ပွင့်လင်းမြင်သာ ညီလာခံနှင့် ရှေ့အလားအလာ

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ရပ်တည်နေ သော နိုင်ငံရေး ပါတီတိုင်းသည် စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ စည်းရုံးပုံ၊ တင်ပြပုံ၊ ဆုံးဖြတ်ပုံ၊ လမ်းညွှန်ပုံ အစစတွင် ဒီမိုကရေစီနည်းကျနေရ မည်။ ပါတီ၏အားကို ပြည်သူထဲတွင် တည်ဆောက်ရမည်။ ပြည်သူအကြား ပါတီ၏ ပုံရိပ်ကို စတုတ်္ထမဏ္ဍိုင်ဖြစ် သော စာနယ်ဇင်းများတွင် မပြတ် စောင့်ကြည့် သုံးသပ်နေရမည်။ အကြောင်းရင်းမှာ နိုင်ငံရေးပါတီ တစ်ခုသည် အာဏာရှင်စနစ်၏ ထောင်ချောက်ထဲသို့ အချိန်မရွေးကျရောက်နိုင်လောက်အောင် သိမ်မွေ့၊ ထိရှလွယ်သော အခင်းအကျင်းကြီးက လွှမ်းခြုံနေသောကြောင့်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း ညီညွှတ်ရေးကို ပြိုကွဲပျက်စီး စေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများပြုလုပ်သည်ဟု အခိုင် အမာ သတင်းရရှိသဖြင့် အန်အယ်လ်ဒီ ညီလာခံကျင်းပရေး ကော်မရှင်က ညီလာခံ ကိုယ်စားလှယ်လေးဦးကို ဗဟိုညီလာခံ ကိုယ်စားလှယ်များ အဖြစ်မှ ရပ်စဲလိုက်ကြောင်း ကြေညာ ချက်သည် ပြည်တွင်းနိုင်ငံရေးကို အတော်အတန် လှုပ်ရှားစေခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံကျင်းပ ရေးကော်မရှင်သည် အောက်ခြေပါတီ အဖွဲ့အစည်းအဆင့်ဆင့်မှ အများဆန်္ဒ အရ ဒီမိုကရေစီနည်းကျ ရွေးချယ် ထားသော ညီလာခံကိုယ်စားလှယ်များ ကို မေးမြန်းစုံစမ်းခြင်းမရှိ၊ ကိုယ်စား လှယ်အဖြစ်မှ တစ်ချက်လွှတ် ရပ်စဲမှု သည် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီ မှုရှိ၊ မရှိ ပြန်လည်ဆန်းစစ်သင့်သည်ဟု အကဲခတ်များကတိုက်တွန်းကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ဒီမိုကရက်တစ် ပတ်ဝန်းကျင် တွင် ဒီမိုကရေစီနည်းကျ ဖွဲ့စည်း တည်ဆောက်နေသည့် နိုင်ငံရေးပါတီ ဖြစ်ပြီး၊ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနှင့် ပြုပြင်ပြောင်းလဲမှုကို ဇာတ် စီးနေသည့် နိုင်ငံရေးပါတီအနေဖြင့် ပါတီအောက်ခြေမှ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသူများကို သက် သေ အခိုင်အမာ ထုတ်ဖော်ခြင်းမရှိ၊ တရားမျှတစွာ ဖြေရှင်းခွင့်မပြု၊ တစ်ဖက်သတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ ခြင်းသည် ဒီမိုကရေစီအလေ့အထနှင့် လုံးလုံး ဆန့်ကျင်နေသည်ဟုမထောက် မညှာ ကောက်ချက်ပြုရမည် ဖြစ် သည်။

ဗဟိုညီလာခံကော်မရှင်၏ကြေညာ ချက်တွင် အဖွဲ့ချုပ်အတွင်း ညီညွတ် ရေးကို ပြိုကွဲပျက်စီးစေမည့် အပြု အမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသည်ဟု ဖော်ပြချက်သည် လည်း အငြင်းပွားဖွယ်ဖြစ်ပြီး ပွင့် လင်းမြင်သာမှုအပိုင်းတွင် အားနည်း လွန်းသည်ဟုလည်း သုံးသပ်ကြသည်။ ကိုယ်စားလှယ်များ၏ အဖွဲ့ချုပ်တွင်း ညီညွှတ်ရေးကို ပြိုကွဲစေမည့်လှုပ်ရှား မှုများနှင့် ပတ်သက်၍ ဗဟိုညီလာခံ ကော်မရှင် အနေဖြင့် ပိုမိုပြည့်စုံသော ရှင်းလင်းမှု ပြုလုပ်သင့်သည်ဟုလည်း ကောက်ချက်ပြုကြသည်။ ခေတ် ဟောင်းအစိုးရ အဆက်ဆက်သည် အမျိုးသား စည်းလုံးညီညွှတ်မှုကို ပျက်ပြားစေသည်ဟု ယူဆလျက် သို့မဟုတ် နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ထိပါးနှောင့်ယှက်လိုသူ များ၏ အန်္တရာယ်မှ ကာကွယ်သည်ဟု သတ်မှတ်လျက် ပြစ်မှုထင်ရှားခြင်းမရှိ၊ သက်သေ အထောက်အထားထင်ရှား ခြင်းမရှိ၊တရားမျှတစွာ ဖြေရှင်းခွင့်မရှိ မတရားဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ် ချမှတ်မှုများနှင့် နှိုင်းယှဉ်ချိန်ထိုး ပြန် လည် သုံးသပ်ကြည့်ရန် လိုအပ်မည် ဖြစ်သည်။ အဖွဲ့ချုပ်၏ ညီညွှတ်ရေးကို ထိပါး နှောင့်ယှက်လိုသူများ၏ အန်္တရာယ်မှကာကွယ်သည့် ပုဒ်မတပ် ခြင်းအသွင် ဆောင်နေမည်ဆိုလျှင် ဒီမိုကရေစီ လမ်းစဉ်နှင့် ဖီလာဆန့် ကျင်သွားနိုင်သည်ကို မျက်ချေမပြတ် သင့်ပေ။

ဒီမိုကရေစီလမ်းစဉ်နှင့် တည် ဆောက်မည့်နိုင်ငံရေးပါတီ၏ ပါတီ ၀င်များ၊ အဆင့်ဆင့်ခေါင်းဆောင်များ အကြားတွင် အမြင်၊ အယူအဆ မတူ မှုများ၊ ခြားနားမှုများရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုညီလာခံ ကိုယ်စားလှယ်များ အကြားတွင်လည်း အမြင်၊ အယူအဆ၊ သဘောထား ခြားနားမှုများရှိနေမည်မှာ မလွဲဧကန် ဖြစ်သည်။ အမြင်အယူအဆတူသော အစုအဖွဲ့များ၊ အုပ်စုများအလိုက် ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများ ရှိနေမည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ လွှတ်တော်ရွေးကောက်ပွဲ များ၊ သမ်္မတရွေးကောက်ပွဲများတွင် မဲဆွယ်စည်းရုံးမှုများ ရှိနေသည့် နည်းတူ ဒီမိုကရေစီနည်းကျ ဖွဲ့စည်း မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို ခေါင်းဆောင်များရွေးကောက်ပွဲ တွင်လည်း မဲဆွယ်စည်းရုံးမှုများ ရှိ နေမည်မှာ ဒီမိုကရေစီသဘောသဘာဝ ပင် ဖြစ်သည်။ ပါတီဗဟိုကော်မတီဝင် အဖြစ် မည်သူ့ကို မဲပေးရွေးချယ်သင့် သည်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် မည်သူ့ကို ရွေး ချယ်သင့်သည်၊ ပါတီဥက်္ကဋ္ဌ၊ အတွင်း ရေးမှူး မည်သူတို့ဖြစ်သင့်သည် စသည်တို့ကို လွတ်လွတ်လပ်လပ် ဆွေးနွေး ပြောဆိုနိုင်ခွင့်ရှိရမည်။ လွတ်လပ်စွာ မဲဆွယ်စည်းရုံးပိုင်ခွင့်ရှိရမည်။ အကယ်စင်စစ်၊ ပါတီခေါင်း ဆောင်များ ၏ အားနည်းချက်များ၊ လိုအပ်ချက်များကို ထုတ်ဖော်ဆွေးနွေး ခြင်းသည် ပါတီညီညွှတ်ရေးကိုပြိုကွဲ အောင်လုပ်ခြင်းမဟုတ်။ ပါတီတွင်း ဒီမိုကရေစီနှင့် နိုင်ငံရေးရင့်ကျက်မှုကို တည်ဆောက်ခြင်းဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း၊ အာဏာရှင်စနစ် ၏ လုပ်ထုံး လုပ်နည်းများအတိုင်း ပြန် အသက်ဝင်လာနိုင်သည့်အန်္တရာယ် ရှိနေသည်ကို သတိရှိရှိစောင့်ကြည့် ရမည်။

အန်အယ်လ်ဒီပါတီ၏ နိုင်ငံလုံး ဆိုင်ရာညီလာခံကျင်းပရန် သုံးရက် အလိုတွင် ကိုယ်စားလှယ်လေးဦးကို အရေးယူမှုသည် လာမည့်ညီလာခံ ရက်များအတွင်း စွာကျယ်စွာကျယ်၊ လူတွင်ကျယ် လုပ်မည့်သူများကို ကျောင်းမှန်းကန်မှန်းသိအောင် ကြို သတိပေးချင်ပုံရသည့် အပြုအမူဖြစ် နိုင်သည်ဟုလည်း အချို့က သုံးသပ် ကြသည်။ အန်အယ်လ်ဒီအနေဖြင့် ဒီမိုကရေစီနည်းကျ ပါတီညီလာခံလုပ် ဖို့ အဆင်သင့်မဖြစ်ဟု ယူဆလျှင် လည်း ရက်ရွှေ့ဆိုင်းပြီး ပါတီကို ဗဟိုဦးစီးစနစ်နှင့် ဆက်လက် ထိန်း ကျောင်းနိုင်ပါသည်။ သို့သော် ယခု ကြားသိ၊ မြင်ရသောအကြောင်းအရာ များသည် သာမန်အားဖြင့် တစ်ပါတီ အာဏာရှင်စနစ် ကျင့်သုံးနေသည့် နိုင်ငံများ၏ ပါတီညီလာခံများတွင်ပင် တွေ့ရခဲသော စီမံခန့်ခွဲမှုလွဲချော်မှုကြီး၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြီး ဖြစ်သည့် အပြင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း တွင် နင်လားငါလား အလုပ်လုပ်နိုင် သော နိုင်ငံရေးသမားကောင်းများ ရှားပါးနေဆဲဖြစ်ကြောင်း မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

အတည်မပြုနိုင်သော ကောလာ ဟလဆန်ဆန် သတင်းများအရ အဖွဲ့ ချုပ်ဗဟိုညီလာခံ ကိုယ်စားလှယ်အချို့ သည် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြစ်တင်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ပါတီခေါင်းဆောင် ဟောင်းများအား ပါတီခေါင်းဆောင် နေရာများမှ ဖယ်ရှားရန်အထိကြိုတင် ပြင်ဆင်ခဲ့ကြသည်ဟု စွပ်စွဲရေးသား ခဲ့ကြသည်။ ပါတီခေါင်းဆောင်ကို အောက်ခြေ ခေါင်းဆောင်များက ဝေဖန် သုံးသပ်မှုသည် တားမြစ်ရမည့် ကိစ်္စ မဟုတ်သည့်အပြင် ပါတီတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် အား ပေးရမည့်ကိစ်္စဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ ခေါင်းဆောင်နေရာမှ ဖယ်ရှားရေး သည် အခြေအမြစ်မရှိသော ပုံကြီးချဲ့ ဇာတ်လမ်းတစ်ခု ဖြစ်နိုင်သည်ကို လည်း ထည့်သွင်းစဉ်းစားသင့်သည်။ ယခင်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့သည့်နည်းဟောင်းအတိုင်း ပြဿနာ ကို ကြီးသထက်ကြီးအောင် ချဲ့ပြီး ပါဝင်ပတ်သက်နေသူများကို ပါတီ ခေါင်းဆောင်များနှင့် ပါတီကို သစ်္စာ ဖောက်သူများ၊ ညီညွှတ်ရေးဖြိုခွဲသူ များ အသွင်ဖြစ်အောင် ဖန်တီးစွပ်စွဲ ခြင်းသည်တစ်ပါတီစနစ်၊ အာဏာရှင် စနစ်များ၏ ၀ိညာဉ် ဟောင်းပူးကပ် နေသော လုပ်ရပ်များဟု သုံးသပ်နိုင် သည့် အနေအထားတွင်ရှိနေသည်။

ပကတိအခြေအနေကို အသေအချာ ဆန်းစစ်လျှင် အန်အယ်လ်ဒီပါတီ၏ ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ ခေါင်းဆောင်နေရာမှ ဖယ်ရှား ရေးသည် လုံးဝဖြစ်နိုင်မှုမရှိကြောင်း အားလုံးသိပြီးဖြစ်သည်။ ပါတီတွင်း အမြင် အယူအဆ မတူသောအစုအဖွဲ့ တစ်ခုက အဆိုတင်သွင်းလုပ်ဆောင် လာလျှင်လည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး စနစ်တကျဆွေးနွေးခွင့်ပြု ရမည်ဖြစ်သည်။ နောက်ဆုံးပါတီတွင်း မဲခွဲလျှင် အဆိုပါအစုအဖွဲ့သည်အနည်း စုဖြစ်သဖြင့် အများဆန်္ဒအတိုင်းအဖြေ ထွက်လာမည်မှာ မလွဲသောကိစ်္စဖြစ် သည်။ လက်ရှိအခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် အဖြစ်မှ ဖယ်ရှားရန်ဆိုသည့်အချက် သည် နိုင်ငံရေးလှည့်စားမှု၊ နိုင်ငံရေး ခြေထိုးမှု၊ နိုင်ငံရေးအကွက်ဆင်မှု တစ်ခုခုတို့နှင့် ပတ်သက်ကောင်း ပတ်သက် နေနိုင်သည်ကိုလည်း မျက်ချေ မပြတ်သင့်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားပြုစုသော ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း အဘိဓမ်္မာအရ အာဏာရှင်စနစ်ကို ဝေဖန်ဖို့၊ ထောက် ပြဖို့၊ ဖိနှိပ်ချုပ်ချယ်သူများကို ဝေဖန် အံတုဖို့၊ ကြောက်ရွံ့နေခြင်းမှ ကင်း လွတ်ရမည်ဟု ဆိုလိုသည့်နည်းတူ ပကတိနိုင်ငံရေး ပတ်ဝန်းကျင်တွင် လည်း ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် ပါတီခေါင်းဆောင်များအား ဝေဖန်ဖို့၊ ထောက်ပြဖို့ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိရဟု ဆိုလို ရင်းဖြစ်သည်။ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်နိုင်ရန် ကိုယ့်ကို အတိုက် အခံလုပ်မည့်သူများ၊ ဆန့်ကျင်မည့်သူ များ၏ ပါးစပ်ပေါက်များကို ဖွင့်ထား ပေးရန်နှင့် သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးဖို့ ကြောက်ရွံ့ခြင်းမရှိ အောင် တိုက်တွန်းအားပေးရန်လည်း အလွန်အမင်းလိုအပ်ပါသည်။

ပါတီတွင်း အုပ်စုချင်း၊ အစုအဖွဲ့ ချင်းဆက်ဆံရေးတွင် အားကြီးသော၊ အခွင့်သာသောအစုအဖွဲ့က အားနည်း သောအစုအဖွဲ့ကို ထိုးချလိုက်သည့် ပုံစံမျိုး ဖြစ်သွားမည်ဆိုလျှင် ပါတီ တွင်း ဂိုဏ်းဂဏ စိတ်ဓာတ်များ၊ သင်းကွဲစိတ်ဓာတ်များ အားကောင်း လာနိုင်ပြီး အဖွဲ့ချုပ်၏ညီညွှတ်ရေးကို ပိုမို ကျိုးပေါက်လာစေနိုင်သည့်အပြင် အဖွဲ့ချုပ်၏ ပြည်သူလူထုအကြား ပုံ ရိပ်ကိုလည်း ထိခိုက်လာနိုင်ဖွယ် ရှိ သည်မှာ မငြင်းနိုင်သောအချက် ဖြစ် သည်။

