ထားဝယ်တွင်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ကုသပေးမည်

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသော“သီတဂူ အာရောဂျ ဒါနဆေးရုံ”၌ ဒေသတွင်းရှိနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား မတ်လ ၂၀ရက်နေ့မှ ၂၅ရက်နေ့အထိ ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန်ကြီးများဖြင့် အခမဲ့ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်များကလည်း ထိုဆေးရုံတွင်မျက်စိဝေဒနာရှင် နှစ်ထောင်ကျော်ကို သုံးကြိမ်ခွဲစိတ်ကုသ ပေးခဲ့နိုင်ခဲ့သည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသလိုသူများ အနေဖြင့် စာရင်းပေးသွင်း ဆက်သွယ်ရမည့်နေရာနှင့် အချိန်ကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)

Popular Myanmar News Journal

ဓာတ်ပုံ - ကျော်မြဟန်facebook

ထားဝယ်တွင်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ကုသပေးမည် ထားဝယ်တွင်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ကုသပေးမည် Reviewed by သစ်ထူးလွင် on 16:12 Rating: 5
Powered by Blogger.