ပုဂံ ရှေးဟောင်း ဇုန်မှာ အဆောက် အဦး အသစ် ထပ်မ ဆောက်ရင် လက်ခံနိုင်တဲ့ အနေအထားပါ

“ပုဂံ ရှေးဟောင်း ဇုန်မှာ အဆောက် အဦး အသစ် ထပ်မ ဆောက်ရင် လက်ခံနိုင်တဲ့ အနေအထားပါ” ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန သတင်း ထုတ်ပြန်ရေး အဖွဲ့နှင့် တွေ့ဆုံခြင်း

ရှေးဟောင်း ပုဂံ ယဉ်ကျေးဇုန်အား ကမ္ဘာ့ ရှေးဟောင် ယဉ်ကျေးမူ အမွေအနှစ် စာရင်း ၀င်ရောက် စေရေး ဆောင်ရွက်မှု များနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန သတင်း ထုတ်ပြန်ရေး အဖွဲ့အား မေးမြန်း ဖြစ်သည်များကို ဖော်ပြ အပ်ပါသည်။

မေး- ပုဂံရှေးဟောင်းနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အောင် ရှေးဟောင်းဝန်ကြီး ဌာနအနေနဲ့ လက်ရှိလုပ်ဆောင်ထားတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သိချင်ပါတယ်။

ဖြေ- ပုဂံရှေးဟောင်းနယ်မြေနှင့်ပတ်သက်၍ မြန်မာ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဒေသနယ်မြေ အဖြစ် ၁၉၂၂ ခုနှစ်ကစပြီး List Of Anicient Monuments In Burma သတ်မှတ်ခဲ့ပါတယ်။ ပုဂံ ငလျင်နောက်ပိုင်း ၁၉၅၇ ခုနှစ် UNESCO,UNDPတို့၏ ဘဏ္ဍာရေးနှင့်နည်းပညာပံ့ပိုးမှုနဲ့ ထိန်းသိမ်းမှု လုပ်ငန်းကို ရေရှည်ဆောင်ရွက်ခဲ့ပါတယ်။

မေး- ၀န်ကြီးဌာနအနေနဲ့ လက်ရှိဘာတွေဆောင်ရွက်နေပါလဲ။

ဖြေ။  ။ Tentative List Of World Heritage ဌာနအနေဖြင့် ပုဂံဒေသအား (World Heritage List) တင်သွင်းသတ်မှတ်နိုင်ရန်အတွက် -

     (၁)    ပုဂံဒေသ၏ သုတေသနနှင့် ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းတို့အား ပုံမှန်ဆောင်ရွက်ခြင်း၊

    (၂)    ပုဂံဒေသအတွက် တိကျသေချာသည့် ဇုန်နယ်မြေသတ်မှတ်ခြင်း၊

    (၃)    ပုဂံဒေသရေရှည်တည်တံ့နိုင်စေရန် လိုအပ်သော Master Plan ရေးဆွဲခြင်း၊

    (၄)    ဇုန်နယ်မြေသတ်မှတ်၊ Management Plan ရေးဆွဲခြင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာလုပ်ငန်းများ (Inventory and Registration) လုပ်ဆောင်ခြင်းတို့အား အနည်းဆုံး(၂)နှစ်ကာလဆောင်ရွက်ရန်လျာထားပါသည်။

မေး- လက်ရှိအချိန်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းဖို့ အစီအစဉ် ရှိပါသလား၊ ရှိခဲ့မယ်ဆိုရင် ဘယ်အချိန်လောက်မှာ စာရင်းတင်သွင်းသွားမယ်ဆိုတာသိပါရစေ။

ဖြေ- စာရင်းတင်သွင်းဖို့ အစီအစဉ်ရှိပါတယ်။ ပုဂံယဉ်ကျေးမှုဒေသကို (၂၀၁၅)ခုနှစ် နောက်ပိုင်းမှာ တင်သွင်းနိုင်မည်ဟု ခန့်မှန်းထားပါတယ်။

မေး- ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အောင် အရင်က တင်သွင်းဖူးပါသလား၊ တင်သွင်းခဲ့ခြင်းရှိခဲ့ဖူးရင် ဘာကြောင့် ကမ္ဘာ့စာရင်းဝင်နိုင်မှု မရှိခဲ့ သလဲ။

