မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ် တွင် နှစ်ပေါင်း(၅၀)ကျော် ကြာမြင့်စွာ နေထိုင်
လုပ်ကိုင် ခဲ့သော မုံ့တီမုန့်ဖတ်လုပ်ငန်း အား(၅..၁..၂၀၁၃)နေ့တွင် မြို့နယ် အမှုဆောင်အရာရှိ ဦးမြင့်သိန်းမှ လက်ရှိနေထိုင်ရာမှ မနေရ မလုပ်ရ ဟု အမိန့်ပေးပြောဆိုလာပါတယ်။
ကျနော်တို့၏ မုန့်တီဖတ်လုပ်ငန်း မှီခိုနေထိုင်ကြ သောအလုပ်သမား မိသားစုများနှင့်ကျနော်၏ မိသားစုတို့အခက်အခဲ ကြုံနေရပါတယ်။
ရေဆိုးထုတ်မြောင်း ၏ အနက်မှာ လူ့တရပ်ကျော် တူးဖေါ်ရှိနေခဲ့ပါသော်လည်း အမှိုက်များစည်ကမ်းမဲ့ လာရောက် စွန့်ပစ်နေခြင်းအား တားမြစ်ခြင်း၊ ပြန်လည်တူး ဖေါ်ပေးခြင်း မလုပ်ဆောင်ခဲ့ပါသော်ကြောင့် ရေစီးရေလာ မကောင်းမွန်ခဲ့ပါ။
ထို့ကြောင့် အနံ့ အသက်ရှိနေသည်ဟု မယူဆ ပဲ၎င်းနားနေထိုင်လုပ်ကိုင် သူများအားအပြစ်ရှာဖယ်ခိုင်းနေခြင်းသည် တရားမျှတခြင်မရှိပါ၊ နိုင်ငံတော်သမ္မတကြီး
၏ ဆင်းရဲနွမ်းပါးမှုလျော့ကျ စေရေးမူဝါဒ၊ တိုင်းသူပြည်သားများ အလုပ်လက်မဲ့
လျော့နည်းစေရေးမူ၊ များအားအောက်ခြေ မှပယ်ဖျက်နေသကဲ့သို့ဖြစ်နေပါတယ်။
မိဘစဉ်ဆက် နေထိုင်လုပ်ကိုင်လာသော နေရာ မှဇွတ် အဓမ္မရွေ့ပြောငိးခိုင်းနေခြင်းများ
သည်လည်း ကျနော်တို့ မဲပေးတင်မြှောက်ခဲ့သော အစိုးရအနေဖြင့်သိစေချင်ပါတယ်။
၎င်းနေရာတွင်မုံ့တီမုန့်ဖတ်လုပ်ငန်းစုပေါင်းလုပ် ကိုင်ကြသောသူများမှာ ဦးဝင်းမောင်၊ ဦးမောင်ရီ၊ ဦးကြင်ယု၊ ဦးကျော်မိုး၊ ဦးမောင်ဝင်း၊ ဦးကျော်ငြိမ်း နှင့်ကျနော် ဦးဝင်းအောင်(မိဘအမွေဆက်ခံသူ)တို့နေထိုင်လုပ်ကိုင် ကြပါတယ်။
သက်ဆိုင်ရာများအနေနှင့်ကျနော်နှင်တကွလုပ်ကိုင် နေထိုင်ကြသော သူ များနှင့်လုပ်ကိုင်သူ မိသားစုများအား ငဲ့ညှာ သနားပေးသင့်ပါကြောင်း အသိပေးတင်ပြခြင်း ဖြစ်ပါတယ်ခင်ဗျာ။။
ဦးဝင်းအောင်
၉/၀တန(နိုင်)၀၃၁၇၅၆
အမှတ်၂၄၀ ။ ဘင်လှိုင်ရပ်ကွက်
ဝါ၀ါဝင်းမုံ့တီချောင်။သထုံမြို့
ဆက်သွယ်ရန်။ ။၀၉-၄၇၂၃၄၁၁၇ ။၀၉- ၄၀၂၆၆၄၆၀၅

သထုံ မုန့်တီဖတ်လုပ်ငန်း စည်ပင်သာယာ မှ ဖယ်ထုတ်နေ
Reviewed by သစ်ထူးလွင်
on
11:10
Rating: