တိုင်းဝန်ကြီး ဦးစိုးမင်း၏ မေတ္တာ ရပ်ခံချက်ကြောင့် တော်ဝင် သစ်ဆက် ပိုင်ရှင် ဦးကိုကိုထွေးမှ အလုပ်သမား များအား လုပ်ငန်းခွင် ပြန်လည် ၀င်ရောက် လုပ်ကိုင်ခွင့်ပြု ပေးခဲ့သော်လည်း ဆန္ဒ ထုတ်ဖော်သော အလုပ်သမား ၂၆၈ ယောက် တို့သည် စက်ရုံ အတွင်းသို့ ၀င်ရောက် လုပ်ကိုင်ခွင့် မရကြပဲ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ခွဲခြားဆက်ဆံခံနေရသည်ဟုတော်ဝင်အလုပ်သမားများပြောကြား
Reviewed by သစ်ထူးလွင်
on
21:19
Rating:
5 comments:
neya koung koung mha ahloke lokechinyin sanda mapyanetlay.
ဦးကိုကိုထွေး ခင်ဗျား မန္တလေးမှာ ဗိုလ်ချုပ် ထွန်းကြည်
နဲ့ပေါင်းပြီး ရေကူးကန်တွေ ကစားကွင်းတွေ ဆောက်ပြီး
စတက် လာတာပါ ။ သူရန်ကုန် ကိုပြောင်းရတော့
မြောက်ဒဂုံက မြေတွေရ မြေတွေရောင်း အိမ်ယာတွေ
တခြားအဆောက်အဦးတွေ ဆောက်ရနဲ့ ထပ်ချမ်းသာ
လာပါတယ် ။ ထပ်ပြီး သစ်တောက အကြီးဆုံး ပုဂ္ဂိုလ်
ကြီးတွေနဲ့ ပေါင်းပြီး အဲဒီခောတ်က ခရိုနီတွေ ပုဂ္ဂိုလ်ကြီး
တွေမှရတဲ့ ကားပါမစ်လို သစ်ထောက်/ချက် ( သစ်
Export ပါမစ်) တွေကိုရောင်းပြီး ပိုပြီး ချမ်းသာလာပါတယ် ။
အခုတော်ဝင် Center နေရာ ပြည်ထဲရေး နေရာ ကိုလည်း
အဲဒီခောတ်က ပြည်ထဲရေးက ပုဂ္ဂိုလ်ကြီး တွေနဲ့ ပေါင်းပြီး
ရလိုက်ပြန်ရော ။ လောဘတွေ သတ်ပြီးတော့ အလုပ်သမား
တွေကို ကိုယ်ချင်းစာ ညှာတာ လိုက်ပါဗျာ ။
ကြောင်သူတော်ကြွက်သူခိုး ဦးကိုကိုထွေး။
ဆန္ဒပြကြတဲ့ အလုပ်သမားတွေရယ်၊ အလုပ်သမားတွေဘက်က ပါဝင်ကူညီပေးနေတဲ့ သူတွေရယ်၊ တဖက်သတ်ဖော်ပြပေးနေတဲ့ မီဒီယာသမားတွေရယ်၊ တော်ဝင်ပိုင်ရှင်ကို ဝေဖန်နေကြတဲ့ သူတွေကို မေးကြည့်ချင်ပါတယ် ခင်ဗျားတို့ ကိုယ်တိုင် တော်ဝင်လို လုပ်ငန်းကြီးကို ပိုင်ဆိုင်တဲ့သူဆိုရင်ရော ဘယ်လိုတုန့်ပြန်ကြမလဲ၊ အခုလို ခဏခဏဆန္ဒပြနေတဲ့ သူတွေကို ဘယ်လို သဘောထားလို့ ဘယ်လို ကိုင်တွယ်ကြမလဲ သိချင်လိုက်တာဗျာ၊ မြန်မာတနိုင်ငံလုံးနီးပါးမှာ ကိုယ်အခွင့်အရေးမရကြလို့ သူများကို မနာလိုစိတ်တွေနဲ့ ချောက်ကြအောင် ၀န်းတွန်းနေကြတာ များပါတယ်၊ ဆန္ဒပြကြတဲ့ သူတွေဟာ လူငယ်တွေပါ၊ ဒီမဖြစ်စလောက် လစာငွေလေးအတွက်နဲ့ လမ်းပေါ် ခဏခဏထွတ်ကြတာ အတော်ဆိုးပါတယ်၊ သူတို့အတွက် ထိုက်သင့်တဲ့ အတွေ့အကြုံ ဗဟုသုတတွေသာ ရှိမယ်ဆိုရင် အလုပ်တွေပေါပါတယ်ဗျာ၊
(တော်ဝင်ပိုင်ရှင်ဆိုတာ ဖြူသလား မဲသလား မသိပါ၊ လူငယ်တွေညံ့ကြလွန်းလို့ ၀င်ရေးတာပါ)
မောင်မှန်ပြောတာမှန်ပါတယ် (တော်ဝင်ပိုင်ရှင်ဆိုတာ ဖြူသလား မဲသလား မသိပါ)ကိုယ်ကိုတိုင်ပိုင်ရှင်ဆိုပါစို့ ဆန္ဒပြတဲ့သူတွေကို ကြည်ဖြူနိုင်ပါ့မလား၊ ပြောကြမှာပါပဲ အဲဒီအဆင့်အထိမရောက်စေရဘူးလို့ ခင်ဗျားတို့ကိုယ်တိုင် ပိုင်ရှင်တွေဖြစ်ကြည့်လိုက် သူတို့လိုအခွင့်အရေးတွေရကြည့်လိုက် ခင်ဗျားတို့ဘယ်လိုလုပ်မလဲဆိုတာ သိချင်လိုက်တာ ကျွန်တော်ထင်ပါတယ် အခွင့်အရေးရဖို့အတွက် သူတို့လဲ တစ်ခုခုတော့ စတေးရမှာပဲ၊ ကိုယ်ကိုတိုင်ရော သူတို့လိုစတေးရဲလား စွန့်စားရဲလား
Post a Comment