“တော်ရိလျော်ရိ” အလှူ

မန္တလေးမြို့က စာရေးဆရာ၊ ကဗျာဆရာများ၊ ကာတွန်း ဆရာများနှင့် သတင်း မီဒီယာများ စုပေါင်းပါဝင် ဖျော်ဖြေခဲ့ကြသော “တော်ရိလျော်ရိ”မြန်မာ့ရိုးရာ သံချပ်အဖွဲ့၏ ဒုတိယနှစ်ခြေလှမ်း၊ ဒုတိယအကြိမ်အဖြစ် ယခုနှစ်တွင်လည်း မန္တလေးမြို့စွန်မြို့ဖျားပါမကျန် ပြည်သူများသို့ လှည့်လည်ဖျော်ဖြေခဲ့ကြသည်။ “တော်ရိလျော်ရိ”သင်္ကြန်သံချပ်အဖွဲ့သည် မဏ္ဍာပ်များတွင် ဖျော်ဖြေခြင်းမရှိပဲ အခြေခံလူတန်းစားများရှိရာ ရပ်ကွက်များသို့ ဦးစားပေးကာ သွားရောက် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သင်္ကြန်လေးရက်တာကာလအတွင်း မြို့တွင်း၊မြို့စွန်မကျန်ဖျော်ဖြေခဲ့ကြရာတွင် မြို့မိမြို့ဖပြည်သူများကပြန်လည်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သော ဂုဏ်ပြူငွေ ၁၂ သိန်း ရရှိခဲ့ပြီး အဆိုပါဂုဏ်ပြုငွေများအားလုံးကို ပရဟိတလုပ်ငန်းနှင့် ပညာရေးကဏ္ဍများ အတွက်ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊မြင်သာကျေးရွာတွင်ရှိသော မူလတန်းလွန်ကျောင်းအတွက် စာသင်ခုံနှင့်ပရိဘောဂများအတွက်အသုံးပြုရန် (၁၀)သိန်းကျပ်တိတိလှူဒါန်းသွားရန် စီစဉ်ထားပြီး၊ကျန်(၂)သိန်းအား ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပရိယတ္တိသာသနာ့ဝန်ဆောင်ကျောင်းတွင်ရှိသော မိဘမဲ့ကိုရင်ငယ်လေးများအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊မြင်သာကျေးရွာတွင်ရှိသော မူလတန်းလွန်ကျောင်းသည် ငလျင်ဒဏ်ကြောင်းပြိုကျပျက်စီးခဲ့သောကျောင်းတစ်ကျောင်းဖြစ်ပြီး မန္တလေးမြို့၊လူငယ်သတင်းသမားများဦးဆောင်စီစဉ်ခဲ့သည် ငလျင်ရံပုံငွေပွဲမှရရှိငွေများကိုလည်း ကျောင်းသစ်ဆောက်လုပ်ရန်လှူဒါန်းထားရာ ကျောင်းတည်ဆောက်မှုမှာ ၅၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ အလှူငွေပေးအပ်လှူဒါန်းပွဲကို ဧပြီ ၂၈ ရက်နေ့၊နံနက်(၉)နာရီတွင် ပရဟိတသာသနာ့ဝန်ဆောင်ကျောင်း၌ ကျင်းပပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်းသိရှိရသည်။

Myanmar  News Now




“တော်ရိလျော်ရိ” အလှူ “တော်ရိလျော်ရိ” အလှူ Reviewed by သစ်ထူးလွင် on 15:41 Rating: 5
Powered by Blogger.