ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းတွင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း လုပ်ကိုင်နေသည့် တရုတ် China National Petroleum Corporation CNPC Project (CNPC) ကုမ္ပဏီ ရုံးခန်းရှေ့တွင် ဒေသခံ များ ငြိမ်းချမ်းစွာ ဆန္ဒပြမည့် အစီအစဉ်ကို ခွင့်ပြုချက် တင်ထားရာ အာဏာပိုင်များမှ ပယ်ချ လိုက်ကြောင်း သတင်း ရရှိသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မဒေးကျွန်း တရုတ် CNPC ရုံးရှေ့တွင် ဆန္ဒပြမည့် အစီအစဉ် အာဏာပိုင်များက ပယ်ချ
Reviewed by သစ်ထူးလွင်
on
15:35
Rating:
8 comments:
လာပြန်ပြီနော် နောက်တစ်ပွဲ၊ နွှဲလိုက်ကြနော် ဒီမိုကရေစီပွဲတော်
နောက်ပြန်မဆုတ်မဲ့ဒီပွဲတော်၊ ပြည်သူတွေဆင်ကာနွှဲ
မတရားတာမှန်ရင်၊ ရဲရဲသာလုပ်ချလိုက်ကြ
တို့ပြည်သူအကျိုးကို ရှေးရှုသည်တဲ့
ဆင်းရဲတာမှန်သမျှ ပပျောက်စေရ
ဒါမှတို့သမ္မတ။
ကျနော်ရေးမည့်အချက်မှာ ယခုသတင်းနှင့်မဆိုင်ပါ၊
သစ်ထူးလွင်စာမျက်နှာတွင် COMMENT ရေးသားနေသော
တချို့သူများသည် မောင်နှင့်နှမ သားနှင့်အမိ ဖတ်မကြည့်ရဲလောက်အောင်
ရုံ့ရင်းကြမ်းတမ်းစွာ ဆဲဆိုရိုင်းပြ ရေးသားနေကြသည်ကို ၀မ်းနည်းဖွယ်
တွေ့မြင်နေရပါသည်။
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါသည်။ သို့သော် ယဉ်ကျေးသိမ်မွေ့စွာ
သဘောထားကွဲလွဲကြလျှင် ပိုကောင်းပါလိမ့်မည်၊
သည်စာမှက်နှာသည် ရိုင်းပြစွာရေးသားနေသူများအတွက် သီးသန့်
ဖွင့်လှစ်ထားခြင်းမဟုတ်၊ အများနှင့် သက်ဆိုင်သောစာမျက်နှာဖြစ်ပါသည်။
၎င်းတို့ရေးသားနေကြသည်များကို မနှစ်သက်ကြောင်း ဖေါ်ပြနေမှုများ
(ဥပမာ-မစီစီကျော်ဝင်း၊ကိုဇော်အောင်)တို့စာများကို ပြန်လည်ဖတ်ရှုစေချင်ပါသည်။
ယခင်က ဆဲဆိုရိုင်းပျမှုများ၊နိုင်ငံတော်သမတကို ကြမ်းတမ်းစွာဝေဖန်
မှုများကြောင့် သည်COMMENTစာမျက်နှာ ကာလအတန်ကြာ အခက်အခဲရှိ
ခဲ့သည်ကို သတိမူစေချင်ပါသည်။
“ရုံ့ရင်းကြမ်းတမ်းစွာ သူတပါးကိုပြုမူပြောဆိုသူသည် မစင်ပုံကိုကိုင်ပြီး
ပစ်ပေါက်ရန် ကြံရွယ်သူနှင့်တူ၏၊ သူတပါးကို ထိမည်/မထိမည်
မသေချာသော်လည်း မိမိကိုယ်တိုင် မစင်တို့ဖြင့် ဦးစွာညစ်နွမ်းအပ်သည်”
ဟု မြတ်စွာဘုရားရှင် ဟောခဲ့ပါသည်။ မိမိတို့ပင်ကိုယ်ဗီဇ မစွန့်လွှတ်
နိုင်ကြလျှင် အခြားစာမျက်နှာတစ်ခု ဖန်တီးပြီး မိမိတို့စိတ်ကြိုက်
ရေးသားနိုင်ပါသည်။ ယခုလိုရေးသားသည်ကို ဆရာကြီးဝင်လုပ်သည်ဆိုပြီး
ဝိုင်းဆဲကြလျှင်လည်း သည်းခံစိတ်ဖြင့် သည်းခံနေပါမည်။
သည်းခံသူမှာ မစင်တို့မလိမ်းကြံနိုင်ရာဟု အဟောရှိပါသည်။
COMMENT ရေးသူအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါစေ၊
စီမံကိန်း တစ်ခု အကောင် အထည်
ဖေါ်တိုင်း အဖျက်တွေ ၀င်နေတာ ။ ဒါတိုင်းပြည် တိုးတက်
အောင်ဆောင်ရွက်တဲ့
နေရာမှာ အနှောက် အယှက် တစ်ခု ဘဲ။
နောင်ဆိုရင် စီမံကိန်း တစ်ခုလုပ်တိုင်း
ပြည်သူရဲ့ဆနဒကို ခံယူဗြီးမှ လုပ်သင့်တယ်။
စကားပုံတခုရှိတယ်၊ဗမာတိုင်းသိတဲ့စကားပုံလေးပါ။သနားလို့တခုပေးရင်ကျန်တဲ့ဟာကိုပါရန်ရှာတယ် အဲဒီလိုများဖြစ်နေကြပြီးလား။
ခုခေတ်မှာဗမာစာဖတ်တတ်တဲ.နိုင်ငံခြားသားတွေရှိလာနေပါပြီ ။ညစ်ညမ်းစွာကော်မန်.ရေးသူများရဲ.အဆင်.ဟာ လွန်စွာအောက်တန်းကျပြီး ကျောင်းအိမ်သာ၊ဈေးအိမ်သာထရံက စုတ်ပဲ.လှတဲ.စာတွေအဆင်.နဲ.တူနေပါပြီ။ဝက်ဘ်ဆိုက်တာဝန်ခံများ စိစစ်ကြဖို.တိုက်တွန်းပါရစေ။
No..no...
ဒီလိုမဟုတ်ဘူးဗျ
အရင်စစ်အစိုးရသူခိုးတွေနဲ့တရုတ်တွေရဲ့ မတရားသဖြင့်တိုင်းပြည်သယံဇာတတွေကို ထုတ်ယူကိုယ်ကျိုးရှာခဲ့မှုတွေရဲ့ အဖြစ်သင့်ဆုံး ပေါက်ကွဲမှုတွေပဲ။ ဒီနေရာမှာ smart, responsive and sustained FDI especially from US & EU ဖြစ်ကြည့်ပါလား..
ပြည်သူတွေဒီလို လုံးဝမတုန့်ပြန်ဘူး ပြောရဲတယ်။ မူမမှန်ခဲ့တဲ့တရုတ်မို့လို့။
ဆဲတဲ့သူတွေကို လုံးဝဆန့်ကျင် ကန့်ကွက်ကြပါစို့
ကျနော်အမည်အမှတ်မှားသွားလားမသိ။
အခြားစာမျက်နှာမှာ မစီစီကျော်ဝင်းနဲ့အတူ
အင်္ဂလိပ်စာဖြင့် မှတ်ချက်ရေးထားသူမှာ ကိုဇော်အောင်လား?
Post a Comment