ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ရေပေးဝေ

ယခုနှစ် နွေရာသီတွင် ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ် ခဲ့ရာ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အလယ်ပိုင်း(၂)ရပ်ကွက်နေ လုပ်သား ပြည်သူများသောက် သုံး ရေ အခက်အခဲမရှိစေရန် ကလောမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ရေသယ်ယာဉ်ဖြင့်
ရေဖြန့် ဝေခြင်းကို(၂၈-၄-၂၀၁၃)ရက်နေ့မှ စတင် ဆောင်ရွက်လျက်ရှိသည်။

ဟဲဟိုးမြို့၊ အလယ်ပိုင်း(၃)ရပ်ကွက်မှာ လူဦးရေ(၂၈၀၀)ဦး၊ အိမ်ခြေ(၄၅၉)အိမ်ရှိပြီး
ရေခက်ခဲသည့်အိမ်ခြေ(၁၅၀)ခန့်အတွက် တစ်ရက်လျှင်ရေဂါလန်(၄၀၀၀)အား မြို့နယ်စည်ပင်
သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ကြီးကြပ်ဖြန့်ဝေပေး
လျက်ရှိရာ ရပ်ကွက်နေလုပ်သားပြည်သူများက ၀မ်းသာပျော်ရွှင်စွာဖြင့် ရေသယ်ယူကြကြောင်း
သတင်းရရှိသည်။

Myanmar News Now

ကလောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် ရေပေးဝေမှု


ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ရေပေးဝေ ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ရေပေးဝေ Reviewed by သစ်ထူးလွင် on 03:59 Rating: 5
Powered by Blogger.