ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး

ဟဲဟိုး၊ ဖေဖော်ဝါရီ ၁၉

ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုး ယာဉ်လိုင်းမှ ခရီးသည်တင် လေအိတ်ကား တစ်စီးနှင့် ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့် အဖော်တစ်ဦးတို့ စီးနင်း လာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း ရပ်ကွက် ကံတလိ ဘုန်းကြီးကျောင်း အနီး ကားလမ်းမပေါ်တွင် မျက်နာချင်း ဆိုင်တိုက်မိ ခဲ့ကြောင်း ဟဲဟိုး သတင်းထောက်မှ သတင်းပေးပို့သည်။

တိုက်မိသည့် အရှိန်မှာပြင်းထန်သဖြင့် ဆိုင်ကယ်စီး လာသူနှစ်ဦးမှာ အခင်းဖြစ်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ခရီးသည်တင် ကားပေါ်တွင် ပါလာသည့် ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပါ။ ဆိုင်ကယ်ကို ကား၏ ညာဘက်ခြမ်းနင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

သတင်း+ဓာတ်ပုံ - ထူးအိမ်သွင်

Popular Myanmar News Journal




ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး Reviewed by သစ်ထူးလွင် on 11:52 Rating: 5
Powered by Blogger.