နေပြည်တော်၊ ဧပြီ ၁၈
၁၆-၄-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံသို့ မိမိကိုယ်မိမိ မီးရှို့သည့်လူနာတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ပြင်ဦးလွင် ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)နေ၊ ကျော်ခိုင်(ခ) ကုလားဝါ(၂၂)နှစ်ဖြစ်ပြီး ၎င်း၏ မျက်နှာ၊ ရင်ဘတ်နှင့်လက်နှစ်ဖက်တို့တွင် အပေါ်အရေပြား မီးလောင်ဒဏ်ရာများရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
စစ်ဆေးချက်အရ ၁၄၄၅ အချိန် ကျော်ခိုင်(ခ)ကုလားဝါသည် အရက်မူးပြီးလင်မယားချင်းစကားများရာမှ နေအိမ်တွင် အသင့် ရှိနေသော ရေသန့်ဗူးဖြင့်ထည့်ထားသည့်ဓါတ်ဆီအား ခန္ဓာကိုယ်အပေါ်ပိုင်းနဖူးမှလောင်းချပြီး အသင့်ယူဆောင် လာသည့်မီးခြစ်ဖြင့် ခန္ဓာကိုယ်အားမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်ရဲစခန်း (ပ)၁၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

လင်မယားချင်းစကားများရာက မိမိကိုယ်ကိုမီးနှင့်ရှို့
Reviewed by သစ်ထူးလွင်
on
14:28
Rating: