လက်ပံတောင်း စီမံကိန်း သပိတ် ဖြိုခွဲမှု အတွက် စုံစမ်းရေး ကော်မရှင်က ဒေသခံ တွေကို မေးမြန်း စုံစမ်း ခဲ့ရာမှာ ပြီးခဲ့တဲ့ စီမံကိန်း တွေရဲ့ ဆိုးကျိုးတွေကို ကြေးစင်တောင် စံပယ်တောင် ဒေသခံ ရွာတွေမှာ ထိခိုက်တာ ကြုံခဲ့ရလို့ မလုပ်စေချင်ကြောင်း ပြောဆို ခဲ့ကြပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သံဃာ အားလုံးကို တာဝန်ယူ ကုမပေးလို့ဆို |
လက်ပံတောင်း နယ်ခံတွေကို ကော်မရှင်စုံစမ်း
Reviewed by သစ်ထူးလွင်
on
08:40
Rating:
19 comments:
တော်ကြပါတော့ နင်တို့ကလဲ မေးမည့်သူရှိရင် ပြေလည်ရာပြေလည်ကြောင်းကို တလုံး တပါဒမှ မပြောဘူး၊ ပြောတော့ အမေစု ဆန္ဒအတိုင်း လုပ်ဆောင်မယ်၊ မီဒီယာနဲ့တွေ့ရင် တလွဲပြောတယ်။
မင်းက အဲဒီဒေသကလား
မင်းတို့ပြသနာက ငယ်ငယ်တုန်းက ကျောင်းစာအုပ်ထဲမှာ မိုးပြိုလို့ ပြေးတဲ့ ယုန်သငယ် လိုမျိုး ဖြစ်နေတယ် ၊ စဉ်းစဉ်းစားစားလုပ် ၊ သူများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ ပုံစံမျိုးဖြစ် နေတယ် ၊ ကိုယ့်ကိုကိုယ် ဝေဖန်ဆန်းစစ်ပါ ၊ စေတနာနဲ့ပြောတာ တစ်မျိုးမထင်နဲ့
အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်း အဆိုးနဲ့အကောင်းဆိုတာရှိပါတယ် စုံစမ်းရေးအဖွဲ့အတွက် အချိန်အတိုင်းတာတခုပေးဖို့လိုပါလိမ့် မယ် ဒီကြားထဲမှာဆန္ဒစော အပစ်တင်ဝေဖန်မှု့တွေပဲလုပ်ဆောင် နေကြမယ်ဆိုရင် ခရီးမတွင်တာပဲအဖတ်တင်မယ် ဖြစ်ခဲ့ပြီးသားကိစ္စတွေက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး စုံစမ်းရေးအဖွဲ့တွေကလည်း ဝေ့လည်ကြောင်ပတ် ဘာမဟုတ်တဲ့သတင်းထုတ်ပြန်မှု့တွေ ခဏခဏ လုပ်နေမဲ့အစား ထိရောက်မှု့လဲရှိ ပွင့်လင်းထင်သာမြင်မှု့လဲရှိ ဘယ်သူ့မျက်နှာမှလဲမထောက် တိကျသေချာ ခိုင်လုံတဲ့အထောက်အထားနဲ့ရှင်းလင်းတင်ပြဖို့လိုတယ် လူပြိန်းကြိုက်လုပ်ခိုင်းတာမဟုတ်ဘူး နိုင်ငံတကာတန်းဝင်အောင်ကြိုးစားကြပါ ဒီလုပ်ငန်းရဲ့သဘောသဘာဝဟာ narrow angle ဖြစ်သလို Very sensetive လဲဖြစ်တယ် အထိအခိုက်လဲမခံသလို နှုးညံ့သိမ်မွေ့စွာနဲ့ အင်မတန်မှပါးပါးနပ်နပ် ပညာရှိရှိ ရဲရင့်စွာ ကိုင်တွယ်ရဲတဲ့ သတ္တိ ရော ဗျတ္တိ ပါရှိရလိမ့်မယ် မရဲပဲနဲ့တော့ အစတည်းက ကျွဲပြဲကိုမစီးကြပါနဲ့ ဒီပုစ္ဆာဟာ ရလာဒ်ကော တွက်နည်းပါမှန်ဖို့ အထူးကြိုးစားရပါလိမ့်မယ် ဘာ့ကြောင့်လဲဆိုရင် တကဘာလုံးက မျက်လုံးထောက်ထောက် စောင့်ကြည့်နေကြလို့ပဲ အဝေဖန်ခံနှိုင်ဖို့လိုသလို ကိုယ့်အလုပ်ကိုမဆုတ်မနစ်လုပ်ရဲတဲ့ သတ္တိလဲ အပြည့်ရှိရမယ် do or die ပဲ အခက်အခဲအားလုံးကို အန်တီစု ကျော်ဖြတ်နှိုင်ပြီး ပြည်သူ့အတွက်ဒီမိုကရေစီပန်းတိုင်ကို အချိန်တိုတွင်းဆောင်ကျဉ်းပေးနှိုင်ပါ စေ ဘေးဒုက္ခ အပေါင်းမှကင်းဝေးပါစေ လူသားအားလုံးထာဝရငြိမ်းအေးကြပါစေ
ဟုတ်ပါတယ်ခင်ဗျာ
ကော်မရှင်အဖွဲ့ကိုအချိန်အတိုင်းအတာ
တစ်ခုတော့ပေးမှကိုဖြစ်မှာပါ။
မအေလိုတရုတ်ကိုမောင်ထုတ်ကြပါသူကျွန်မခံဘဲးစိတ်ဓာက်က်ုအပြည်ထားပါ
စောက်စကားတော်တော်များတဲ့ကောင်ပဲ။
လက်ပန်းတောင်တောင်ဘယ်မှာရှိတာသိလား။
good idea.thanks
အကုန်းလုံး အဆင်ပြေစေဘို့ အတတ်နိုင်ဆုံး ကြိုးစားနေတာ ခဏလေးငြိမ် ပြီးနေကြရင် ပိုကောင်း လာမှာပါ စုံစမ်းရေး ကော်မရှင်ကို အာရုံများအောင်မလုပ်ပါနဲ့ ဘယ်လိုဘဲတည်ငြိမ်တဲ့ သူဖြစ်ပါစေ ပြည်သူလူထုနဲ့ပတ်သက်နေတဲ့ အရေးမို့အရမ်းကိုစဉ်းစား ချငိ့ချိန် ရတဲ့အနေထားပါ
စိတ်တွေမစောကြစေချင်ဘူး။ ဘယ်သူကပဲ ဘယ်လိုတွန်းအားပေးပေး - စေတနေနဲ့ပြုလုပ်ပေးနေတဲ့ စုံစမ်းရေးက်ေမရှင်ကို အချိန်ပေးစေချင်ပါတယ်။
ညီကိုတွေပြောတာမှန်ပါတယ်ဗျာ.အကောင်ဆုံးဖြစ်အောင်ကော်မရှင်ကလုပ်ပေးနေပြီပဲ စောင့်ပေးကြပါအုံး. သနားလို့ လက်ပေးကိုင်စကားပုံလိုဖြစ်နေပြီနော်....
စီမံကိန်းကြီးတစ်ခုလုံးရပ်ဆိုင်းဖို့အမေစုအတွက်ခက်ခဲလိမ့်မယ် လျော်ကြေးငွေကိစ္စ တွေ ၀န်ကြီးဌာနမှစ၍ အောက်လက်ဌာနတွေအထိ မသမာမှုပြုထားတွေရှိတယ်လို့ကြားရတယ် ဒါတွေကိုတော့ဖော်ထုတ်အရေးယူ ဖို့လိုအပ်လိမ့်မယ် နှိုင်းနှိုင်းချိချိန်လုပ်ရမှာမို့ အချိန်ပေးဖို့လိုအပ်တယ် ဒါမှအမှန်တရားကဖော်ထုတ်လို့ရမှာလေ။နဲနဲတော့သည်းခံခြင်းနှင့်နားလည်မှုရှိရမှာပေါ့။ နေရာကွက်ကွက်လေးကိုကြည့်လို့မရဘူးတစ်နိုင်ငံလုံးအကျိုးစီးပွားနဲ့ပတ်သက်တယ်လေးပစ္စုပ္ပန်နဲ့အနာဂတ်အကျိုးဆက်ကို နှိုင်းယှဉ်ဆောင် ရွက်ရမှာတွေရှိတယ်လေ။ သိပ်ကိုနူးညံ့တယ်။
ကော်မရှင်ပါဆိုကော်သေနေပြီလေ၊မရှင်တာနဲသေတာ
အတူတူပဲမဟုတ်လား။ကော်သေနေမှတော့ဘယ်ကပ်
တော့မှာလဲ
မြန်မာပြည်ကိုတရုပ်ကမြေလှန်ပြီးယူမယ်ဆိုတာ မယုံရင် လက်ပတောင်းတောင်ကို သွားကကြည့်လိုက်ပါ။ကြေးစင်တောင်ဆိုတာ သမိုင်ပဲရှိတော့တယ် မြေမှုန်အတိ နဲ့ကွင်းပြင်ကျယ်ကြီးဖြစိသွားပြီ။လက်ပတောင်းတောင် စဖြိုလို့တော်တော်ရောက်နေပြီ။ပြီးရင် အနားမှာရှိနေတဲ့ စပယ်တောင် အပါအဝင် တောင်စွယ်ပေါင်းမြောက်များစွာကို မြေလှန်တော့မယ်။အနားမှာရှိတဲ့ ရွာသူရွာသားတွေဘာရလဲ ဘာတွေတိုးတတ်လာမလဲ။လာကြည့်လှည့်ပါ။လုပ်စားစရာမြေမရှိဘူး။သောက်သုံးဖို့ ရေကောင်းရေသန်မရှိဘူး။ဒီလိုအခြေအနေတွေနဲ့ ကျွန်တော်တို့ဘဝတွေ ဘယ်လိုဆက်ပြီးရပ်တည်မလဲ။တောင်တွေအဆက်ဆက်သာကုန်ဆုံးသွားတယ် ကျွန်တော်တို့ဘဝတွေ ပြာပုံတိုးတဲ့ခွေးလောက်တောင်မတောက်ပြောင်ကြပါဘူးဗျာ။ခင်ဗျားတို့လာကြည့်ပါ ဒါ ၁ယောက်ထဲဖြစ်နေတာမဟုက်ဘူး။တနယ်လုံး တဒေသလုံး ဖြစ်နေတာ။စာချုပ်ကိုပြောင်းလဲမရရင်တောင် အခြားတခုခု စဉ်းစားပေးလို့ရမယ်လိုမျော်လင့်ပါတယ်။လက်ပတောင်းတောင်ဒေသကလူတွေကတော့ ဘာဖြစ်မယ်မသိတဲ့အရာကြီးကို စောင့်ရင်းရင်တထိက်ထိက်နဲ့အိပ်ရတဲ့ အချိန်တွေများနေပါပြီ။တရုပ်ချယ်လှယ်တာကို ငြိမ်ခံမနေပါရစေနဲ့ဗျာ။အစိုးရတာဝန်ရှိသူတွေကလည်း ကိုယ်စားထားတာကို အပစ်မဲ့ပြည်သူတွေပေါ်ပုံမချကြပါနဲ့။
Post a Comment