မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှီး နှောဖလှယ်ပွဲ ထုတ်ပြန် ကြေငြာချက်

မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှီး နှောဖလှယ်ပွဲ ထုတ်ပြန် ကြေငြာချက်

ဖေဖော်ဝါရီလ၂၆ရက်၂၀၁၃ခုနှစ်

Excel Treasure Hotel (ရန်ကုန်မြို့)

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းများကို ကဏ္ဍပေါင်းစုံတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းနေသော ယနေ့ ခေတ်ကာလတွင် နိုင်ငံတော်၏ အင်အား အကြီးမားဆုံးနှင့်   အရေးပါဆုံး ကုန်ထုတ်စွမ်းအား စုကြီးဖြစ်သည့် တောင်သူ လယ်သမားများ၏ ပါဝင်မှုသည် မြန်မာ့အနာဂတ်  အပြောင်း အလဲအတွက်အဓိက   အကျ ဆုံးနေရာမှ ပါဝင်လျက်ရှိပါသည်။ တောင်သူလယ်သမားများအနေဖြင့်လည်းတိုင်းရင်းသားပြည်သူတရပ်လုံး၏စားနပ်ရိက္ခာလိုအပ်ချက်ကိုဖူလုံပြည့်ဝရုံမျှမကလယ်ယာထွက်ကုန်များဖြင့်နိုင်ငံခြားဝင်ငွေများ ရှာဖွေရရှိနိုင်ရန်  အထိနိုင်ငံ့    တာဝန်ပြည်သူ့တာဝန်များကိုသမိုင်းစဉ်တစ် လျှောက်လုံးပါဝင်ထမ်းဆောင်ခဲ့ကြပြီးပိုမိုစွမ်းဆောင်ပေးကြရန်လည်းဆန္ဒထက်သန်ပြင်းပြလျက်ရှိပါသည်။နိုင်ငံ့ကျေးဇူးရှင်တောင်သူလယ်သမားကြီးများကမြန်မာ့ဒီမိုကရေစီ  အပြောင်းအလဲကာလတွင်   ပြည်သူတရပ်လုံးအတွက် ကာယ၊ဥာဏ  စွမ်းအားရှိသမျှပါဝင်လုပ်ဆောင်နေရာ၌ခေတ်ဟောင်း၏အကြွင်းအကျန်စနစ်ဟောင်းများကထင်တိုင်းမရောက်ခရီးမပေါက်နိုင် အောင်တားဆီးပိတ်ဆို့လျက်ရှိနေကြပြီးမြန်မာ့တောင်သူလယ်သမားများအတွက်ကမ္ဘာ့အဆင့်မီဈေးကွက်ဝင်ကုန်ထုတ် လုပ်နိုင်စွမ်းနှင့်ယှဉ်ပြိုင်နိုင်စွမ်းကိုစိုးရိမ်ပူပန်ဖွယ်ရာခြောက်လှန့်လျက်ရှိပါသည်။

ထိုကဲ့သို့သောစိန်ခေါ်မှုများ  အခက်အခဲများကို   စနစ်တကျကျယ်ပြန့်စွာ   လေ့လာဆွေးနွေး၍ ပူးပေါင်းအဖြေရှာ နိုင်ရေးအတွက်နိုင်ငံတ၀န်းလုံးရှိဒေသအသီးသီးမှတောင်သူလယ်သမားများဖြင့်  ဖွဲ့စည်းထားသောတောင်သူကွန်ယက်များ  ချိတ်ဆက်ကာ“မြန်မာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီး”ကိုဖေဖော်ဝါရီလ၂၅ရက်နှင့်၂၆ရက်၂၀၁၃ခုနှစ်တွင်ရန်ကုန်မြို့ Excel Treasure Hotel ၌နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ပြည်နယ်နှင့်တိုင်းအသီးသီးမှ    တောင်သူလယ်သမားကိုယ်စားလှယ်များ၊   တောင်သူလယ်သမားအရေးလှုပ်ရှား ဆောင်ရွက်သူများ၊အဖွဲ့အစည်းများ၊   နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊   စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များ၊ မိုးလေ၀သ ပညာရှင်များ၊လူမှုရေး-နိုင်ငံရေးစီးပွားရေးပညာရှင်များအပါအ၀င်  လူဦးရေ၂၀၀ခန့်တက်ရောက်ခဲ့ကြပြီး၊   ရှုထောင့်ပေါင်းစုံ အမြင်ပေါင်းစုံဖြင့်မြန်မာ့တောင်သူလယ်သမားများအရေးကိုတက်ကြွစွာပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။ပြည်သူ့အကျိုးနိုင်ငံအကျိုးကိုပိုမိုဖြည့်ဆည်း     ထမ်းဆောင်နိုင်ရေးအတွက်  ရပ်နီးရပ်ဝေးဒေသအသီးသီးမှ  ကိုယ်စားလှယ်များတက်ရောက် ပါဝင်ခဲ့ကြသော  “မြန်မာနိုင်ငံလုံးဆိုင်ရာ    တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီး”မှ  အောက်ဖော်ပြပါအချက်များကို ဆွေးနွေးရရှိခဲ့ပါသည်။

