ယနေ့ ၁၂.၄.၂၀၁၃ သောကြာနေ့ ညနေ ၅:၃၀ နာရီ တွင် ကျွန်တော်မှ ပါရမီယာဉ်လိုင်း မှပြေးဆွဲနေသော ၁၇၄ ယာဉ်လိုင်းမှ ယာဉ်အမှတ် ၇ခ/၇၉၁၃ အား အုပ်ကျင်း မှတ်တိုင်မှ ရွှေဂုံတိုင်မှတ်တိုင်သို့ လိုက်ပါစီးနှင်းခဲ့ပါသည်။
ယာဉ်စီးခအား ၁၀၀၀ ကျပ်တန်နှင့်ပေးချေခဲ့ပီး ပြန်အမ်းငွေ ၈၀၀ကျပ်သာ ရရှိခဲ့ပါသည်။ ဖေါ်ပြပါ ပုံရှိ ယာဉ်နောက်လိုက် (အမည်မသိ) အား မည်သည့်အတွက်ကြောင့် ယာဉ်စီးခ ပိုမိုတောင်းခံရသည်ကို မေးမြန်းရာ အဆိုပါယာဉ်နောက်လိုက်မှ ဂတ်စ် ဖိုးမပြည့်၍ ပိုမိုတောင်းခံရပါသည်ဟု ပြောင်ပြောင်တင်းတင်းပင် အဖြေပေးခဲ့ပါသည်။
သို့ဖြစ်ပါ၍ ၇ခ/၇၉၁၃ ယာဉ်မှ ယာဉ်နောက်လိုက်အား အရေးယူပေးနိုင်ရန် အထက်ဌာန များသို့ တင်ပြတိုင်ကြားပေးပါ ခင်ဗျာ။
ခရီးသွားပြည်သူတဦး

ယာဉ်စီးခ ပိုမိုတောင်းခံ၍ တိုင်ကြားခြင်း
Reviewed by သစ်ထူးလွင်
on
22:05
Rating: