ဒီပဲယင်းမြို့နယ် ကျခွတ်ကျေးရွာ အနီး ဖန်ထောကန် လယ်ကွင်းအမှတ် ၁၇၃၉မှာ ဖေဖော်ဝါရီ ၂၆ရက်နေ့ မနက်၁၀နာရီ ၄၅မိနစ်က ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
"ဗုံးပေါက်ကွဲတဲ့အချိန်မှာ လယ်ထဲမှာ ဘယ်သူမှ မရှိတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ပေါက်ကွဲမှုအရှိန်က အနက် ၂ပေ၊ အကျယ် ၄ပေလောက် ရှိပါတယ်။ တိရိစ္ထန်တွေလည်း ထိခိုက်မှုမရှိပါဘူး။ စစ်ဆေးတွေ့ရှိချက် အရလည်း ဒုတိယကမ္ဘာ့စစ်တုန်းက ကျန်ရှိခဲ့တဲ့ ဗုံးလို့သိရပါတယ်။ လယ်မြေတွေကို စိုက်ပျိုးဖို့ထွန်ယက်တဲ့အခါမှာ မြေထဲမှာနစ်မြှုပ်နေတဲ့ ဗုံးတွေကထွက်ပေါ်လာပြီးပေါက်ကွဲမှုဖြစ်ခဲ့တာပါ။" လို့ ဒီပဲယင်း မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။
ကေခိုင်ကျော်
DVB TV News

ဒီပဲယင်း မြို့နယ်မှာ ဒုတိယကမ္ဘာ့စစ်ကျန် ဗုံးတစ်လုံးပေါက်ကွဲ
Reviewed by သစ်ထူးလွင်
on
17:14
Rating: