အီဂျစ် သမ္မတ အိမ်တော်ကို ဝိုင်းဆန္ဒပြ

ရဲက မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲ
အီဂျစ် အခြေခံ ဥပဒေ ရေးဆွဲခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော် ဖျက်သိမ်းရေး နဲ့ သမ္မတက သူ့ကိုယ်သူ အာဏာကုန် အပ်နှင်းခဲ့တဲ့ အခြေခံ ဥပဒေ ကြေညာချက် ကို ဖယ်ရှား ပစ်ဖို့ ထောင်သောင်း ချီတဲ့ လူအုပ်ကြီး ကိုင်ရို မြို့တော်က သမ္မတ နန်းတော် တဝိုက်မှာ ဆန္ဒပြ နေကြပါတယ်။

သမ္မတဟာ သူ့ကိုယ်သူ ဘုရားထက် မြင့်တဲ့ နေရာယူပြီး သူ့ကို ပြန်မေးခွန်း မထုတ်နိုင်အောင် လုပ်ထားတယ်လို့ ဆန္ဒပြသူ တယောက်က ပြောကြား သွားပါတယ်။

တနေရာမှာ သံဆူးကြိုးကို ဖြတ်ကျော် ဖို့ ကြိုးစားတဲ့ ဆန္ဒပြ သမား တွေကို ရဲက မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲ ခဲ့ပါတယ်။

သမ္မတ မော်စီ အိမ်တော်က ထွက်သွားပြီ ဖြစ်လို့ အေးအေးချမ်းချမ်း ရှိကြဖို့ ရုပ်သံ ကြေညာချက်ကို လုံခြုံရေး တပ်တွေက ထုတ်လွှင့် ပေးခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အီဂျစ် သမ္မတ အိမ်တော်ကို ဝိုင်းဆန္ဒပြ အီဂျစ် သမ္မတ အိမ်တော်ကို ဝိုင်းဆန္ဒပြ Reviewed by သစ်ထူးလွင် on 20:40 Rating: 5

No comments:

Powered by Blogger.