အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့သည်တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင်ကာတွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့တွင် ကချင်ပြည်နယ်စစ်ဆင်ရေးဆိုင်ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။
7Day News Journal
အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု ဓာတ်ပုံများ
|
ဆွေးနွေးပွဲသို့တက်ရောက်လာသော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး။
ဓာတ်ပုံ- အေးမြကျော် - 7Day News Journal |
|
ဆွေးနွေးမည့် အစည်းအဝေးခန်းမတွင်တွေ့ရသော ၀န်ကြီးဦးအောင်မင်း ၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်။ ဓာတ်ပုံ- အေးမြကျော် - 7Day News Journal |
|
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့ကို အစည်းအဝေး မရမီ တွေ့ရစဉ်။ ဓာတ်ပုံ- အေးမြကျော်7Day News Journal |
|
ဆွေးနွေးပွဲသို့တက်ရောက်လာသော ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့်အဖွဲ့။ ဓာတ်ပုံ- အေးမြကျော် 7Day News Journal
|
|
ဆွေးနွေးပွဲမစတင်မီ ၀န်ကြီးဦးအောင်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဗိုလ်ချုပ်ဂွန်မော်(နောက်ကျောပေးထားသူ) တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- အေးမြကျော် - 7Day News Journal |