အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတွင် ရှိနေသေးကြောင်း အမေရိကန် သံအမတ်ပြော

မြန်မာနိုင်ငံတွင် အတင်းအဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ ရှိနေသေးကြောင်း မြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောသည်။

မြန်မာကွန်ဗင်းရှင်းစင်တာ၌ ယနေ့ပြုလုပ်သော အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်များ ဖိုရမ်တွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်မှုနဲ့ လုပ်ငန်းခွင်အခက်အခဲတချို့ ရှိနေသေးတာ တွေ့ရ တယ်”ဟု အမေရိကန်သံအမတ်က ပြောသည်။

ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်၌ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက “ကလေးလုပ်သားများနှင့် ပတ်သက်သည့် ဆိုင်နှင့် အလုပ် ဌာနများ ဥပဒေ၊ ၁၉၅၁ အလုပ်ရုံများဥပဒေတို့တွင် အလုပ်လုပ်ကိုင်ရမည့် ကလေးအသက် အရွယ်များရှိကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ဆောင်ရွက်နေကြောင်း ပြောသည်။

အဓ္ဓမစေခိုင်းမှုနှင့် ပတ်သက်ပြီး တိုင်းနဲ့ ပြည်နယ်အနှံ့ အသိပညာပေးတာတွေ လုပ်နေတယ်။ Force Labour ဆိုတာ တော်တော်နည်းနေပြီး အနည်းအကျဉ်းတော့ ရှိမှာပါ။ ၂၀၁၅ မှာ အပြီးတိုင်လုပ်ရမယ် ဆိုပေမယ့် ၂၀၁၅ မတိုင်ခင် အဓ္ဓမစေခိုင်းမှုကင်းစင်ဖို့ ကြိုးစားနေ တယ်”ဟု ဒုဝန်ကြီးကပြောသည်။

မေဇင်ဝင်း၊ ခိုင်နွယ်ဦး - Popular Myanmar News Journal




အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတွင် ရှိနေသေးကြောင်း အမေရိကန် သံအမတ်ပြော အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတွင် ရှိနေသေးကြောင်း အမေရိကန် သံအမတ်ပြော Reviewed by သစ်ထူးလွင် on 14:50 Rating: 5
Powered by Blogger.