တောင်သူ နှင့် စိုက်ပျိုးနည်းပညာ

ကြုံတွေ့ နေရသောပြသာနာများ

တောင်သူလယ်သမားများ စိုက်ပျိုးရာတွင် ခေတ်နှင့်လျော်ညီသော စိုက်ပျိုးနည်း အသိပညာများ အားနည်းနေ ခြင်း၊ မျိုးစေ့ အခက်အခဲများရှိနေခြင်း၊ အထွက် နှုန်း ကျဆင်းခြင်း ပြသာနာများကြုံတွေ့ နေရပါသည်။ထိုပြင် လယ်ယာမြေများတွင် ဓာတု(ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး) ဆေးများစနစ်တကျသုံးစွဲမှုမရှိဘဲ အလွန်အကျွံ သုံးစွဲနေခြင်းကြောင့် မြေဆီလွှာများပျက်ဆီးပြီး မြေကျွံခြင်း၊ မြေချဉ်၊မြေငန် လွန်ကဲခြင်းများ ဖြစ်ပေါ် လျက်ရှိပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း ကြောင့် တောင်သူများဧ။် မိရိုးဖလာ စိုက်ပျိုးလျှက်ရှိသော မျိုးများ နှင့် ကိုက် ညီ မှု မရှိဘဲ သီးနှံများ ပျက်ဆီး ဆုံးရှုံးခြင်း၊ အဓိက လိုအပ်ချက်ဖြစ် သော စိုက်ပျိုးရေ ရှားပါးခြင်း၊ရေဝေ၊ရေလဲ ပျက်စီး ဆုံးရှုံးလျက်ရှိနေပါ သည်။ တောင်သူလယ်သမားများမှာ စိုက်ပျိုးရေ ကဏ္ဍတွင် အလေအလွင့်များခြင်း၊ အချိန်မှီမစိုက်ပျိုးနိုင်ခြင်း၊သီးထပ် သီးညှပ်များ စိုက်ပျိုးနေရ ၍လဲ အခက်အခဲ များစွာ ကြုံတွေ့နေရပါသည်။

အစိုးရသို့အကြံပြုတောင်းဆိုချက်များ

-       မြေဆီလွှာထိန်းသိမ်းရေးကိုဦးစားပေးစိုက်ပျိုးသောသြဂဲနစ်စိုက်ပျိုးနည်းစနစ်ကို တိုက်တွန်းအားပေးရန်။

-       ဓာတုဆေးတင်သွင်းမှုအပေါ်တွင်တင်းကျပ်သောဥပဒေများ ထည့်သွင်းပေးရန်။

-       စိုက်ပျိုးရေးသုတေသန ဌာန အနေဖြင့် ဒေသမျိုးရင်းများကို ထိန်းသိမ်းရန်။

-       တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သော တစ်နိုင်တစ်ပိုင် ဓာတုလွတ် စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးရန်။

-       လယ်ယာ နှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ရေပေးဝေစနစ် များကို ထိရောက်စွာ အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းပေးရန်။

-       မျိုးကောင်းမျိုးသန့်စမ်းသပ်စိုက်ကွင်းများတွင်တောင်သူများပါဝင်နိုင်ရန်နှင့်ဒေသတိုင်းတွင်စမ်းသပ်စိုက်ကွင်းပြု လုပ် ပေးရန်။

-       ပြောင်းလဲလာသော ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးနည်းပညာ များကို တောင်သူများထံ အသိပေးဖြန့်ဝေရန်။

တောင်သူလယ်သမား နှင့် စိုက်ပျိုးရေးမူဝါဒ

ကြုံတွေ့ နေရသောပြသာနာများ

တောင်သူလယ်သမားများ အနေဖြင့် မိမိနှစ်သက်ရာ ဒေသနှင့် ကိုက်ညီသော သီနှံစိုက်ပျိုးခွင့်မရဘဲ နွေစပါး၊မိုးစပါး စိုက်ပျိုးနေရခြင်း၊ဈေးကွက်ဝင်စိုက်ပျိုးသီးနှံများလွတ်လပ်စွာ စိုက်ပျိုးခွင့်မရခြင်းတို့ကြောင့် အဆင်မပြေ မှုများစွာဖြစ်ပေါ်နေသည်။လယ်ယာမြေများမှာ အမြဲတမ်း ရေသွင်းနေရသဖြင့် မြေကျွံခြင်း၊အထွက်နှုန်းကျဆင်းခြင်းနှင့် ကျွဲ၊နွား၊လူများလယ်ထဲဆင်း၍ လုပ်ကိုင်မရတော့သည့်အဆင့်ထိ ရောက်ရှိ လာနေသည်။ လယ်ယာမြေဧ။် အရေးကြီးသော အဓိက မူဝါဒများ ချမှတ်ရာတွင်လည်း အမှန်တကယ်စိုက်ပျိုးနေသော တောင်သူများ ပါဝင်ခွင့် မရှိဘဲ လယ်ယာလုပ်ငန်းနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိသော လူများမှ မူဝါဒများ ရေးဆွဲနေခြင်းကြောင့် တောင်သူများ အတွက် နစ်နာမှုများ ရှိနေပါသည်။ သဘာဝဘေးအန္တာရာယ်နှင့် ပိုးမွှား အန္တာရာယ်ကြောင့် ပျက်စီးဆုံးရှုံမှုများ ရှိသောအခါ တွင် လည်း တောင်သူများ အတွက် အခွန်ကောက်သူများမှ ထိရောက်သော ပံပိုးမှုများ မရှိခြင်း မြန်မာတောင်သူများ အနေဖြင့် နိုင်ငံတကာရှိ တောင်သူများ ရရှိသော အခွင့်အရေး၊ရပိုင်ခွင့် နှင့် များစွာ ကွာခြားနေမှုကြောင့် တောင်သူလယ်သမားများဧ။်ဘ၀လူနေမှုအဆင့်အတန်းနိမ့်ကျခြင်းနှင့်မျှော်လင့်ချက်များ ဆုံးရှုံးနေကြရပါသည်။

