မန္တလေး ၊ ဒီဇင်ဘာ ၁၁ ရက်
ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင် မန္တလေး မြို့ ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်ကို မိမိသေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းခဲ့သည်။
အဆိုပါ နေရာ သို့  သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်မှ တာဝန်ရှိသူများ၊ ကယ် ဆယ်ရေး အဖွဲ့ ဝင်များနှင့် မီးသတ်ယာဉ် ၂ စီး တို့ ရောက်ရှိလာပြီး မိမိကိုယ်ကို မိမိ သေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းသော အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့သည်။
" သူ့ ရဲ့ မိန်းကလေး နဲ့ အဆင်မပြေလို့ ခုန်ချပြီး သေကြောင်းကြံစည် တယ် လို့ ပြောတာပဲ " ဟု အဆိုပါ ဒိုင်းမွန်းပလာ အပေါ်ဆုံးထပ်တွင် ရောက်ရှိနေသော တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယခု အခါ အဆိုပါ အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။
သတင်း၊ ဓါတ်ပုံ - စိုင်းလမင်း - Popular Myanmar News Journal

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် က မန္တလေးမြို့ ၃၃ လမ်း ပေါ်ရှိ ဒိုင်းမွန်း ပလာဇာ အပေါ်ဆုံးထပ်တွင် လူတစ်ယောက် မိမိကိုယ် မိမိ သေကြောင်း ကြံစည်ရန် ကြိုးစားမှုအား တွေ့ ရစဉ်။ |
မန်း မှ သေကြောင်းကြံစည်သူတစ်ဦး အား သက်ဆိုင်ရာမှ အချိန်မှီ တားဆီး
Reviewed by သစ်ထူးလွင်
on
14:47
Rating:
4 comments:
ကိုးရီးယားစတိုလ်တွေ မလုပ်ပါနဲ့။ကိုယ်သတ်သေသွားရင် သူက နောက်တယောက်နဲ့ပျော်နေမှာပေါ့။
အဲဒီအပေါ်ထပ်ကြီးကလုံခြုံေ၇းမကောင်းဘူး။ လူ၇ှင်း
တော့ တခြားကိစ္စတွေပါဖြစ်နိုင်လို့ ပလာဇာကသေခြာ
တာဝန်ယူကာကွယ်စောင့် ကြပ်ပေးဘို့လိုပါတယ်။
ဆေးလိပ်တိုပစ်ခြသွား၇င်တောင်သိမှာမဟုတ်ဘူး။
အသုံးမပြုတဲ့ အချိန်တွေမှာသော့ပိတ်ထားသင့်ပါတယ်။
သေပါစေပေါ့ မသနားပါဘူး
သေတာတောင် ဝါးတားတား လုပ်နေသေးတယ် လူကွယ်ရာမှာ ဇွဲကြိုးချသေလိုက်ပါလား ခုန်မချရဲလို့အဖမ်းခံလိုက်တာ မင်းတရားစွဲခံရမယ်
Post a Comment