လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်(၆)လုံးပျက်စီး

၂၀-၂-၂၀၁၃ရက်နေ့ ၁၃၃၀အချိန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် ဇင်းကျိုက်ကျေးရွာ၊ အမှတ်(၁၂)ရပ်ကွက်ရှိ ဦးစိုးမြင့်(၆၈)နှစ်၊ ဦးမောင်ကြီး(၅၂)နှစ်တို့၏ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ် ၂ လုံး၊ (၁၃)ရပ်ကွက်ရှိ ဦးတက်ဦး(၅၄)နှစ်၏ ပျဉ်ခင်း၊ အုတ်ကာ၊ သွပ်မိုးနေအိမ် ၁ လုံး၊ (၁၆)ရပ်ကွက်ရှိ ဒေါ်နုရင်(၆၃)နှစ်၊ မင်းမင်း(၄၀)နှစ်တို့၏ ပျဉ်ခင်း၊ ပျဉ်/အုတ်ကာ၊ သွပ်မိုးနေအိမ် ၂ လုံး၊ (၁၉)ရပ်ကွက်ရှိ ဦးပျော့(၅၂)နှစ်၏ ပျဉ်ခင်း၊ ဇလီကာ၊ သွပ်မိုးနေအိမ် ၁ လုံး၊ စုစုပေါင်းနေအိမ် ၆ လုံး၊ တန်ဘိုးငွေကျပ်(၁၇၀၀၀၀၀ိ/)ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည် (facebook)


လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်(၆)လုံးပျက်စီး လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်(၆)လုံးပျက်စီး Reviewed by သစ်ထူးလွင် on 20:38 Rating: 5
Powered by Blogger.