ပြည်မြို့ ဆံတော် ရပ်ကွက် လမ်းမတော် လမ်း မီးရထား တိုက်ခန်း အခန်း(၂)ရှိ နာရီနှင့် တူရိယာ ပစ္စည်း အရောင်း ဆိုင်တွင် ဧပြီ ၂၁ ရက် ညပိုင်းက အမျိုး သမီး တစ်ဦး အသတ် ခံရ မှုဖြစ် ပွားခဲ့
သည်။
ဖြစ်စဉ်မှာ ပြည် တက္ကသိုလ်မှ ကျောင်းသား တစ်ဦး ဖြစ်သူ အောင်ပိုင်ဖြိုး ၁၉ နှစ်(ဘ) ဦးခင်မောင်လတ်သည် နေအိမ်သို့ ဝင်ရောက်စဉ် ရေချိုးခန်း အတွင်း၌ ၎င်း၏မိခင် ဒေါ်နီနီအောင် ၅၇ နှစ်(ဘ)ဦးသန်းစိန်မှာ သေဆုံး နေကြောင်း တွေ့ရှိရ၍ ပြည်မြို့ အမှတ်(၂) ရဲစခန်းသို့ အကြောင်းကြား သဖြင့် စခန်းမှူး ဒုတိယ ရဲအုပ် ဝင်းခိုင်နှင့် အဖွဲ့က အသိ သက်သေ များနှင့် အတူ သွားရောက် စစ်ဆေးရာ ဒေါ်နီနီအောင်မှာ ယာဘက်ပါး ဖူးရောင် ဒဏ်ရာ၊ ဝဲဘက် မျက်စိ သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း စစ်ဆေး တွေ့ရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့ အမှတ်(၂) ရဲစခန်းမှ (ပ)၂၉၁/၂ဝ၁၃၊ပုဒ်မ-၃ဝ၂ အရ အမှုဖွင့် ထားပြီး ပြစ်မှုကျူး လွန်သူအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြ၀တီ

ပြည်မြို့၌ အမျိုးသမီးတစ်ဦး အသတ်ခံရမှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
16:26
Rating: