့အပြင် ထိုငွေကြေးမှလွဲ၍ ခေါင်း စဉ်အမျိုးမျိုး တပ်၍ မည်သည့်ငွေကြေးမှ မကောက် ခံဖို့ပါ တားမြစ်ထားသည်။
ထိုငွေကြေးကိုပင် မတတ်နိုင်သူတို့ ရှိနေသည်မှာ နိုင်ငံ၏စီးပွားရေးအဆင့် အတန်းကို မီးမောင်းထိုးပြနေသယောင်။ ကျောင်းအပ်ခ၊ စာရွက် စာတမ်း ကြေးက ကျပ် ၅ဝဝဝ ကျော်ပေမယ့် ကလေးအတွက် နေ့စဉ်စရိတ် အပြင် စားဖို့၊ ဝတ်ဖို့၊ သုံးဖို့ကို မိဘများမတတ် နိုင်ကြ။ ရန်ကုန်မြို့ လယ်တွင် အမှိုက်သိမ်း နေသော စည်ပင်ဝန်ထမ်း လူငယ်လင် မယားက ”ကျွန်မတို့ ကလေးကို ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ ကလေးကို ကျောင်းကြိုပို့ဖို့က လင်မ ယား နှစ်ယောက်စလုံးက အမှိုက်တွေ လိုက်သိမ်းနေရတယ်။ ဝင်ငွေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ကလေးကိုတော့ ကျွန်မတို့ အမှိုက်သိမ်း ရာနောက်ကိုပဲ ခေါ်ရတာပေါ့။ ကလေး ကို လေ့ကျင့်ပေးထားလို့ စာရေးတတ် ဖတ်တတ်နေပါပြီ” ဟု အမှိုက်ပုံဘေး တွင် ထိုင်ပြီး ဗလာစာအုပ်ပေါ် စာရေး နေသော ၄င်းတို့၏ သမီးလေးကို ကျောင်းမထားနိုင်သည့် အခြေအနေ အား ရှင်းပြသည်။
”သမီးကျောင်းတက်ချင်တာပေါ့။ ကျောင်းတက်ရရင် အရမ်းနံတဲ့ဟာ တွေကိုလည်း မကိုင်ရဘူးပေါ့။ ပြီးရင် ကားတွေလည်း စီးရမှာပေါ့။ စာမတတ် ရင် ဖေကြီး၊ မေကြီးတို့လိုပဲ အမှိုက် ကျုံး ရမယ်လို့ မေကြီးက ပြောတယ်လေ” ဟု စည်ပင်ဝန်ထမ်း လင်မယား၏ သမီး ငယ်လေးက ၄င်း၏ ခံစားချက် ကို ပြော ပြသည်။မိုးမရွာ၍ ဖားများက ဆူညံစွာ အော်နေသည်။ ထိုကဲ့သို့ အသံမထွက် သော်လည်း ကျောင်းဖွင့်ရာသီ ရောက် တိုင်း ကလေးများ စာသင်ခန်းဆီသို့ လွတ်လွတ်လပ်လပ်ရောက်နိုင်ဖို့အရေး လေးလံသော တာဝန်ကြီးတစ်ရပ်ကဲ့သို့ ရင်မောသက်မ ချနေရသည့် မိဘအုပ် ထိန်းသူ များစွာ၏ မြန်မာ့ပညာရေး အပူမီးကတော့ အသံတိတ်မိုးခေါင်နေ ဆဲ ဖြစ်ပါသည်။
သတင်းအချက်အလက်
အောင်ဇော်။
မင်းသုအောင်၊ စိုင်းနောင်ရေးဖွဲ့သည်။
Popular Myanmar News Journal

ကျောင်းဖွင့်တော့မည် သို့သော် ကလေးတိုင်း ကျောင်းမတက်နိုင်ကြပါ
Reviewed by သစ်ထူးလွင်
on
16:12
Rating: