၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင်

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ဖော်ဆောင်ရေး ခရီးစဉ် အဖြစ် ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၈၈မျိုးဆက် ငြိမ်းချမ်းပွင့်လင်းခရီးစဉ်(တောင်တွင်းကြီးမြို့) ဓါတ်ပုံ - 88 Generation Students

မင်းကိုနိုင်ခေါင်းဆောင်သော ၈၈မျိုးဆက်ကျောင်းသားများသည် ဖေဖေါ်ဝါရီလ၊(၇)ရက်နံနက်(၉း၂၀)နာရီတွင် မကွေးတိုင်း တောင်တွင်းကြီးမြို့သို့ရောက်ရှိခဲ့ကြပြီး မကွေးတိုင်းမြို့သစ်မြို့မှရောက်ရှိလာသည့် ကိုကိုကြီးဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများနှင့်အတူ တောင်တွင်းကြီးမြို့ သီရိမင်္ဂလာတိုက်သစ်ကျောင်းတိုက်အတွင်း ကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားများ၏ တောင်တွင်းကြီးမြိုံ့နယ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး ဟောပြောပွဲအခမ်းအနား သို့တက်ရောက်ဆွေးနွေး ဟောပြောခဲ့ကြသည်။ ယင်းဆွေးနွေးဟောပြောပွဲတွင် ပထမဦးစွာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဂျင်မီက ဒေသခံပြည်သူများနှင့် ၈၈မျိုးဆက်များကို တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ယင်းနောက် ၈၈မျိုးဆက်ကျောင်းသားများ၏ အမျိုးသမီးရေးရာအဖွဲ့မှ မမီးမီးနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး နှင့်မင်းကိုနိုင်တို့က ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာများကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ၈၈မျိုးဆက်ကျောင်းသားများသည် တောင်တွင်းကြီးမြိုံ့ရှိ လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြကာ ရှေးဟောင်း ဗိဿနိုးမြို့သို့လေ့လာရေးသွားရောက်ခဲ့ကြပြီး ပဲခူးတိုင်းပြည်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။

၈၈မျိုးဆက် ငြိမ်းချမ်းပွင့်လင်းခရီးစဉ် (ပြည်မြို့) ဓါတ်ပုံ - 88 Generation Students
မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများသည်ဖေ ဖေါ်ဝါရီလ၊(၇)ရက် နေ့လည်ပိုင်းက တောင်တွင်းကြီးမြို့မှ ဗိဿနိုးမြို့ဟောင်းကိုလေ့လာခဲ့ကြပြီးနောက် ပဲခူးတိုင်းပြည်မြို့သို့ထွက်ခွာလာခဲ့ရာ ညနေ(၆း၃၀)နာရီတွင်ပြည်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ၄င်းနောက် ည(၈း၃၀)နာရီတွင် ပြည်မြို့ မဟာသုခဇောတိက သုံးထပ်ကျောင်းသို့ရောက်ရှိခဲ့ကြပြီး ဆရာတော်ကြီးအားဖူးမြော်ကြည်ညို၍ လှုဖွယ်ပစ္စည်းများဆပ်ကပ်လှုဒါန်းခဲ့ကြသည်။ ဆက်လက်၍ အဆိုပါကျောင်းတိုက်တွင်ကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင်လင်းလူ့အဖွဲ့အစည်းဟောပြောဆွေးနွေးပွဲ သို့တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဂျင်မီက ဒေသခံပြည်သူများနှင့် ၈၈မျိုးဆက်များကို တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ထို့နောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့် ကိုမြအေးတို့က ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာများကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကာ ဒေသပြည်သူတို့၏ သိရှိလိုသည့်မေမြန်းချက်များကို မင်းကိုနိုင်၊ ကိုကိုကြီးနှင့် မျိုးသန့်(တောင်သူလယ်သမားရေးရာ)တို့ကပြန်လည်ဆွေးနွေဖြေကြားခဲ့ကြသည်။




၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင် ၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင် Reviewed by သစ်ထူးလွင် on 06:55 Rating: 5
Powered by Blogger.