သပိတ်ကျင်းမြို့ အနီး ငလျှင်ထပ်မံလှုပ်ခတ်

ယနေ့(ဒီဇင်ဘာ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် ၆၈ မိုင်အကွာ သပိတ်ကျင်းမြို့၏ မြောက်ဘက် ၅ မိုင်အကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မန္တလေး မြေငလျင် သတင်းဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ငလျင်ငယ်မှာ သပိတ်ကျင်းမြေငလျင်ကြီး၏ နောက်ဆက်တွဲ မြေငလျင်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် နံနက်တွင် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့သော သပိတ်ကျင်းမြေငလျင် လှုပ်အပြီး နောက်ဆက်တွဲမြေငလျင် လှုပ်ခဲ့သော အကြိမ်ရေ ၄၀ နီးပါးရှိပြီးဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီ ၂ မိနစ်ကျော်တွင်လည်း နေပြည်တော်အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

7Day News Journal


သပိတ်ကျင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်က တွေ့ ရပုံ။

သပိတ်ကျင်းမြို့ အနီး ငလျှင်ထပ်မံလှုပ်ခတ် သပိတ်ကျင်းမြို့ အနီး ငလျှင်ထပ်မံလှုပ်ခတ် Reviewed by သစ်ထူးလွင် on 15:22 Rating: 5

8 comments:

Unknown said...

အင်း ... မဟာတန်းကျောင်းသူလေးကိုမဝင်ခံတဲ့ လူတွေ
ရဲ့ နေရာမှာငလျင်လှုပ်ပြီး မြေပြိုကျရမှာ

Unknown said...

မြို့ထဲ အဝင်မခံတဲ့ သူတွေ တနေ့ နင်တို့လည်းသေရမယ်ဆိုတာရောသိရဲ့လား။ နင်တို့သေရင် မဟာတန်းကျောင်းသူလေးလို ကံကောင်းနိုင်ပါ့မလား။

Unknown said...

ဘာသာတရားမရှိတဲ့သူတွေ၊ပြန်ခေါ်လို့ရှိရင် ဘာဖြစ်သွားမှာမို့လဲ၊သု့မိသားစုနဲ့အတူနေဖို့ တောင်ဝိုင်းစီစဉ်ပေးရမှာနော်၊

Unknown said...

ဒီလောက်ကံကောင်းတဲ့ကောင်မေ
လးကို ငါကတော့အိမ်ပေါ်မျာ ခေါ်ထားမှာ ညီမလေး အရင်းလို စောင့်ရှောက်ပေးမယ် ဆက်သွယ်ပေးပါ

Unknown said...

အပြောကတော့ ရွှေမန်း လုပ်လိုက်ရင် ကျော်ဆန်းအတိုင်းဘဲ။

Unknown said...

zawhtoo မင်းညီမငါပေးကွာ မင်းပြောသလိုထားမှာပေါ့

Unknown said...

မြေငလျှင်လှုပ်တာဘာကြောင့်လဲသိကြရဲ့လား
သိချင်ရင် ဒေါ်သိန်းစိန်ကိုသွားမေးကြ

Unknown said...

ကောင်မလေးသတင်းကလန်ကြုတ်ကြီးတဲ့ကွ အပေါ်ကညီအကိုတို့ စောင့်ရှောက်မယ်ဆိုလို့သစ်ထူးလွင်ကြီးမင်းတို့အိမ်ရောက်လာနေမယ်နော်

Powered by Blogger.