စစ်ခုံရုံးခေတ် နစ်နာမှုများကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် မရှိ

အရင် အစိုးရ လက်ထက်က စစ်ခုံးရုံးများဖြင့် စစ်ဆေးစီရင် ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး သင်္ဃန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ မေးမြန်း ခဲ့တဲ့အပေါ် ပြန်လည် သုံးသပ်ပေးဖို့ အစီအစဉ် မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီးဦးစိုးညွန့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်ခုံရုံးနဲ့ အကျဉ်းထောင် အထူးရုံးတွေမှာ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် နစ်နာဆုံးရှုံးခဲ့ရတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ခံစားခွင့် ပေးနိုင်ရေးနဲ့ ပတ်သက်ပြီး အစီစဉ်ရှိမရှိ မေးမြန်းခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

by ကို​ထွေး​ (ဒီဗွီဘီ)

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ




စစ်ခုံရုံးခေတ် နစ်နာမှုများကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် မရှိ စစ်ခုံရုံးခေတ် နစ်နာမှုများကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် မရှိ Reviewed by သစ်ထူးလွင် on 21:37 Rating: 5
Powered by Blogger.