တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ

လက်ပန်းတောင်းတောင် သပိတ် စခန်းတွေက အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတဲ့ ရဟန်း သံဃာတွေနဲ့ ပတ်သက်ပြီး အစိုးရ တာဝန် ရှိသူတွေ က ဖြေရှင်းပေးဖို့ တစ်ကိုယ် တော် ဆန္ဒပြ တောင်းဆို ခဲ့တဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့က ကိုထင်ကျော် ကို ဒီကနေ့မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲ ဆိုထား တယ်လို့ သိရပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပန်းတောင်း အရေးနဲ့ ပတ်သက်ပြီး ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု အဖွဲ့မှ ကိုထင်ကျော် မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြနေစဉ်။ Photo: RFA/Kyaw Zawe Win

တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ Reviewed by သစ်ထူးလွင် on 22:21 Rating: 5

9 comments:

ဖာနိုင်ငံသားစစ်စစ် said...

ဆန္ဒပြတဲ့သူတွေအတွက်ဥပဒေရှိတယ်
မီးသေနတ်နဲ့ပစ်တဲ့သူပြည်တွင်းစစ်ကိုလေယာဉ်တွေရဟတ်ယာဉ်
သုံးပြီးကုလသမ္ဂပဋိဥာဉ်ချိုးဖောက်တဲ့သူတွေအတွက်ဥပဒေမရှိ
ဘူးလား

Unknown said...

အစိုးရတာဝန် ရှိသူလုပ်စားနေတဲ့လူတွေအတွက်ဥပဒေဆိုတာမရှိဘူး

Unknown said...

ပြည်တွင်းစစ်လေယာဉ်မသုံးရဘူးလို့ဘယ်မှာဘယ်လိုပြဌန်းထားလဲအတိအကျသိခြင် ပါတယ်ခင်ဗျား၊

pyisoe said...

ဟိုးတုံးက ခေတ်တစ်ခေတ် မုသာဝါဒမပြောတဲ့ ခေတ်မှာ လိမ်ညာစကားပြောတဲ့သူဟာ မဟာပထဝီမြေကြီးအက်ကွဲပြီး တစ်ခါတည်းမြေမျိုသွားသတဲ့။ ဒီခေတ် မဟုတ်တာလုပ် မမှန်တာပြော၊ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောတဲ့သူတွေ ကြီးစိုးတဲ့ခေတ်ဆိုးကြီးမျိုးမှာ ဟုတ်တာမှန်တာ ထုတ်ပြောတဲ့သူတော့ မလွယ်ဘူးနဲ့တူတယ်။ အစိုးရကောင်းကို တည်ထောင်ပြီး ခေတ်သစ်တစ်ရပ်ကို ဖော်ဆောင်ချင်ပါတယ်ဆိုတဲ့ ဒီကနေ့နိုင်ငံတော်ဟာ ဘာလုပ်သင့်တာလဲ။ မှန်တာပြော ဟုတ်တာလုပ်တဲ့သူတွေကို ထောင်ချရမှာလား၊ ဂုဏ်ပြုရမှာလား။ ရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင် နောက်ကွယ်ကျမှ ခိုးစားတဲ့ ကြောင်သူတော်ကြက်သူခိုးတွေကိုပဲ သူကောင်းပြုနေသေးသမျှ ဝါ လူဆိုးလူကောင်းမခွဲတတ်သေးတဲ့ wise government မဖြစ်သေးဘူးဆိုရင် good/clean government ဖြစ်နိုင်ပါမည်လား။ ဒီမိုကရေစီဆိုတာ ဘယ်လိုသဘောဆိုတာ ပြည်သူတွေကျကျနနသိအောင် ဘယ်နိုင်ငံရေးခေါင်းဆောင်ကမှ မှတ်လောက်သားလောက် မိန့်ခွန်းပြောတာ မကြားကြရသေးပါ။ သူများနိုင်ငံက ဘယ်လိုခေါင်းဆောင်က သမိုင်းတွင်လောက်မဲ့ မိန်းခွန်းမျိုးဖြစ်ပါစေ ကိုယ့်တိုင်းပြည် ကိုယ့်ခေါင်းဆောင်က မပြောသရွေ့ ဒီမိုကရေစီဆိုတာ လေထဲမှာပဲရှိနေတဲ့ အသံတစ်သံလို အားမရှိပါ။ ဒီမိုကရေစီကို တကယ်ယုံကြည်ရင် ပြည်သူတွေကို ကိုယ်ယုံကြည်တာ ချပြဖို့ကောင်းသည်။ လမ်းညွန်ပြဘို့ကောင်းသည်။ ဒီလိုလုပ်တာကောင်းတယ်၊ ဒီမိုကရေစီကို ကောင်းကျိုးပြုတယ်။ ဒီလိုလုပ်တာ မကောင်းဘူး ဒီမိုကရေစီကို ဖျက်ဆီးရာရောက်တယ် စသည်ဖြင့် ဒီမိုကရေစီအမူအကျင့်များကို ပြည်သူတွေကြားမှာ ထင်ထင်ရှားရှား ပြုစုပျိုးထောင်ပေးဘို့ တာဝန်ရှိသည် ဟုမြင်ပါသည်။

Unknown said...

အား လုံး ကို အ ကောင်း မြင် နိုင် အောင် ကြည့် ကြ ပါ လို့ ပြော ချင် တယ်

Unknown said...

နာမည်ကြီးချင်ရင် အဲဒီလို မလုပ်နဲ့ ၊ ဖိနပ်ကို ခေါင်းပေါ်တင်လမ်းလျှောက်ပါ

သီဟ ကျော် said...

အူယောင်ဦးရေ၊ အားလုံးအတွက် ဆန္ဒပြရဲတဲ့သူကို မနောက်နဲ့လေ။ သူ့လို မလုပ်နဲ့ပါဦး၊ မြို့တော်ခမ်းမ ရှေ့ကိုပဲ ၅-မိနစ် ပြည့်အောင် သွားရပ်ပြီး စူးစူးစိုက်စိုက် ကြည့်ရဲလို့လား။

Unknown said...

အရူး။
တစ်ယောက်ထဲ တွန်းလို့မရွေ့ဘူး။
မဖြစ်နိုင်မှန်း သိရက်နဲ့ လုပ်တာ ။

Unknown said...

မဟုက်သေးဘူး။၁ယောက်ကစ၁၀၀ဖြစ်နိုင်တာပဲ။သူများယုံကြည်ချက်ကိုမစော်ကားပါနဲ့။

Powered by Blogger.