အစိုးရသို့ အကြံပြုတောင်ဆိုချက်များ

·         လယ်ယာမြေယာမှုခင်းဖြစ်သောမြေပိုင်ဆိုင်မှုပြဿနာများရှိနေလျင် လယ်ယာမြေမှတ်ပုံတင်ကာလကို အကန့်အသတ်မရှိရွှေ့ဆိုင်းပေးရန်

·         လယ်ယာအသုံးပြုပစ္စည်ကရိယာများအား ခေတ်နှင့်ညီသောနည်းပညာနှင့်ယန္တရားများပံ့ပိုးပေးရန် အတွက် တောင်သူများနှင့်ညိုနိုင်းဆွေးနွေးဆောက်ရွက်မှုလုပ်ဆောင်ရန်

·         တောင်သူလယ်သမားများအား ခွဲခြားမှုမရှိဘဲအတိုးမဲ့နှစ်ရှည်ချေးငွေထုတ်ပေးရန်

·         ဈေးကွက်သီးနှံများလွှတ်လပ်စွာစိုက်ပျိုးလုပ်ဆောင်နိုင်ရန်အတွက်အစိုးရမှပြုလုပ်ဆောင်ရွက်ပေးရန်

·         လယ်ယာမြေမှုဝါဒများချမှတ်ရာတွင် တောင်သူများ၏သဘောဆန္ဒများပါဝင်မှုဖြင့်ရေးဆွဲနိုင်ရန်အတွက် အစိုးရမှဆောင်ရွက်ပေးရန်

·         နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့်အညီတောင်သူအခွင့်အရေးများကို ပြဌာန်း လုပ်ဆောင်ပေးပြီး တိရောက်စွာလုပ်ဆောင်ပေးရန်

·         လယ်ယာမြေအတွင်း စီမံကိန်းမအောင်မြင်သော ဆည်မြောင်းများအား ပြန်လည်ဖျက်သိမ်းပေးရန်။

·         တောင်သူလယ်သမား အခွင့် အရေးကာကွယ်သည့်ဥပဒေကို တိတိကျကျပြဌာန်းပေးပြီး မသိနားမလည်သော တောင်သူများကို ခုတုံး လုပ်၍ ဥပဒေကို အလွဲသုံးစားလုပ်နေသော သက်ဆိုင်ရာအုပ်ချူပ်ရေးပိုင်း ဌာနဆိုင်ရာများကို ထိထိရောက်ရောက် အရေးယူပေးရန်။

·         တောင်သူအခြေပြု စိုက်ပျိုးနည်းပညာနှင့် ဥပဒေအကြောင်း သိကောင်းစရာများ ဖြန့်ဝေပေးနိုင်မည့် ဒေသတစ်ခု (သို့) အုပ်စုတစ်စုအလိုက် တောင်သူပညာပေး ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် စိုက်ပျိုးရေး ၀န်ကြီးဌာနမှ လုပ်ဆောင်ပေးရန်။

·         လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများအားအမြန်ဆုံးအဆင်ပြေချောမွေ့ကောင်းမွန်လာအောင် လုပ်ဆောင်ပေးရန်။

·         တောင်သူလယ်သမား အဖွဲ့အစည်းများ ဖွဲ့ စည်းခွင့်ပေးရန်။

·         စည်ပင်သာယာမှ ထုတ်ပေးသော အသားသတ်လိုင်စင်များကို ခုတုံးလုပ်၍ ခိုင်းနွား/ကျွဲများကို တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ခြင်းအား ရပ်တန့်ပေးရန်နှင့် ခိုင်းနွား/ကျွဲများအား ခိုးယူသတ်ဖြတ် တင်ပို့မှုများကို တည်ဆဲဥပဒေတွင် ပြင်းထန်သော စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းပေးပါရန်။

တောင်သူလယ်သမားနှင့် လယ်ယာမြေဆုံးရှုံးမှု

ကြုံတွေ့နေရသောပြသာနာများ

         စစ်တပ်၊ကုမ္ပဏီနှင့်အစိုးရဝန်ကြီးဌာနများမှစီမံကိန်း၊စီမံချက်များအကြောင်းပြကာတောင်သူလယ်သမားများ၏လယ်ယာမြေများကိုမတရားခြိမ်းမြေသိမ်းမှုများနိုင်ငံနှင့်အ၀ှမ်းဖြစ်ပေါ်နေပါသည်။  မြေသိမ်းရာတွင်ဒေသခံတောင်သူ လယ်သမားများကို အကြောင်းကြားအသိပေးခြင်း၊ညှိုနိုင်းတိုင်ပင်ခြင်းမရှိပဲမတရားခြိမ်းခြောက်လက်မှတ်ထိုးခိုင်း၍မြေသိမ်းယူခြင်း၊လျှော်ကြေး၊နစ်နာကြေး  မပေးဘဲ  သိမ်းယူခြင်း၊  နစ်နာကြေး/လျှော်ကြေးပေးရာတွင်လည်း  အလွန်တရာနည်းပါးသော  ပမာဏမျှသာ  ပေးချေခြင်း၊  သီးစားချခံရခြင်း၊  အဌားချခံထားရခြင်းတို့ကို ခံစားနေကြရပြီး    မိမိတို့လယ်ယာမြေတွင်   မိမိတို့ပြန်လည်၍ လယ်ကူလီအဖြစ်သို့ကျရောက်နေကြရသည့်အပြင်ရွှေ့ပြောင်းလုပ်သားများနှင့်အလုပ်လက်မဲ့  လူတန်းစားဘ၀သို့ရောက်ရှိ နေကြရပါသည်။   စီမံကိန်းများအကောင်  အထည်ဖော်ရာတွင်  သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းမှုလုံးဝမရှိသည့်အတွက် သစ်တောပြုန်းတီးခြင်း၊မြေဆီလွှာအဆိပ်သင့်ဆုံးရှုံးခြင်း၊မြေအောက်ရေပျက်စီးဆုံးရှုံးခြင်းတို့ကြောင့်လယ်ယာမြေများဆုံးရှုံးနေရပါသည်။သစ်တောဧရိယာမှတောင်သူလယ်သမားများမှာဓါးမဦးချဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်ခဲ့သော်လည်းယခုအချိန်အထိသစ်တောဧရိယာမှကင်းလွတ်ခွင့်မရခြင်းများကိုလည်းတောင်သူလယ်သမားများရင်ဆိုင်ကြုံတွေ့နေရပါသည်။ လယ်ယာမြေလုပ်ငန်းခွင်တွင်အသုံးပြုနေသောကျွဲ/နွားများမှာ  စားကျက်မြေများ မတရားသိမ်းယူမှုများကြောင့် ဆက်လက် မွေးမြူရန်လွန်စွာခဲယဉ်းနေပြီးစားကျက်မြေများဆုံးရှုံးနေရပါသည်။  စစ်ပွဲကြောင့်လယ်ယာမြေများမှစွန့်ခွာတိမ်းရှောင်ထွက် ပြေးနေကြရသည့်အပြင်မိမိနေရင်းအရပ်ဒေသသို့ပြန်လည်ရောက်ရှိလာသောအခါ  တောင်သူလယ်သမားများ၏လယ်ယာ မြေများမှာမတရားသိမ်းပိုက်ခံထား ရခြင်းများကိုလည်းရင်နင့်ဖွယ် ကြုံတွေ့နေရပါသည်။

အစိုးရသို့ အကြုံပြုတောင်းဆိုချက်များ

·         နိုင်ငံတော်မှလယ်ယာမြေသိမ်းဆည်းခံရသောတောင်သူလယ်သမားများ၏လယ်ယာမြေနစ်နာဆုံးရှုံးမှု

များအတွက်လယ်မြေ၊ယာမြေမခွဲခြားဘဲကာလပေါက်ဈေးနှင့်ညီသောလျော်ကြေးကိုဒေသခံများနှင့်ညှို

နှိုင်းပြီးအပြည့်အ၀ပေးရန်။

·         စစ်တပ၊်အစိုးရ၊ကုမ္ပဏီများမှသိမ်းယူထားသောစားကျက်မြေ၊လယ်ယာမြေများနှင့်ပတ်သတ်သောကိစ္စ ရပ်များကိုတိတိကျကျဖြစ်စေရန်စုံစမ်းရေးကော်မရှင်မှကျေးရွာများအထိကွင်းဆင်းစစ်ဆေးပေးရန်။

·         ကြေးတိုင်နှင့်မြေစာရင်းဌာနမှလယ်သမားများ၏လယ်ယာမြေပုံများကိုမှန်ကန်တိကျစွာရေးစွဲပေးပြီး လယ်ယာမြေများအားမှတ်ပုံတင်ပေးရန်။

·         သစ်တောဧရိယာအတွင်းမှဓါးမဦးချဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်ခဲ့သောလယ်ယာမြေများကိုမှတ်ပုံတင်ခွင့်ပေးပြီးဒေသခံတောင်သူလယ်သမားတို့၏သဘောဆန္ဒများအတိုင်းအသိအမှတ်ပြုဆောင်ရွက် ပေးရန်။

·         သိမ်းယူထားသောလယ်ယာမြေများကိုသက်ဆိုင်ရာများမှပြန်ပေးရန်၊ပြန်လည်ပေးအပ်နိုင်ခြင်းမရှိလျှင်တောင်သူလယ်သမားများကိုခိုင်လုံသောအကြောင်းပြချက်နှင့်ခိုင်လုံသောအထောက်ထားများချပြရန်-

·         ရွှေပြောင်းတောင်ယာ စနစ်ကျင့် သုံးခြင်း ကို မြေလွတ်မြေရိုင်းဟု သတ်မှတ်၍ မသိမ်းယူရန်။

တောင်သူနှင့်လယ်ယာမြေဥပဒေ

ပြဿနာများ

မြေယာရောင်း၊၀ယ်၊မှုနဲ့စပ်လျဉ်းပြီးလွတ်လပ်မှုမရှိဘဲလယ်ယာစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်မှချုပ်ကိုင်ထားပြီး မြေယာတန်းဖိုးကို ၄င်းကော်မတီများမှ ဈေးနုန်းသတ်မှတ်မည်ဆိုသော အချက်ကြောင့် တောင်သူလယ်သမားများ၏အခန်းကဏ္ဍနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ကို ချူပ်ကိုင်ထားသလိုဖြစ်နေပါသည်။

လယ်ယာမြေ ရောင်း၊၀ယ်ဖောက်ကားရေး စည်းကျပ်ခွန်သည်မြေယာတန်ဖိုး၏၃၅% ပေးဆောင်ရခြင်းမှာ များစွာ ထိခိုက်နစ်နာနေရခြင်း။ လွတ်လပ်စွာ သီးနှံပြောင်းလဲ စိုက်ပျိုးခွင့်ကိုဥပဒေနှင့် ကန့်သတ်ထားသည့် အတွက် မိမိလယ်ယာမြေနှင့် ကိုက်ညီသော သီးနှံများကို အခြေအနေနှင့် အချိန်အခါအလိုက် အချိန်မှီပြောင်းလဲ စိုက်ပျိုးရန်အတွက်  ကြီးမားသောအဟန့်အတားဖြစ်နေခြင်း၊၂၀၁၂ခုနှစ်လယ်ယာမြေယာဥပဒေအခန်း(၁၁)ပါအချက်သည်လယ်မြေသိမ်းယူမှုပြဿနာထပ်ဖြစ်စေခြင်း၊လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အားအာဏာအစွမ်းကုန်ပေးထားသည့်အတွက်အကျင့်ပျက်ခြစားမှုများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်ခြင်း၊တောင်သူလယ်သမားများ၏သဘောဆန္ဒ အားခံယူမှုမရှိဘဲ ဥပဒေများ ရေးဆွဲခြင်း ကြောင့် တောင်သူလယ်သမားများ ၏လက်တွေ့ဘ၀ များ နှင့် ကိုက်ညီမှုများ အလွန်အားနည်းနေပါသည်။အသင်းအဖွဲ့ ကုမ္ပဏီများအားဧက(၅၀၀၀)မှ ထပ်ဆင့်ပိုင်ဆိုင်ခွင့်ပေးထားပြီး တောင်သူလယ်သမားများ အားပေး ထား သော လုပ်ကိုင်ခွင့်မှ အလွန်နည်းပါးနေပြီး ဥပဒေအရ ရသည့်အခွင့်အရေးများညီမျှမှုမရှိခြင်း၊လယ်ယာမြေဥပဒေအခန်း(၁၁) ပုဒ်မ(၃၂) အတိုင်းလယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်မပေးခြင်းကြောင့် မလိုလားအပ်သော အရှုပ်အရှင်းများ နိုင်ငံအနှံ့ ဖြစ်ပေါ်နေခြင်း၊ရွှေ့ပြောင်းတောင်ယာကိုမြေလွတ်မြေရိုင်းဟုသတ်မှတ်ပြီး သိမ်းယူခြင်း ကြောင့် တောင်တန်းဒေသများ ရှိတိုင်းရင်းသားများ နစ်နာနေရခြင်း၊ကျွန်းမျောများကို တိုင်းတာသည့် စနစ်ကျသောဥပဒေ၊နည်းဥပဒေများမရှိခြင်း ကြောင့် ကျွန်းမျော ဖြင့် စိုက်ပျိုးလုပ်ကိုင် နေသည့် တောင်သူလယ်သမား များ မှာ မလိုလားအပ်သော ပြသာနာများ ဖြစ်ပွားရမည်ကို စိုးရိမ် ပူပန်နေရခြင်း၊တောင်သူများဖြစ်သောပြဿနာများတွင်လယ်ယာမြေဥပဒေများသည်အသက်ဝင်ပြီး အာဏာပိုင် ပါဝင်ပါတ်သတ်သော ပြဿနာများတွင် လယ်ယာမြေဥပဒေသည် အသက်မ၀င်ခြင်းဖြင့် တောင်သူလယ်သမားများ နစ်နာနေရခြင်း၊လယ်ယာမြေနှင့်ပတ်သတ်သောပြဿနာများတွင် တရားမကြောင်းအရ တရားစွဲဆိုခွင့်မရှိခြင်း စသည်တို့ကြောင့် လယ်သမားများ အဆင်မပြေမှုများစွာနှင့် ကြုံတွေ့နေရပါသည်။

တောင်းဆိုချက်များ

v  ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေနှင့်မြေလွတ်မြေလပ်မြေရိုင်းဥပဒေ၊နည်းဥပဒေများအတိုင်းတိကျစွာ

လိုက်နာ ဆောင်ရွက်ပေးရန်။(ဥပမာ၊ လယ်ယာမြေဥပဒေ ပုဒ်မ(၃၁) နှင့် ပုဒ်မ(၃၂) အတိုင်း)

v  ၂၀၁၂ ခုနှစ် မြေလွတ်မြေလပ်နှင့် မြေရိုင်း ဥပဒေအရဆောင်ရွက်ရာတွင် လက်ရှိအခြေအနေ၌ မြေလွတ်မြေလပ်များအဖြစ် တည်ရှိနေသည့် လယ်ယာမြေများအား ဓားမဦးချ တောင်သူများသို့ အမြန် ပြန်လည်ပေးအပ်ရန်၊

v  မြေယာမှတ်ပုံတင်ခြင်းကိစ္စကို မြေယာမှုခင်းများပြီးပြတ်သည်အထိ ရက်အကန့်အသတ်မရှိ ထပ်မံတိုးပေးပါရန်။

v  လွတ်လပ်စွာသီးနှံ့ပြောင်းလဲစိုက်ပျိုးခွင့်ကိုဥပဒေနှင့် ကန့်သတ်မထားရန်။

v  လယ်ယာမြေရောင်းဝယ်ဖောက်ကားရေးစည်းကျပ်ခွန်ကိုသတ်မှတ်ရာ၌ရောင်းချသူ တောင်သူလယ်သမားများအား အခွန်ကင်းလွတ်ခွင့် ပေးရန်နှင့် ဝယ်ယူသူများကို  ၃၅% မှလျော့ပေးရန်။

v  ဧည့်နိုင်ငံသားများကို မြေယာမှတ်ပုံတင်ခွင့်ပေးသည့် ဥပဒေကိုပယ်ဖျက်ပေးရန်။

v  မြေယာဥပဒေတွင် အခန်း(၁၁)ပုဒ်မ(၃၂)တွင်ပါရှိသည့် နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံးလိုအပ်သောပမာဏကိုသာ သိမ်းယူရန်နှင့် ဒေသခံများအား ကြိုတင် ညှိနှိုင်းရမည် ဟုပြောင်းလဲသတ်မှတ်ပေးရန်။

v  တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေသစ်တရပ်ပြဌာန်ပေးရန်။

v  တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေများကို တိကျစွာ ပြဌာန်းပေးရန်။

v  တိုင်းဒေသကြီး/ ပြည်နယ်ဒေသတစ်ခုချင်းစီအလိုက် အနည်းဆုံးထားရှိရမည့် တိရိစ္ဆာန်စားကျက်မြေဧရိယာအား ကျေးရွာပိုင်စာကျက်မြေများအဖြစ် ဒေသခံ တောင်သူများနှင့် တိုင်ပင်၍ သတ်မှတ်ပြဌာန်းပေးရန်နှင့် ယင်းသတ်မှတ်ထားသော မြေဧရိယာများအား အခွန်ပေးဆောင်စေ၍ မြေပုံကူးယူခွင့် အပါအဝင် မြေခွန်တစ်ဧကလျှင်(၁၀၀၀)ကျပ်နှုန်းအောက် လျော့ချပေးရန်။

v  မသမာနည်းဖြင့် မှတ်ပုံတင်ရရှိထားသော နိုင်ငံခြားသားများအား လယ်ယာမြေပိုင်ဆိုင်ခွင့် လျှောက်ထားသောအခါ နိုင်ငံသားမှတ်ပုံတင်ကို မည်သို့ရရှိကြောင်း သေချာစွာစိစစ်ပြီမှ မှတ်ပုံတင်ခွင့်ပေးရန်။

v  လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်၊မြေရိုင်းဥပဒေ နှင့် တည်ဆဲမြေယာဆိုင်ရာ ဥပဒေအရပ်ရပ်ကို ချိုးဖောက်နေသည့် ၀န်ကြီးဌာနများအားတရားစွဲဆိုခွင့်ပေးရန်အပါအဝင် မြေယာဆိုင်ရာ အငြင်းပွား မှုခင်းများနှင့် ရောင်း၊ ပေါင်၊ လဲ၊ ငှါး ရာမှ ပေါ်ပေါက်လာသော မြေယာဆိုင်ရာ အငြင်းပွားမှု အရပ်ရပ်ကို လယ်အမွေမှုခင်းများ သကဲ့သို့ သက်ဆိုင်ရာ တရားမ တရားရုံးတွင် တရားစွဲဆို ရင်ဆိုင်ဖြေရှင်းခွင့် ပြုရန်။

v  အဆင့်ဆင့် မြေယာကော်မတီအဖွဲ့အစည်းများက လယ်မှုခင်းများ စီရင်ဆုံးဖြတ်ရေးကိစ္စအတွက် ဝန်ကြီးဌာနမှ ကင်းလွတ်သည့် လွတ်လပ်သော ပညာရှင်များ ပါဝင်ရန်။

v  တောင်သူလယ်သမားများနှင့် စပ်ဆိုင်သည့် ဥပဒေများ ပြဌာန်းရာတွင် လယ်သမားကိုယ်တိုင်(သို့) လယ်သမား ကိုယ်စားပြုအသင်းအဖွဲ့များပါဝင်ရေးဆွဲခွင့်ရရန်။

v  ၂၀၁၂လယ်ယာမြေဥပဒေကို အောက်ခြေရပ်/ကျေးထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရန်ဖြန့်ဖြူးပို့ချရန်။

v  လယ်သမားဟုခေါ်ဆိုရာတွင် ကုန်သည်များ၊ စိုက်ပျိုးရေးဆေးကုမ္ပဏီများ မွေးမြူရေးသမား များမပါဝင်စေရန်။

v  နိုင်ငံခြားသားများ မြေငှားရမ်း စိုက်ပျိုးမှုအပေါ် လာဘ်စားမှုများကို ထိရောက်စွာအရေးယူပေးရန်။

v  သက်ဆိုင်ရာ ဘဏ်များတွင် အပေါင်ဆုံးလယ်ယာများအား ဒေသခံတောင်သူလယ်သမားများထံသို့ ဦးစားပေးစနစ်ဖြင့် ကာလပေါက်ဈေးဖြင့် ပြန်လည်ရောင်းချပေးရန်။

v  ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းဥပဒေများ အာဏာသက်ဝင်ခြင်း မတိုင်မှီက ပေါ်ပေါက်ခဲ့သော အငြင်းပွား မှုခင်းများအား ယင်းအချိန်က အာဏာသက်ဝင်သော မြေယာဆိုင်ရာ ဥပဒေများဖြင့် ဖြေရှင်းဆောင်ရွက်ခွင့်ပြုရန်။

တောင်သူလယ်သမားနှင့်ချေးငွေ

ပြဿနာများ

စိုက်ပျိုးရေးဘဏ်များမှ ချေးငွေထုတ်ယူရာတွင် ရန်ပုံငွေ ဖြတ်တောက်မှု များကြောင့် ချေးငွေအပြည့်အ၀မရရှိမှုများ နှင့်ကြုံတွေ့နေရပါသည်။ ထို့ပြင်တောင်သူ လယ်သမား ပိုင်ဧက အတိုင်းချေးငွေကို အစိုးရမှ ၁၀ဧက အထိသာ ချေးငွေထုတ်ချေးပြီး ၁၀ ဧကကျော်သော တောင်သူများ အတွက် ချေးငွေထုတ်ချေးမှုမရှိခြင်းကြောင့် စိုက်ပျိုးစရိတ်အတွက် အတိုးနုန်းကြီးစွာ ချေးယူ၊ ရင်းနှီး အသုံးပြုရပြီး တောင်သူများအဖို့အကြွေးများ နှင့်ရင်ဆိုင်နေရသည်။ ချေးငွေကိုအချိန်မှီ ထုတ်မ ချေးခြင်းကြောင့်လည်း လိုအပ်သော အရင်းအနှီးအား အတိုးနှုန်းကြီးစွာဖြင့် အခြားနေရာများမှ ရယူလုပ်ကိုင် နေရပြီး အတိုးပေါ်အတိုးဆင့်ကာ စိုက်ပျိုးစရိတ်ချေးငွေကို အချိန်မှီပြန်မဆပ်နိုင်ဘဲနောက် နှစ်ချေးငွေအတွက်များစွာအခက်အခဲဖြစ်ရပါသည်။လယ်ယာအသုံးပြုပစ္စည်းကရိယာ အတွက်ချေးငွေစနစ်ပြဌာန်းထားသော်လဲတောင်သူများအနေဖြင့်ချေးယူရာတွင် လုံးလောက်သောချေးငွေပဏာမရရှိခြင်း ၊အရစ်ကျဝယ်ယူမည်ဆိုပါလျှင်လည်း သွင်းအားစု(ကုန်ကျစရိတ်) လွန်စွာများပြားနေသဖြင့် တောင်သူများမှာ အကြွေးများနှင့်သာလည်ပတ်နေရသည်။ထို့ပြင်ဆန်စပါးစိုက်ပျိုးရန်အတွက်ပေးသောချေးငွေပမဏနှင့် အခြားသောသီးနှံ စိုက်ပျိုးချေးငွေများ မမျှတခြင်း ။နီးစပ်ရာ စိုက်ပျိုးရေးဘဏ်တွင် အလွယ်တကူ ချေးငွေ ထုတ်ပေးနိုင်ခွင့်မရှိခြင်းကြောင့် စိုက်ပျိုးစရိတ် အရင်းအနှိးအတွက်အခက်အခဲများစွာကြုံတွေ့နေရပါသည်။


တောင်းဆိုချက်များ

·         အစိုးရမှချုပ်ကိုင်ထားသော စိုက်ပျိုးရေးဘဏ်စနစ်ကို ဖျက်သိမ်းပေးပြီး တောင်သူလယ်သမားများ ကိုယ်တိုင်းရွေးချယ်တင်မြောက်ထားသော ကျေးရွာဘဏ်ကော်မတီပါဝင်သည့် ကျေးရွာ တောင်သူ လယ်သမား ဘဏ်စနစ်ကို အကောင်အထည်ဖော်ကာ ဥပဒေနှင့် အညီဖွဲ့စည်း အတည်ပြု ပေးရန်။

·         အစိုးရမှ တောင်သူများပိုင်ဆိုင်သောဧကအလိုက်လုံလောက်သောချေးငွေပမဏကို ထုတ်ချေးပေရနှ်

·         အစိုးရမှ တောင်သူလယ်သမားများအား ချေးငွေထုတ်ချေးရာတွင် တစ်နှစ်သုံးစွဲခွင့်ပြုရန်

·         အစိုးရမှ လယ်ယာသုံးကိရိယာများကို အရစ်ကျစနစ်ဖြင့်ထုတ်ပေးရန်

·         နှစ်ရှည်ပင်နှင့်အခြားသောသီးနှံစိုက်ပျိုးသောတောင်သူလယ်သမားမျာတွက်စိုက်ပျိုးစရိတ်တစ်နှစ်တစ်ကြိမ်ထုတ်ချေးပေးရန်

·         အစိုးရမှချေးငွေထုတ်ချေးရာတွင်အစုအဖွဲ့ အာမခံစနစ်ဖျက်သိမ်းပြီးတစ်ဦးချင်းတာဝန်ယူသောချေးငွေစနစ်အား ပြဌာန်အသုံးပြုပေးရန်

·         စိုက်ပျိုးစရိတ်ချေးငွေအားတောင်သူများမှ မိမိတို့ကိုယ်တိုင်း နီးစပ်ရာဘဏ်များတွင် ထုတ်ယူခွင့်ရရှိရေး အတွက်အစိုးရမှ ဥပဒေဖြင့်ပြဌာန်းပေးရန်

