ဒီနေ့ မနက် ၉နာရီ ၄၅ မိနစ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီဲမြို့ Vigyan Bhawan မှာ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံပါတယ်။ ဆွေးနွေးပွဲကို သမ္မတနဲ့ အတူ ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဌေး၊ ဦးအေးမြင့် မြန်မာသံရုံး ယာယီတာဝန်ခံ ဦးဘလှအေးနဲ့ အဖွဲ့တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်က ၀န်ကြီးချုပ် ၊၀န်ကြီးအဖွဲ့၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ တခြားအဆင့်မြင့်အရာရှိကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ အိန္ဒိယ၀န်ကြီးချုပ်နဲ့ အဖွဲ့ကို ကျေးဇူးတင်ရှိပါကြောင်း နဲ့ ပြီးခဲ့တဲ့နှစ် မေလက ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မြန်မာခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက် ၁၁ ချက်ကို စတင် အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီနောက်မြန်မာသမ္မတနဲ့ အိန္ဒိယ၀န်ကြီးချုပ် တို့ဟာ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယမြန်မာထိုင်း ၃ နိုင်ငံ ကားလမ်းဖောက်လုပ်မှု၊ မြန်ဆန် ဆောင်ရွက်ရေး၊ အိန္ဒိယ ရဲ့ ဖွံဖြိုးရေး ကူညီမှု စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ရေး အပြင် ၊နှစ်နိုင်ငံ လူထု ဆက်ဆံမှု ကတဆင့် စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ နှစ်နိုင်ငံအကျိုးတူ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
အကြိမ် ၂၀မြောက် အာဆီယံ အိန္ဒိယ ထိပ်သီးအစည်းအဝေး မှာ မြန်မာသမ္မတက မိန့်ခွန်းပြောဆိုရာမှာ -မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်တာနဲ့ အညီ အာဆီယံ နဲ့ အိန္ဒိယနိုင်ငံကြား လုံခြုံရေး အပါအ၀င် ကဏ္ဏပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးပေး ထား ပါတယ် လို့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် ကမ္ဘောဒီးယား လာအို ဗီယက်နမ် နိုင်ငံတွေမှာလူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်အိန္ဒိယက အကူအညီပေးတဲ့ အာဆီယံ ပေါင်းစည်းရေးလုပ်ငန်းမှာ ကူညီနေတဲ့ အတွက် ကျေးဇူးတင်ကြောင်းလဲ ပြောဆိုပါတယ်။ အိန္ဒိယ နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ အာဆီယံနဲ့ အိန္ဒိယကြား ကုန်သွယ်ရေးတန်ဖိုါ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ ၀ အထိတိုးတက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာသမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံစဉ် (သတင်းမှတ်တမ်း- နိုင်ငံတော်သမ္မတရုံး) |
သမ္မတဦးသိန်းစိန် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
23:37
Rating:
6 comments:
သမ္မတကြီး ကျမ်းမာပါစေ ပြန်ရောက်ရင်လည်းပဲ ကချင်စစ်ပွဲ အတွက် ငြိမ်ချမ်းရေးယူနိုင်ပါစေ တနိုင်ငံလုံး အေးချမ်းဖို့နေရာအားလုံး သမ္မတကြီး လုပ်ဆောင်နိုင်ပါစေ ပြည်သူအားလုံးကိုစား တောင်းဆိုအပ်ပါသည် ဦးသိန်းစိန်ကျမ်းမာပါစေ အသက်ရှည်ပြီးကျမ်းမာပါစေ့ 
စိန်=ဘာဘူကြီးတို့ ဆီကတဆင့်၇လိုက်တဲ့ဆွီဒင်လက်နက်ကိစ္စကိုလျောက်မပြော၇ဘူးနော်။အဲဒါကြီးတွေနဲ့ ကချင်မှာဖဲ့လို့ ကောင်းတုန်း၇ှိသေးတယ်။၇ှိသေး၇င်ပေးအုံး။လူကိုဆန့် တငင်ငင်ဖြစ်အောင်မလုပ်နဲ့ ။
ဆင်း=အေးပါကွာ။မင်းကောင်း၇င်ပြီးတာပါပဲ။ငါလဲထိန်းနိုင်သလောက်ကြာကြာထိန်းထားပေးပါ့မယ်။(လျို့ ဝှက်ချက်)
ငါကမင်းတ၇ုပ်ကြီးထက်ပိုကောင်းတယ်ဆိုတာမင်းသိ၇င်ပြီးတာပဲ။(စိတ်ထား)
အကြီးအကဲဆိုသူရေ၊မင်းကျင့်တရားငါးပါးစာအုပ်ကိုသေချာပြန်ဖတ်အုံး။
Criticize လုပ် တာ လည်း လုပ် ကြ ပေါ. ဗျာ။ ယဉ် ကျေး မှု များ လည်း စောင်. ထိန်း ကြ ပါ။ ဒီ လို သမတ ပေါ် အောင် စောင့် ခဲ့ ရ တာ ၆၂ ခု နှစ် ထဲ က ပါ။ ခု သရက်ပင် စိုက် ခု သရက်သီး သီး မှာ တော့မ ဟုတ် သေး ဘူး။
သ၇က်သီးတကယ်စားချင်လို့စိုက်၇င်နှစ်ပေါင်း၅၀မကြာပါဘူးဗျာ။စိတ်စေတနာမမှန်ကြလို့,ဘယ်သူသေသေငေ၇ွှမာ၇င်ပြီးေ၇ာဆိုပြီးဘိုးဘွားပိုင်ပစ္စည်းတခုလိုသဘောထားခဲ့ကြလို့ ပြည်သူတွေမြေဇာပင်ဖြစ်ခဲ့ ကြ၇တာပါ။သ၇က်သီးမကြွေးချင်လို့ ၇သလောက်အချိန်ဆွဲပြီးစိုက်နေကြတဲ့အာဏာ၇ူးတွေကြားမှာမူလပိုင်၇ှင်ဖြစ်တဲ့ပြည်သူတွေအနာခံပြီးဘယ်လောက်ကြာကြာစောင့်၇အုံးမှာလဲ။
ကျားကိုသမင် မေတ္တာမြင်က သမင်မေတ္တာ ကျားအစာ
တဲ့ဗျာ နောက်ထပ် နှစ်ပေါင်း ထောင်ချီအောင်ထိ ပြည်
သူတွေကို ဒုက္ခရောက်စေချင်ရင် စစ်ခွေးတွေကို ဆက်
ပြီးအားပေးကြပေါ့ကွာ ကိုယ် ဘယ်လိုအခြေအမေမျိုး
မှာနေချင်သလဲ ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်
Post a Comment