မတ်လ ၂၅ ရက် မနေ့ညက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင်အတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အဲ့ဒီခရိုင်အတွင်းက မြို့နယ် ၇ မြို့နယ်မှာ မတ်လ ၂၆ ရက် ဒီကနေ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း RFA သတင်း တရပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်ပံတန်းမြို့ ခံ ကိုအောင်အောင်သွင် ကတော့ လက်ပံတန်းမြို့ မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိကြောင်း နဲ့ တာဝန်ရှိသူတွေနှင့် မြို့ မိ မြို့ ဘ တွေ အေးချမ်းသာယာရေး အတွက် ပူးပေါင်းဆောင်ရွက် နေတယ်လို့  Myanmar News Now ကို ပြောပါတယ်။
RFA သတင်း အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
RFA သတင်း အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ယနေ့ ည လက်ပံတန်းမြို့ မြင်ကွင်း - ဓါတ်ပုံ - Myanmar News Now |
ပဲခူးတိုင်းမြို့နယ်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်
Reviewed by သစ်ထူးလွင်
on
00:55
Rating: