မထသ အဖွဲ့များ ကြော်ငြာချက်များနှင့် လုပ်ဆောင်ချက်များ ညီညွတ်ခြင်းမရှိ

သက်ဆိုင်ရာ အဖွဲ့အစည်းများမှ မဟာသင်္ကြန်ကာလများတွင် ယာဉ်စီးခနှုန်းထားများ တိုးမြင့်ခြင်းမပြုရန် တားမြစ်ထားသော်လည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှု နည်းပါးခြင်းကြောင့် နယ်မြို့များရှိ ယာဉ်လိုင်း အများအပြားမှာ ပုံမှန်ထက် တစ်ဆနီးပါးပို၍ လက်မှတ်ရောင်း ချနေမှုများကြောင့် ခရီးသည်တစ်ခိျု့မှာ ငွေကြေး မတတ်နိုင်ခြင်းကြောင့် အခက်အခဲများ ဖြစ်ကြရကြောင်း ဒေသခံများမှတစ်ဆင့် ကြားသိရသည်။

နတ်မောက်မြို့ မထသ အသင်းမှလည်း သင်္ကြန်အကြိုကာလများက ယာဉ်စီးခနှုန်းထားများ ပုံမှန်အတိုင်း ဆောင်ရွက်ရန် မြို့ပေါ်ရှိ အခြေစိုက် ဖွင့်ထားသော ကားဂိတ်များမှ ဂိတ်တာဝန်ခံများနှင့် ဖြတ်သန်းပြေးဆွဲ နေသော ယာဉ်လိုင်းများမှ တာဝန်ရှိသူများအား မထသရုံးတွင် စုစည်း၍ သဘောတူညီမှုများ ရယူထားခဲ့သော် လည်း လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုမရှိကြောင်း၊ အထူးသဖြင့် အထက်မင်းလှ နှင့် မကွေးအခြေစိုက် ယာဉ်လိုင်းများမှ တာဝန်ရှိသူအခိျု့မှာ နတ်မောက်မထသ၏ ကြီးကြပ်ညှိနှိုင်းထားမှုများကို ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ကြပြီး ထိန်းသိမ်းရာတွင် လိုက်နာမှုမရှိကြောင်း၊ တောင်တွင်းကြီးအခြေစိုက် ယာဉ်များနှင့် နတ်မောက် အခြေစိုက် ယာဉ်လိုင်းများဖြစ်သော မြို့သစ် -ဒဂုံနှင့် မြရတနာယာဉ်များမှ တာဝန်ရှိသူများ အနေဖြင့် ကြိုတင်ညှိနှိုင်းထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း နတ်မောက်မြို့ မထသ ဥက္ကဌ ဦးချင်ဟို မှပြောသည်။

အမည်မဖော်လိုသူ ဂိတ်တာဝန်ခံတစ်ဦးမှ '' ကျွန်တော်တို့အနေနဲ့ မထသရဲ့ လမ်းညွှန်မှုကို ဖောက်ဖျက် တာမဟုတ်ဘူး၊ လိုင်းပိုင်ရှင်က နတ်မောက်ရန်ကုန်ကို  ၁၂ဝဝဝိ/ရရင် ရောင်း၊ မရရင် လုံးလုံးမရောင်းနဲ့၊ ဖြစ်သမျှကို တာဝန်ယူတယ်၊ ကိုယ့်အလုပ်ကိုလုပ် လို့ပြောလာတော့ ကျွန်တော်တို့လည်း လိုင်းပိုင်ကခိုင်းတဲ့ အတိုင်း လုပ်ရတာပဲ '' ဟု ပြောသည်။

၎င်းမှဆက်လျက်၍ ပုံမှန်ဈေးနှုန်းမှာ ၆၅ဝဝိ/ ကျပ်ဖြစ်သော်လည်း လက်မှတ်ဈေးနှုန်း တိုးမြင့်ရောင်းချ ခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း၊ ၂၅ . ၄ . ၂ဝ၁၃ နေ့အထိ ခုံအပြည့် ကြားခုံပိါမကျန် ရောင်း ချ ထား ပြီးဖြစ်ကြောင်း '' ရှင်းပြသည်။

ယာဉ်ပိုင်ရှင်တစ်ဦးမှ သင်္ကြန်ကာလတွင် စက်သုံးဆီဈေုးနှုန်းများ မြင့်တက်နေခြင်းကြောင့် လည်းကောင်း၊ အများပြည်သူ အားလပ်ရက်များတွင် ယာဉ်လုပ်သားများအား အားလပ်ရက်မပေးဘဲ လုပ်ခကြေးငွေ ပိုမို ပေးကာ  ဆောင်ရွက်စေရခြင်းတို့ကြောင့် မိမိတို့မှာ ကုန်ကျစရိတ် များပြားကြောင်း၊ ၄င်းဝန်ဆောင်မှုများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာမှ ပြန်လည်စီစဉ်ပေးလျှင် ပိုမိုအဆင်ပြေနိုင်မည်ဟု ယူဆကြောင်း ပြောသည်။

မြရတနာ ဂိတ်မှုး ကိုငယ်လေးမှ ''ကျွန်တော်တို့ နတ်မောက်သားတွေက ပုံမှန်အတိုင်းဘဲ၊ အခြားကား တွေ ဈေုးနှုန်းတက်ရောင်းတာကို ဘယ်လိုအရေးယူဆောင်ရွက်မလဲ၊ကြည့်ရဦင်္းမယ်၊ သူများတွေလို မလုပ်တဲ့ အတွက် ရှင်းရှင်းပြောရရင် နစ်နာတယ်၊ လူကြီးတွေ အနေနဲ့ အပြောနဲ့အလုပ်ညီစေချင်တယ် ဟုပြောသည်။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် တစ်ဦးမှလည်း '' ဒီကိစ္စကို ဒီတိုင်းကြီးတော့ မပြီးစေခြင်ဘူး၊ တစ်ခိျု့ကားသမားတွေက  တော်တော်ရိုင်းတယ်၊ မင်းတို့ ဘာလုပ်ဦးမလဲ၊ လုပ်ချင်ရာလုပ် ဂရုမစိုက်ဘူး ဆိုပြီး ပြောတာတွေတောင်ရှိတယ်၊ ဒီကိစ္စတွေကို တိုင်းဒေသကြီးအစိုးရအဆင့်ထိ တင်ပြမယ် '' ဟုပြောသည်။

ပေါ်ဦး ( နတ်မောက် )
Myanmar News Now




မထသ အဖွဲ့များ ကြော်ငြာချက်များနှင့် လုပ်ဆောင်ချက်များ ညီညွတ်ခြင်းမရှိ မထသ အဖွဲ့များ ကြော်ငြာချက်များနှင့် လုပ်ဆောင်ချက်များ ညီညွတ်ခြင်းမရှိ Reviewed by သစ်ထူးလွင် on 02:57 Rating: 5
Powered by Blogger.