နေပြည်တော်၊ ဧပြီ ၁၂
၁၂-၄-၂၀၁၃ ရက်နေ့ ၀၂၁၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်ကွက်၊ ချီပါရပ်၊ အကွက်အမှတ်(၄၇၂/၄၇၃)ရှိ နေအိမ်တစ်အိမ်မှ စတင်၍မီးလောင်ကျွမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ၏ ငြှိမ်းသတ်မှုကြောင့် ၀၃၀၀ အချိန် မီးညွန့်ကျိုးသွားပြီး ၀၄၂၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် နံကပ်တိုက်(၂၃)လုံး၊ အာစီတိုက်(၂)လုံး၊ တစ်ထပ်တိုက်(၅)လုံး၊ ထရံကာ/သွပ်မိုးနေအိမ်(၉၀)လုံး၊ စုစုပေါင်းအိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ပြီး လူအသေအပျောက်မရှိဘဲ ဆုံးရှုံးမှုတန်ဘိုးနှင့် မီးစတင်လောင်ကျွမ်းမှုအား မီးသတ်ဦးစီးဌာနမှ စုံစမ်းစိစစ်ဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မီးလောင်မှုကြောင့် အိမ်ခြေ(၁၂၀)ခန့် ဆုံးရှုံး
Reviewed by သစ်ထူးလွင်
on
08:38
Rating: