နေပြည်တော်၊ ဧပြီ ၁၆
၁၅-၄-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းကလေးဆေးရုံ ၀န်ထမ်းအိမ်ရာနေ ဆရာဝန်ဖြစ်သူ မထက်ထက်ဝင်း(၃၂)နှစ်သည် နေအိမ်တွင်အရက်မူးပြီး အိမ်အသုံးအဆောင် ပစ္စည်းများအားရိုက်ခွဲဖျက်ဆီးနေသည့် ခင်ပွန်းဖြစ်သူ ရဲဝင်းလတ်(၃၁)နှစ်နှင့် စကားများရန်ဖြစ်စဉ် အိမ်သုံးတူဖြင့်ထုရိုက်ခဲ့သောကြောင့် ရဲဝင်းလတ်တွင် ဦးခေါင်းပြဲကြေမွဒဏ်ရာများရရှိ သေဆုံးသဖြင့် ရန်ကင်းကလေးဆေးရုံအုပ်ကြီး၊ ဒေါက်တာဇော်မြင့်လွင်က အရေးယူပေးရန်တိုင်တန်းခဲ့သောကြောင့် မထက်ထက်ဝင်းအား ရန်ကင်းရဲစခန်း(ပ)၉၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

လင်မယားချင်းစကားများရာမှ လင်အား မယားကသတ်
Reviewed by သစ်ထူးလွင်
on
14:31
Rating:
![လင်မယားချင်းစကားများရာမှ လင်အား မယားကသတ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHnFTkyOSlcskrHsOJkxqZPkssWOF68gCdFjsGJoRTfXkLfa2kqzjlsPHjnrJgVPGqPpQrOxiUlMPEUPPdOBWGzxU1gyAPQbYaYyBaIvNM2hPm8Fc5uXD_OrOFmESYmSUnm0wuYJq2aw8/s72-c/7day_11_29_1.jpg)