·         သဘာဝဘေးဒဏ်ကျရောက်မှုရှိပါက အစိုးရမှ ချေးငွေများကို သင့်တော်သည့် ကာလအထိ ရွှေ့ဆိုင် ပေးရန်

·         တို့ချဲ့တောင်သူလယ်သမားများအတွက် သတင်းအချက်အလက်သေချာစွာ စစ်တမ်းယူပြီး ချေးငွေ ထုတ်ပေးရန်။


တောင်သူလယ်သမားနှင့်အာမခံရှိသောဈေးကွက်

ပြဿနာများ

ထုတ်လုပ်သူနှင့်စားသုံးသူများကြားတွင်တောင်သူများမှရောင်းချရသောဈေးနှုံန်းမှာနည်းပါးနေပြီးဝယ်ယူစားသုံးရသောဈေးနှုန်းမှာလွန်စွာမြင့်မားနေခြင်းကြောင့်တောင်သူများမှာဆင်းရဲတွင်းထဲနစ်မွန်းနေရပါသည်။ အစိုးရနှင့်စီးပွားရေး သမားများမှ ဈေးကွက်ထိန်းချုပ်ကစားခြင်း တို့ကြောင့် တောင်သူများမှာအစိုးရထံမှ စိုက်ပျိုးစရိတ်ချေးငွေများပြန်မဆပ်နိုင်ခြင်း၊ အစိုးရမှသီးနှံဈေးကွက်များကို မျှတစွာ စီမံဖော်ဆောင်ပေးနိုင်မှုမရှိခြင်း ကြောင့်စီးပွားရေးသမားများမှသီးနှံ ပေါများချိန်တွင်ဈေးနှိမ်၍ ခေါင်းပုံဖြတ်ဝယ်ယူခြင်း၊ကုန်သည် ပွဲစားများမှ လိုသလို ဈေးကစားနေခြင်း စားဝတ်နေရေး အခက်အခဲများ ကြောင့် သီးနှံများအား သိုလှောင်ထိန်းသိမ်းမထားနိုင်ဘဲ ကုန်သည်ပွဲစားများသတ်မှတ်ပေးသည့်ဈေးနှုန်းဖြင့်ရောင်းချနေရခြင်းများလုပ်ဆောင် နေရပါသည်။သဘာဝမြေသြဇာ ရရှိရန် ခက်ခဲသည့် အတွက် ဓါတ်မြေသြဇာများ သုံးစွဲနေ ရခြင်းကြောင့်ဈေးကွက်ခိုင်မာအောင်ဖော်ဆောင်ရာတွင် ဟန့်တားနှောင့်နှေးစေခြင်း၊လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက်သယ်ယူစရိတ်ကြီးမားခြင်း၊ဈေးကွက်သို့အချိန်မှီမရောက်နိုင်ခြင်း၊ပြည်တွင်း၊ပြည်ပဈေးကွက်နှင့်ပတ်သက်၍ သတင်းအချက်အလက်များမရရျိနိင်သဖြင့်ဈေးကွက်ဝင် နိုင်သောသီးနှံများမစိုက်ပျိုးနိုင်ခြင်းကြောင့် တောင်သူများမှးမှာဆှုံးရှုံးမှုဖြစ်နေရပါသည်။

တောင်းဆိုချက်များ

v  ခိုင်မာသောဈေးကွက်အတွက်ရည်ရှည်အကျိုးရှိသောတည်ငြိမ်ဈေးနုန်းရရှိရေးကိုမဖြစ်မနေ တာဝန်ယူဆောင်ရွက်ပေးရန်

v  ဒေသနှင့်ကိုက်ညီသောအရည်အသွေးကောင်းမွန်သောမျိုးသီးနှံများအားဈေးနှုန်းသက်သာစွာဖြင့်အစိုးရမှရောင်းချပေးရန်

v  အစိုးမှသီးဈေးနှံဈေးနှုန်းများအားအမျိုးအစားအလိုက်ကြမ်းခင်းဈေးသတ်မှတ်ပေးရန်

v  ဖုန်းများကို(လိုင်းကောင်းမွန်ကြည်လင်သော)တောင်သူများတတ်နိုင်သည့်နုန်းထားဖြင့်ချထားပေး၇န်

v  ပြည်တွင်း၊ပြည်ပကုန်သွယ်ခွင့်ကိုလွတ်လပ်စွာရောင်းဝယ်ဖောက်ကားနိုင်၇န်အတွက်အစိုးရမှမူဝါဒတစ်ရပ်အနေ ဖြင့်တိကျစွာလုပ်ဆောင်ပေးရန်

v  ထုတ်ကုန်သီးနှံများ လွတ်လပ်စွာဈေးကွက်ရှာဖွေ ရောင်းချနိုင်ရန်အတွက် အစိုးရမှ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားမှု နှင့် သယ်ယူပို့ဆောင်မှုအား ခွင့်ပြုပေးရန်။

တောင်းဆိုလိုက်ပါသည်။ 

by သစ်ထူးလွင်
မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှီး နှောဖလှယ်ပွဲ ထုတ်ပြန် ကြေငြာချက် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှီး နှောဖလှယ်ပွဲ ထုတ်ပြန် ကြေငြာချက် Reviewed by သစ်ထူးလွင် on 10:13 Rating: 5
Powered by Blogger.