လူမရှိလို့ သံဃာတော်များ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲမှူးကြီးဦးစန်းယု တောင်ပန်း

သြ၀ါဒခံယူပွဲပြီးဆုံး

စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက မိမိတို့ အနေဖြင့် အကြိမ်ကြိမ် တားဆီးခဲ့ ပါကြောင်း၊ လူများက သံဃာတော်များကို အကာကွယ်ယူပြီး ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း၊ သပိတ် စခန်းများအား ဖြိုခွင်းချိန်တွင် လူများမရှိကြဘဲ သံဃာတော်များသာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သံဃာတော်များ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတွက် စိတ်မကောင်းဖြစ်ရပြီး တောင်းပန် ပါကြောင်း ပြောသွားခဲ့သည်။

သတင်း - ဓါတ်ပုံ ။  ။ Eleven Media Group



ရဲတပ်ဖွဲ့ဝင်များဓမ္မာရုံအတွင်းဝင်ရောက်လာကြစဉ်


လာရောက်စောင့်ကြည့်နေသောမုံရွာမြို့ခံများ


လူမရှိလို့ သံဃာတော်များ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲမှူးကြီးဦးစန်းယု တောင်ပန်း လူမရှိလို့ သံဃာတော်များ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲမှူးကြီးဦးစန်းယု တောင်ပန်း Reviewed by သစ်ထူးလွင် on 15:45 Rating: 5

21 comments:

Unknown said...

အပိုတွေလျှောက်လုပ်နေတာ. သတိထားကြ နောက်တစ်ခါ လက်ပစ်ဗုံးနဲ့ ပစ်လိမ့်မယ်.

ူlay said...

ဘုန်းကြီး နဲ့ လူတွေကိုတိုက်ပေးနေတာလား...

hotladylay@gmail.com said...

အဲဒါဆို ပထမဆုံးမီးသတ်ပိုက်နဲ့စထိုးကထဲကဘုန်းကြီးတွေပဲတွေ့နေရဲ့သားနဲ့ မီးလောင်ဗုံးတွေဆက်ပြီးပြစ်ရတာလဲ။
အခုကိစ္စကဆင်သေကိုဆိပ်သားရေနဲ့ဖုံးတဲ့ဆင်ခြေပဲ လက်ခဲစရာမရှိပါဖူး

right said...

အပြစ်ကျူးလွန်ပြီးမှတောင်းပန်တာဆင်ခြင်တုန့်တရဗားနည်းပါးပါတယ်။မကျူးလွန်ခင်သေခြာအောင်လေ့လာသင့်တာပေါ့။ဘာ
အခုမှSorryလဲ။ငရဲပြည်ရောက်မှတောင်းပန်ပါတော့နော်။

Unknown said...

ဟို.... ကြားဖူးတဲ့စကားပုံလို ဖြစ်နေတယ်...ဘုန်းကြီးခေါင်းခေါက်ပြီးမှတောင်းပန်တယ်...အခုကတော့ ဘုန်းကြီးတွေကို ဗုံးဖောက်ပြီးမှတောင်းပန်တယ်...ကောင်းကြသေးရဲ့လား

Unknown said...

ဘာလုပ်လုပ်စဉ်းစားစေချင်တယ်


right said...

အပြစ်ကျူးလွန်ပြီးမှတောင်းပန်တာဆင်ခြင်တုန့်တရဗားနည်းပါးပါတယ်။မကျူးလွန်ခင်သေခြာအောင်လေ့လာသင့်တာပေါ့။ဘာ
အခုမှSorryလဲ။ငရဲပြည်ရောက်မှတောင်းပန်ပါတော့နော်။

right said...

အပြစ်ကျူးလွန်ပြီးမှတောင်းပန်တာဆင်ခြင်တုန့်တရဗားနည်းပါးပါတယ်။မကျူးလွန်ခင်သေခြာအောင်လေ့လာသင့်တာပေါ့။ဘာ
အခုမှSorryလဲ။ငရဲပြည်ရောက်မှတောင်းပန်ပါတော့နော်။

Unknown said...

ဘုန်းကြီးခေါင်းခေါက်ပြီးမှsorry လုပ်လို့ရမလား
၂၀၁၅ ကြရင်ပြည်သူတွေသတိနဲ့အသိရှိကြပါစေ။

Unknown said...

ဒါဆို....ဆိုလိုတာက ပြည်သူတွေကို အကြမ်းဖက်နှမ်နှင်းတယ်ပေါ့ ????

Unknown said...

သံဃာတော်များသာ ကျန်ရှိတော့ရင်ဘာဖြစ်လို့အင်အား(မီးလောင်ဗုံး)သုံးရသလဲစောက်ရူးတွေရဲ့

Unknown said...

