နတ်မောက်မြို့တွင်၂၄/၄/၂ဝ၁၃နေ့မှ စတင်ကာ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ဝါးရုံကုန်းကျေးရွာအုပ်စု အုတ်ဖိုကျေးရွာနှင့် သမုန်းပင်ကျေးရွာအုပ်စု ကျွေးတူးကန်ကျေး၇ွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှူဖြင့်လည်း ကောင်း၊မြို့ပေါ်နေ စေတနာရှင်အများ၏ ပံ့ပိုးကူညီမှုဖြင့်လည်းကောင်း ရေပေးဝေခြင်းကုသိုလ်ပြုလုပ်ငန်းများအား စဉ်ဆက် မပြတ် ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။
''တစ်ရက်ကိုရေကား တစ်စီးလွှတ်ပေးနေပါတယ်။ တစ်ရွာတစ်ခေါက်နှူံး ပို့ပေးပါတယ်။ လုံလောက်တယ် တော့မ ဟုတ်ဘူးပေါ့အထောက်အပံ့ရ ပါတယ်။နေ့စဉ်နှစ်မိုင်လောက်ဝေးတဲ့ စံပြရွာကချောင်းထဲကိုသွားတိုက်ရတာ။ေ၇အတွက်နဲ့လုံးပန်းနေရတော့တောင်သူ လုပ်ငန်းခွင်မှာထိခိုက်တာပေါ့။အားလုံးကိုကျေးဇူးတင်ပါတယ်''ဟုအုတ်ဖိုကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ရှိသူဦးလင်းအောင်မှပြောသည်။
အုတ်ဖိုကျေးရွာသည်အိမ်ထောင်စုပေါင်း၁ဝ၉အိမ်ရှိပြီးလူဦးရေ ၆၁၅ ဦးနေထိုင်ပြီး သိုး၊ဆိတ်၊ဝက်နှင့်နွားများတပိုင် တနိုင်မွေးမြူကြပြီး နှစ်စဉ်ရေရှားသည့်ပြဿနာနှင့် ယခုလို အချိန်ရောက်တိုင်းကြုံတွေ့နေရကြောင်း၊ အလားတူသမုန်းပင်ကျေးရွာအုပ်စု ကျွေးတူးကန်ကျေးရွာ သည်လည်းကြုံတွေ့ရမြဲဖြစ်ပါကြောင်းရေလှူဒါန်းနိုင်ရေးအကူအညီပေးနေသူနတ်မောက်မြို့မှ ဦးညွန့်ဝင်းအောင်ကပြောသည်။
ကျွေးတူးကန်ကျေးရွာသည်အိမ်ထောင်စုပေါင်း ၁ဝ၁စုနေထိုင်ကြပြီးလူဦးရေ ၅၇၆ဦးရှိကာသောက်သုံးေ၇ဖူလုံရေး အတွက်ရေတိုမဟုတ်ပဲ ရေရှည်ဖူလုံမှုရှိရေးကိုပါထည့်သွင်း စဉ်းစားပေးစေလိုကြောင်း၊ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးသန်းမောင်ကပြောသည်။ ကျွေးတူးကန်ကျေး၇ွာအတွက်ရေကားတစ်ခေါက်လျှင် ကားခ(၁၅ဝဝဝ/ိ)နှင့် အကုန်အကျခံကာ လှူဒါန်းပေး နေပါကြောင်းမိုးမကျမှီ အတွင်းရေဖူလုံစွာရရှိစေရေး အတွက်ဝိုင်းဝန်းကြိုးပန်းကြရန်အ ထူးလိုအပ်ကြောင်းမြို့နယ်အထောက်အကူပြုကော်မတီဝင်ဦးကျော်မောင်ကပြောသည်။
၂၆/၄/၂ဝ၁၃နေ့တွင်လည်းမကွေးတိုင်းဒေသကြီးအစိုးရမှ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းနှင့်အဖွဲ့သည်တာ ဝန်ရှိသူများလိုက်ပါလျှက်အဆိုပါဒေသသို့ သွားရောက်ကာဒေသခံပြည်သူများနှင့်တွေ့ဆုံပြီးလိုအပ်ချက်များဖြည်ဆည်းပေးနိုင်ရန်စီစဉ်မှာ ကြားခဲ့ကြောင်းသိရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်ကိုမှလည်း ယခင်ရက်များကပင် ကြိုတင်သွားရောက် ကာ ရေအတွက်ပံ့ပိုးမှုများ ပြုလုပ်နိုင်ရေးအတွက်သက်ဆိုင်သူများနှင့် ညှိနိုင်းမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။
ပေါ်ဦး(နတ်မောက်)
Myanmar News Now

သောက်သုံးရေခက်ခဲသော ကျေးရွာများသို့ ရေပေးဝေမှု လုပ်ငန်းများ နတ်မောက်တွင် ပြုလုပ်
Reviewed by သစ်ထူးလွင်
on
10:18
Rating: