အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ ဖြစ်သည့် ယနေ့ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲဖြေရှင်းမှုနှင့် ပတ်သက်၍ Generation Wave (မျိုးဆက်သစ်လူငယ်များ) အဖွဲ့က လူအင်အား ၁၀၀ ခန့်ဖြင့် စီတန်း လှည့်လည်မှု ပြုလုပ်ခဲ့သည်။
မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံနှင့် ဆူးလေဘုရားကို ပတ်ကာ စီတန်း လှည့်လည်ရာ နံနက် ၁၁ နာရီမိနစ် ၂၀ ခန့်တွင် ပြီးဆုံးခဲ့သည်။
လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက် ဖြိုခွင်းမှုအား တရားမျှတစွာ ဖြေရှင်းရန်၊ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြသူတို့ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှ အမြန်ဆုံး လွှတ်ရန် အချက်များကိုလည်း သဘောထား ကြေညာချက် ဖော်ထုတ် တောင်းဆိုခဲ့သည်။
Generation Wave(မျိုးဆက်သစ်လူငယ်များ)အဖွဲ့၏ ဆန္ဒဖော်ထုတ်စီတန်းလှည့်လည်ပွဲသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှကိုဌေးကြွယ်တက်ရောက်ခဲ့သည်။
7Day News Journal
ဓာတ်ပုံ-ကျော်ဇင်သန်း

မျိုးဆက်သစ်လူငယ်များအဖွဲ့ ဆန္ဒဖော်ထုတ်
Reviewed by သစ်ထူးလွင်
on
14:02
Rating:
2 comments:
မျိုးဆက်သစ်လူငယ်ဆိုတာ အနာဂတ်ရဲ့ ရှေ့ဆောင်တွေပါ။ပြည်သူတွေရဲ့ အခက်အခဲတွေကို မားမားမတ်မတ်ရပ်တည်ပေးတာဟာ ကောင်းပါတယ်။ ကိုယ် ကျိုးမဖက်တဲ့ရပ်တည်ချက်မျိုးကိုလိုလားပါတယ်။
တက်ကြွထက်မြက်သော အတွေ့အကြုံအတွေးအခေါ် ရင့်ကျက်သော လူလတ်ပိုင်း နိုင်ငံရေးခေါင်းဆောင်များအား စနစ်တကျ ပြုစုပျိုးထောင်ပေးဘို့ မြန်မာနိုင်ငံ၌ အမှန်တကယ်လိုအပ်ပါသည်။ ခေတ်အဆက်ဆက် အညွန့်ချိုးခံခဲ့ရသော အဖြစ်ဆိုးမှ လွန်မြောက်အောင် ဝိုင်းဝန်းအားပေးကြပါ။ တိုင်းပြည်၏ အနာဂါတ် တိုးတက်ကောင်းစားတာမြင်ချင်လျှင် မဖိနှိပ် မချိုးနှိမ်ကြပါနှင့်။ အမြင်ကျယ်ကြပါ။
Post a Comment