ဒီလိုလုပ်ရပ်တွေက သူတို့ဆရာကြီးတွေသုံးခဲ့တဲ့နည်းလမ်းပါဘဲ
ဘယ်လိုပြောပြော ကျနော်တို့က ခံရပေါင်းများတော့ နောကျေနေပြီ

Unknown said...

ဖြိုခွင်းပြီးမှ လူမရှိမှန်းသိတယ်ဆိုတော့ အစိုးရဘက်က မသေချာပဲဝင်ရောက်ဖြိုခွင်းတဲ့သဘောပေါ့။ အကြိမ်ကြိမ်သတိပေးခဲ့တယ်ဆိုရင် လူရှိမှန်း သံယာတော်တွေပဲရှိမှန်း သေချာသိနေရမှာမဟုတ်လား ?????

greenfruit.85 said...

မြန်မာ နိုင်ငံသည် ဗုဒ္ဒဘာသာကို ကိုးကွယ်သောနိုင်ငံဖြစ်ပါသည် ယခုအချိန်သည် ဗုဒ္ဒ၏ သာသနာ ပျောက်ကွယ်တော့မည် နိုင်ငံကို အုပ်စိုးသော အာဏာပိုင်များမှ ဖျက်စီးသောကြောင့်

greenfruit.85 said...

မိမိကိုးကွယ်သော သံဃာကို မိမိတို့ ကိုယ်တိုင် ဖျက်စီးနေသော အာဂ အရိုင်းအစိုင်း အာဏာရှင်များ

Unknown said...

မှန်ပါသည်၊၈၈တုန်းကလည်းစပြီးဖွတာကလူတွေ၊(ကျောင်းသားများမပါ)နောက်ဆုံးခံရတာကသံဃာနဲ့.အမျိုးသမီးတွေ။အတိတ်ကအဖြစ်အပျက်တွေကိုသင်ခန်းစာယူသင့်ကြပါပြီး။ဥပဒေမဲ့လုပ်ရပ်များဟာမည်သည့်ဒီမိုကရေစီနိုင်ငံမှာမှမရှိပါ။ Buddhismမှာတောင်းပန်ယင်ခွင့်လွတ်ပြီးပြေပြေလည်လည်ညှိနှိုင်းစေချင်တယ်။ဒီပြသနာအပေါ်အမျာသဘောတူတဲ့ကိုယ်စလှယ်အဖွဲ.အနေနဲ.တာဝန်ရှိသူတွေကိုညှိနှိုင်းယင်ဖြင့်အကောင်းဆု့းံပါ။အပြစ်မဲ့ရဟန်းသံဃာများကိုနိုင်ငံရေးခုတုံးမလုပ်ဖို.တောင်းပန်အပ်ပါသည်။Environmental effect of copper production တွေနဲ.ပတ်သက်ပြီးဆရာတော်များကိုမဆွဲထဲ့စေချင်ပါ။ "ယောနိသောမနသီကာရ"အဲဒါလေးကိုစိတ်ထဲစွဲစေချင်တယ်။အခြားဘာသာ၊နိုင်ငံများနဲ.ဆိုယင်တော်သေးပါသှ်။(Van;KKK).

Anonymous said...

still not right..Even people are around they can't used that kind of forces ...they are asking for bloody excuses..They have to apologize the whole country...still have military mentality...sick of it



မိုးပြာေ၇ာင် အက်စစ်ရင်ခွင် said...

စုံစမ်းရေးကော်မရှင်အား အား နည်းပညာနှင့် ကူညီ အကြံပေးခြင်း( အမုန်းတရားများ / သွေးထိုးမှုများကြောင့်  မှားယွင်းစွာ သုံးသပ်ကြမည်စိုး၇်ျ တင်ပြခြင်း ဖြစ်ပါသည် ။)

http://www.facebook.com/permalink.php?story_fbid=241002119364061&id=183029355140327

Unknown said...

အ၀ီစိမှာ မီးထပ်ထိုးထားတယ် ကိုစန်းယုရေ
ရောက်တဲ့လူလည်း ရောက်နေပြီ
ခင်ဗျားလည်း ပြင်ထားတော့
တာ့တာ

Unknown said...