ဒီမိုကရက်တစ်ဝန်းကျင်၌ ပြဿနာ များ၊ ပဋိပက်္ခများကို လက်တွေ့ဖြေရှင်း ရာတွင် ဝေဖန်လိုသူများ၊ ပြုပြင် ပြောင်းလဲလိုသူများ၊ ပြောရဲဆိုရဲရှိ သူများ၊ ပြောနိုင်ဆိုနိုင်ရှိသူများကို ဘေးဖယ် ထုတ်သည့်ဗျူဟာမျိုးကို မကျင့်သုံးမိရန် အထူးလိုအပ်သည်။ ကိုယ်နှင့် မတူသူကို ကိုယ့်ရန်သူ သဖွယ် သတ်မှတ်ပြီး အခွင့်အရေးရ တိုင်း အဖွဲ့ချုပ်ညီညွတ်ရေးပြိုကွဲပျက် စီးစေနိုင်မှုကို ခေါင်းတပ်ပြီး၊ ပါတီ တွင်းအရေးယူမှု၊ ပါတီမှဖယ်ရှားမှု များ ပိုမို ဖြစ်လာနိုင်သည်ကိုလည်း စောင့်ကြည့် ထိန်းကျောင်းသင့်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ အာဏာရှင်ခေတ်တွင် ဦးနေ၀င်း ဦးဆောင်လုပ်ခဲ့သော ပါတီ သန့်စင်ရေးဇာတ်လမ်းတွဲများကို သိမီလိုက်သူများက ကောင်းကောင်း သဘောပေါက်နိုင်မည် ထင်ပါသည်။ ပါတီတွင်း မိမိနှင့်မိမိအုပ်စု ပါတီ တွင်း အာဏာချုပ်ကိုင်နိုင်ရေးအတွက် မတူသူများ၊ မညီသူများကို ညီညွှတ် ရေးဖြိုခွဲသူအဖြစ် တံဆိပ်ကပ်လျက်၊ ပါတီထဲမှ သန့်စင်ပစ်ခြင်းသည် တစ် ပါတီ အာဏာရှင်များ၏ လုပ်ထုံးလုပ် နည်းများနှင့် ခြားနားမှုအလျှင်းမရှိဟု ကောက်ချက်ပြု သုံးသပ်ရမည်ဖြစ် သည်။

နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပမည့် ရက်များတွင် ဧရာဝတီ တိုင်း၊ မြို့နယ်အချို့မှ ပါတီဝင်များ သည် ညီလာခံကျင်းပမည့် တော်ဝင် နှင်း ဆီခန်းမရှေ့တွင် တရားဝင်ခွင့် ပြုချက်ရယူပြီး လာရောက်ဆန်္ဒထုတ် ဖော်မည်ဟုလည်း သတင်းများထွက် ပေါ်နေခဲ့သည်။ ဒီမိုကရေစီစနစ်သို့ သွားရာလမ်းတွင် ဒီမိုကရေစီနည်းကျ ဆန်္ဒထုတ်ဖော်မှုများကို ပစ်ပယ်၍မရ သည်မှာလည်း အရှိတရားဖြစ်သည်။ အဆိုပါ ဆန်္ဒထုတ်ဖော်မှုများကိုအခြား အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူပုဂ်္ဂိုလ်များ၏ သွေးထိုးလှုံဆော်အား ပေးမှုကြောင့် ဖြစ်သည်ဟု ကောက် ချက်ပြုလျှင် ယခင်အစိုးရအဆက် ဆက်က အတိုက်အခံအင်အားစုများ၏လှုပ်ရှားမှုများအပေါ် ပြုခဲ့သော ကောက်ချက်နှင့် တစ်ထပ်တည်း တူ နေမည်ဖြစ်သည်။ ဒီမိုကရက်တစ် ပတ်ဝန်းကျင်တွင် လွတ်လပ်စွာဆန်္ဒ ထုတ်ဖော်ခွင့်ကို အသိအမှတ်ပြုရေး သည် အရေးကြီးသည့်အလျောက် အန်အယ်လ်ဒီပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံရက်များအတွင်း ဆန်္ဒထုတ် ဖော်လှုပ်ရှားမှုများကို လူနည်းစု၏ဆန်္ဒပင်ဖြစ်လင့်ကစား အလေးထားရ မည်ဖြစ်သည်ဟုထင်မြင်မိပါသည်။

၈၈ မျိုးဆက် အဖွဲ့ဝင်များ လွတ် ခါစက အန်အယ်လ်ဒီပါတီထဲ ၀င်ဖို့ တိုက်တွန်းခဲ့သလို တကယ် အန် အယ်လ်ဒီထဲ ၀င်ဖြစ်ခဲ့လျှင် အခုအချိန် သူတို့၏ နိုင်ငံရေးသြဇာများလည်း ဈာန်လျှောကျနေလောက်ပြီဟု နိုင်ငံ ရေးပိုးကြီးသူတစ်ဦး၏ သုံးသပ်ချက် ကို အမှတ်ရမိသည်။ နိုင်ငံရေးရေတိမ် နစ်ခြင်း၊ နိုင်ငံရေးလောင်းရိပ်မိခြင်းတို့သည် ဒီမိုကရေစီအပြောင်းအလဲ အတွက် အကျိုးထက်၊ အဆိုးဖြစ်နိုင် ခြေများသည်ဟု သတ်မှတ်နိုင်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လက်ရှိပုံစံ လမ်းကြောင်းအတိုင်းဆက် သွားမည်ဆိုလျှင် ပြည်သူလူထု၏ ထောက်ခံမှုနှင့် ယုံကြည်မှု ကျဆင်း လာမှုဒဏ်ကို အနှေးနှင့်အမြန် ရင် ဆိုင်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်ကို ယုံကြည်ထောက်ခံသဖြင့် အန်အယ်လ်ဒီ အလံအောက်ရောက်လာ သော ပြည်သူလူထုကို ထိထိရောက် ရောက် မစည်းရုံးနိုင်လျှင်၊ စိတ်ပျက် လက်ပျက် ဖြစ်အောင်လုပ်လျှင် အန် အယ်လ်ဒီပါတီသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီတွင် အခွံသက် သက်နိုင်ငံရေးပါတီ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟုလည်း အကဲခတ်များက သုံးသပ်ကြသည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာ့နိုင်ငံ ရေး ပတ်ဝန်းကျင်တွင် အာဏာရှင် စနစ်တစ်လျှောက် ခေါက်ရိုးကျိုးလာ နေသော အလေ့အထများ၊ အမူအကျင့် များကို မပြုပြင်နိုင်သရွေ့ ပြုပြင် ပြောင်းလဲရေးသည် ဗဟိဒ်္ဓအားဖြင့် ရွေ့လျား ပြောင်းလဲနေသည့် အသွင် ဆောင်နိုင်သော်လည်း၊ အဇ်္ဈတ်္တအား ဖြင့် အပြောင်းအလဲမရှိ၊ ရွေ့လျားမှုမရှိ ဖြစ်နေနိုင်သည်ကို သတိပြုသင့်သည်။ လက်တွေ့ကျကျ ရွေ့လျားပြောင်းလဲ နေသောနိုင်ငံရေး ဖြစ်စဉ်ထဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သမိုင်းဝင်ပထမအကြိမ် ပါတီညီလာခံ သည် ပွင့်လင်းမြင်သာမှုအားကောင်း နေရန်နှင့် ဒီမိုကရေစီ ကျင့်စဉ်များ နှင့် လွှမ်းခြုံထားရန် အထူးလိုအပ်လိမ့် မည်ဟု ကောက်ချက်ပြုမိပါသည်။

ဒေါက်တာရန်မျိုးသိမ်း

True News အတွဲ၅၊ အမှတ်၂၃ တွင်ဖော်ပြပါရှိသည့်ဆောင်းပါး


ပွင့်လင်းမြင်သာ ညီလာခံနှင့် ရှေ့အလားအလာ ပွင့်လင်းမြင်သာ ညီလာခံနှင့် ရှေ့အလားအလာ Reviewed by သစ်ထူးလွင် on 16:28 Rating: 5
Powered by Blogger.