၂၀၁၃ ခုနှစ် မတ်လ ၉ ရက်
ယနေ့ မနက် ၉ နာရီ တွင် ပဲာဟိုးမြို့ လေသာ ဘုန်းတော်ကြီးကျောင်းတွင် မြေယာ ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့သော မြေယာဥပဒေ များကို ဒေသခံ တိုင်းရင်းသားတောင်သူများ သိရှိရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဟဲဟိုးကျေးရွာအုပ်စု/ ဘော်ဆိုင်း/ ရွှေညောင်/ အောင်ပန်း/ ရွာငံ/ အင်းလေးဟော်တယ်ဇုံ ဒေသခံ တောင်သူ (၅၀) ဦးခန့် တက်ရောက် ဆွေးနွေးကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစု မှ ကိုညီညီမိုး ကပြောပါသည်။
ဥပဒေ ၏ အားသာချက် အားနည်းချက်များကို သိရှိရန်လိုအပ်ကြောင်း တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးသော ဥပဒေများပေါ်ပေါက်ရန်လိုအပ်ကြောင်း တရားလွတ်တော်ရှေ့နေ ဦးမြင့်သွင် မှ တက်ရောက် လာသော တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ထိ ၂ ရက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
သတင်း -- စိုင်းလျံ (တောင်ကြီး)

မြေယာဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ
Reviewed by သစ်ထူးလွင်
on
20:53
Rating: