လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာရေးဂရုပြုသင့်

ဧပြီလ (၂၄)ရက်တွင် ငွေ ကျပ်(၁၅၀၀)တန်  CDMA 800 MHZ ဖုန်းများကို ချထားပေးခဲ့ ရာတွင် လူတန်းစားမျိုးစုံ ဖုန်းကိုင် နိုင်သောကြောင့် ဖုန်းများ တွင် ကျယ်လာမှုနှင့်အတူ ကျန်းမာ ရေးရှုထောင့်ကိုလည်း ဂရုပြုသင့် ကြောင်းစားသုံးသူကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဗအုပ်ခိုင်က ပြောသည်။

““အခုနောက်ပိုင်း ဖုန်းတွေ က တွင်ကျယ်ကျယ်ဖြစ်လာတယ်။ ကျန်းမာရေးရှုထောင့်ကိုလည်း ဂရုပြုသင့်တယ်။ တစ်ချို့က အိပ် ရာထဲထည့်အိပ်တယ်။ ဒီလိုထည့်  အိပ်တဲ့အခါမှာ အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်တတ် တယ်။ သတိမေ့ရောဂါတို့၊ အယ်လ် ဇိုင်းမားရောဂါ(ဦးနှောက်ရောဂါ ဖြစ်တက်တယ်။ တစ်ချို့သမီး ရည်စားတွေ ဖုန်းအကြာကြီးပြော တယ်။ ဒါကိုလည်း ဆင်ခြင်သင့် တယ်။ ဖြစ်နိုင်ရင် နားကြပ်နဲ့ ပြောတာအကောင်းဆုံးပဲ။ ဒီ အတိုင်းက မဖြစ်မနေပြောသင့် တယ်။ သံလိုက်စက်ကွင်းတွေက ဆိုးကျိုးဖြစ်စေတယ်။ လူတွေ အတွက် မရှိမဖြစ် လိုအပ်ပေမဲ့ ကျန်းမာရေးအရ ဂရုပြုသင့် တယ်””ဟု ၎င်းကပြောသည်။

၎င်းအပြင် တစ်ချို့သော လူကြီးများမှာ မိမိ၏ ကလေးငယ် များကိုပါ ဖုန်းများဝယ်ပေးလေ့ရှိ ရာ ထိုသို့ဝယ်ပေးခြင်းဖြင့် ကလေး ငယ်များ၏ ဦးခေါင်းအရည်ပြား မှာ လူကြီးများထက်ပိုပါးသော ကြောင့် လူကြီးများထက်ပို၍ရော ဂါဖြစ်တတ်ကြောင်း၊ အသက် (၁၀)နှစ်အောက်ကလေးများကို ဖုန်းဝယ်ပေးရန်မဆိုထားနှင့်ဖုန်း ဖြင့်ဂိမ်းဆော့ခြင်းကိုတောင် ခွင့် မပြုသင့်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

ယဉ်ပပထွန်း - Hot News Weekly


လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာရေးဂရုပြုသင့် လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာရေးဂရုပြုသင့် Reviewed by သစ်ထူးလွင် on 14:44 Rating: 5
Powered by Blogger.