ဗြိတိသျှ မင်းသား အော်စကာ စံချိန်တင်

၈၅ ကြိမ်မြောက် ဟောလီးဝုဒ် အော်စကာ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ ဗြိတိသျှ သရုပ်ဆောင် ဒန်နီရယ်လ် ဒေးလူးဝစ်က အကောင်းဆုံး သရုပ်ဆောင်ဆုကို သုံးကြိမ် မြောက် ဆွတ်ခူး ရရှိသွားတဲ့ အတွက် ဟော်လီးဝုဒ်မှာ ပထမဆုံး သမိုင်းဝင် သွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း - ဓါတ်ပုံ ( ဘီဘီစီ )

အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရသွားသူကတော့ ဂျင်နီဖာ လောရင့်စ်ပါ။ Silver Linings Playbook ဇာတ်ကားမှာ ခင်ပွန်းသည်သေဆုံးပြီး စိတ်ဝေဒနာကို အနိုင်နိုင်ကျော်လွှားခဲ့ရသူ တယောက် အဖြစ်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆုယူဖို့ လှေကားပေါ်အတက် ခြေချော်သွားခဲ့ရလို့ နဲနဲ လဲ ရှက်သွားခဲ့ရပါတယ်။

အီဘရာဟမ် လင်ကွန်း ဇာတ်ကားမှာ အမေရိကန် သမ္မတ အဖြစ် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့
အော်စကာဆုရှင်တွေ ဇာတ်စင်နောက်မှာ တပျော်တပါး။

ဗြိတိသျှအဆိုတော် အဒဲလ်က အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုကို ဂျိမ်းစ်ဘွန်းကား Skyfall နဲ့ ဆွတ်ခူးသွားပါတယ်။
အဓိက ဆုကြီးတခုဖြစ်တဲ့ အကောင်းဆုံး ဇာတ်ကားဆုကိုတော့ မင်းသား၊ ဒါရိုက်တာ ဘင်အက်ဖလက် ရိုက်ကူးတဲ့ အီရန်ကအမေရိကန် ဓားစာခံတွေ အကြောင်းရိုက်ကူးထားတဲ့ Argo က ရရှိသွားပါတယ်။

ဗြိတိသျှ မင်းသား အော်စကာ စံချိန်တင် ဗြိတိသျှ မင်းသား အော်စကာ စံချိန်တင် Reviewed by သစ်ထူးလွင် on 19:48 Rating: 5
Powered by Blogger.