ခေတ်စနစ်နဲ.ပြောင်းလဲတိုးတက်နေတဲ့မြန်မာ့နိုင်ငံရေးကိုဂရုတစိုက်လေ့လာဖို.
လုံခြုံရေးတပ်ဖွဲ.၀င်တွေကိုအကြံပေးလိုပါတယ်။ယခင်အာဏာရှင်စစ်အစိုးရ
ခေါင်းဆောင်များလက်ထက်မှာမိမိကိုကျိုးစီးပွားတည်တံ၊ကုလားထိုင်မြဲရေးအ
တွက် စီးပွားရေး၊ပညာရေး၊ကျန်းမာရေးစတဲ့အခက်အခဲတွေရင်ဆိုင်နေတဲ့လူထု
တရပ်လုံးကိုဓါးမိုးအုပ်ချုပ်ဖို.လုံခြုံရေးတွေကိုစိတ်ရိုင်းတွေသွင်းပြီးလူထုကိုသတ်
ဖြတ်ခိုင်းပါတယ်။လုံခြုံရေးမိသားစုဝင်တွေကအစအဖွဲ.ပိုင်စိုက်ခင်းမှာအခမဲ့
လုပ်အားပေး၊ရတဲ့ငွေတွေကားဝယ်၊တိုက်ဆောက်နဲ.အခွင့်အရေးမရတဲ့ရဲ
ဘော်တွေရဲ.ဘ၀နဲ.အများကြီးကွာပါတယ်။နောင်ကိုမမှားကြဖို.ဂရုစိုက်ကြပါ။
တိုးတက်သောအနာဂတ်နိုင်ငံဘ၀၊အသက်၊စစ်မှန်တဲ့အတွေးအမြင်နဲ.ပြည်သူ
တွေနဲ.လက်တွဲရမဲ့အချိန်ပါ။

Hate War said...

ဦးစန်းယု အပါအ၀င် ရဲဘော်ရဲဘက်တွေကို သိစေချင်တယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆိုတာကိုရော သဘောပေါက်နားလည်ရဲ့လား။ ယခင် အာဏာရှင်အုပ်ချုပ်ရေးဆိုတာကိုတော့ ကောင်းကောင်းနားလည်ခဲ့မှာပါ။ ဒါကြောင့်လည်း ယခင်နည်းအတိုင်းပဲ အထက်က စေခိုင်းချက်အတိုင်း ဖြေရှင်းခဲ့တာလား။ စနစ်ပြောင်းလဲလာတဲ့နောက်မှာ လူကြီးမင်းတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေလည်း လူဆန်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ လူကြီးမင်းတို့လည်း ယူနီဖောင်းတစ်ခုဝတ်ဆင်ထားလို့ အမျိုးအစားကွဲနေတာပါ။ အကျီ င်္ချွတ်လိုက်ရင် လူဟာ လူပါပဲ။ လူဆိုတာ သွေးနဲ့သားနဲ့ တည်ဆောက်ထားတာလေ။ လူကြီးမင်းတို့ သုံးစွဲခဲ့တဲ့ လက်နက်ကိရိယာရဲ့ သက်ရောက်မှုဆိုးကျိုးကိုတော့ ကြိုပြီးသိထားမယ်လို့ထင်ပါတယ်။ ဘယ်လို အမိန့်ကြောင့်ပဲ ဖြစ်ဖြစ် ဒီမိုကရေစီစနစ်အရ လူ့အခွင့်အရေးရှိတယ် လူကြီးမင်းတို့လည်း အဲဒီအခွင့်အရေးအရ အကောင်းအဆိုးကို ခွဲခြားသုံးသပ်ပြီး အမိန့်ကို ဖောက်ဖျက်သင့် ဖောက်ဖျက်ရမယ်။ ယခင် အာဏာရှင်စနစ်ကလို ရာထူးပြုတ်မှာ အရေးယူခံရမှာ ကြောက်မနေသင့်ဘူး။ ဘာကြောင့် ဒီလို အကြံပြုရလဲဆိုတော့ ရဲတပ်ဖွဲ့(ပြည်သူ့ရဲတပ်ဖွဲ့)ဆိုတာ ပျောက်ပျက်သွားမှာမဟုတ်လို့ပဲ။ ပြီးတော့ နောက်ထပ်မလိုလားအပ်တာတွေ ထပ်ဖြစ်မလာစေချင်တော့ဘူး။ ဒီမိုကရေစီစနစ်မှာ ဒီလိုဖြစ်စဉ် (ဆန္ဒဖော်ထုတ်မှု)တွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေမှာပဲလေ။ တိုးတက်ပြီးသား တိုင်းပြည်ကြီးတွေမှာတောင် ဆန္ဒဖော်ထုတ်မှုတွေ ရှိနေသေးတာပဲ။ မှန်ကန်စွာ ရပ်တည်ခြင်းနှင့် မှန်ကန်စွာ ဆောင်ရွက်ခြင်း နောက်ကွယ်မှာ ပြည်သူတွေရှိနေလိမ့်မယ်။

Powered by Blogger.