မဟာမြိုင်ရပ်ကွက် လမ်းကြားတစ်ခုမှာ လည်ပင်းပြတ်လုဒဏ်ရာနဲ့ လူသေအလောင်း တစ်လောင်းတွေ့ရှိ

မန္တလေးမြို့၊ ဧပြီ (၂၇)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်ရှိ ကိုးဖူးရှင်ဘုရားနှင့် ဗန်းမော်တိုက်အတွင်းရှိ လမ်းကြားပေါ်မှာ ဦးခေါင်းပိုင်း လည်ပင်းပြတ်လုနီးပါး ဒဏ်ရာဖြင့် လူသေလောင်းတစ်လောင်းကို ဧပြီ (၂၇)ရက်၊ မနက်(၇)နာရီခန့်မှာ ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများက စတင်တွေ့ရှိခဲ့ကြပါတယ်။

သေဆုံးသူမှာ မဟာမြိုင်(၁)ရပ်ကွက် အပိုင်း-၅(က)မှာ နေထိုင်သူ ကိုဝင်းသိန်း(ဘ)ဦးနီ အသက်(၃၈)နှစ် ဖြစ်ကြောင်း သိရှိရပါတယ်။

 လက်ရှိ ဖိနပ်ချုပ် အလုပ်သမားတစ်ဦးဖြစ်ပြီး အရက်အလွန်အကျွံသောက်ခဲ့ဖူးသူ ဖြစ်ကြောင်း နှင့် အရက်ဖြတ်ထားသည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ကြောင်း ယခုသေဆုံးချိန်အထိ အသောက်အစားကင်းကာ ဘာသာရေးကို ဦးစားပေးလုပ်ကိုင်နေပြီး မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ အမှတ်(၉)ရဲစခန်းမှ လာရောက် စစ်ဆေးပြီး သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပြီး သေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။

မဟာမြိုင် နာရေးကူညီမှုအသင်းက သေဆုံးသူကိုဝင်းသိန်း အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Credit to:အောင်ကျော်မိုး


မဟာမြိုင်ရပ်ကွက် လမ်းကြားတစ်ခုမှာ လည်ပင်းပြတ်လုဒဏ်ရာနဲ့ လူသေအလောင်း တစ်လောင်းတွေ့ရှိ မဟာမြိုင်ရပ်ကွက် လမ်းကြားတစ်ခုမှာ လည်ပင်းပြတ်လုဒဏ်ရာနဲ့ လူသေအလောင်း တစ်လောင်းတွေ့ရှိ Reviewed by သစ်ထူးလွင် on 16:35 Rating: 5
Powered by Blogger.