ဖြေ။  ။ပုဂံရှေးဟောင်းယဉ်းကျေးမှုဒေသအား (၁၉၉၆) ခုနှစ်၌ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းခဲ့ ဖူးပါတယ်။ပုဂံဒေသကို-  ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းသည့် ခိုင်မာသော ဥပဒေမရှိသေး၍လည်းကောင်း၊ ဇုန်သတ်မှတ်ထားမှု မရှိသေး၍လည်းကောင်း၊ ပုဂံဒေသရေရှည် တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက် Master Plan မရှိသေး၍လည်းကောင်း၊ အခြားသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လိုအပ်ချက်များ ရှိသေး၍လည်းကောင်း စသည့်အချက် တွေကြောင့် ဖြစ်ပါတယ်။

မေး- ပုဂံရှေးဟောင်းနယ်မြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်မယ်လို့ ထင်ပါသလဲ၊

ဖြေ- ပုဂံရှေးဟောင်းနယ်မြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ယဉ်ကျေးမှုဝန်ကြီး ဌာနက ထုတ်ပြန်သော (၁၉၉၈)ခုနှစ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ် ပါတယ်။ ပြည်တွင်း၊ပြည်ပဘုရားဖူးများ၊ဒေသခံပြည်သူများ၊ဒေသဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ ပုဂံဒေသ အတွက်လိုအပ်လို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှသာ ရေရှည်တည်တံ့မည် ဖြစ်ပါတယ်။

မေး- ရှေးဟောင်းဇုန်ထဲတည်ဆောက်ထားတဲ့ နန်းမြင့်မျှော်စင်၊ပုဂံပြတိုက်၊ နန်းတော်ရာ အဆောက်အဦး၊ နှစ်လမ်းသွား အနော်ရထာလမ်းမကြီး ၊ ဟိုတယ် ၊အဆောက်အဦးသစ်တွေက ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်ဖို့ ထိခိုက်နိုင်ပါသလား၊

ဖြေ- ရှေးဟောင်းဇုန်ထဲမှာ ဆောက်ထားတဲ့ အဆောက်အဦးတွေဟာ ကမ္ဘာ့ယဉ်ကျေးမှုဝင်ရန် အတွက် အထိုက်အလျောက်တော့ ထိခိုက်မှုရှိ နိုင်ပါတယ်။ ဒေသခံတွေအနေနဲ့ အခုလို အဆောက်အဦး တွေဟာ ရှေးဟောင်ယဉ်ကျေးမှုကို အများကြီးထိခိုက်နိုင်တယ်လို့ ပြောနေကြတာ မှန်ပါတယ်၊ဒါတွေကို ကျွန်တော်တို့က ကြိုတင်ကာကွယ်ခဲ့ပါတယ်၊

ဥပမာ - ပေပင်ကျောင်းဘုရားကြီးအနီးတွင်ဇာတ်ရုံဆိုပါတော့၊ ပွဲတော်လေး ယာယီဆိုပြီး ဆောက်တယ်၊ ယခုလို ဖျက်မပေးသေးလို့ ကျွန်တော်တို့ဌာနက ကန့်ကွက်ခဲ့ပါတယ်။ ကျန်တဲ့ ပြတိုက် ၊ နန်းတော်ရာတွေက ပုဂံယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်မှာဖြစ်လို့ ထိခိုက်မှု အနည်းငယ်သာရှိပြီး အကျိုးကျေးဇူးက ပိုများပါတယ်။သို့သော်လည်း  UNESCOရဲ့သတ်မှတ်ချက်တွေနဲ့ ချိန်ထိုး ပြောရရင်တော့ အခြားသောနိုင်ငံတွေနည်းတူဖြစ်တဲ့အတွက် နောင်ထပ်မလုပ်ရင် လက်ခံနိုင်တဲ့ အနေအထားရှိပါတယ်။

မေး- အဆောက်အဦးအမျိုးမျိုး လုပ်ကိုင်လာတဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေရှိတယ်လို့လည်း သိရပါတယ်၊ အဲဒီအတွက် ပုဂံရှေးဟောင်းရဲ့ ယဉ်ကျေးမှုပုံရိပ်တွေကို ထိခိုက်မှုတွေရှိလာနိုင်ပါသလား၊ လက်ရှိဖြစ်ပေါ်နေတဲ့ ဒေသခံတွေက စီပွားရေးလုပ်ငန်းရှင်တွေက ရှေးဟောင်းဇုန်အတွင်း လုပ်ကိုင်နေကြတဲ့ အပေါ်မှာရော ဌာနအနေနဲ့ ဘာများပြောလိုပါသလဲ။

ဖြေ။  ။ ဒေသခံတွေပြောင်းရွှေ့ပေးရတယ်ဆိုတဲ့ ပုဂံမြို့ဟောင်းထဲမှာ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်မှုမှာ Bagan Beachဟိုတယ်တစ်လုံးပဲ ရှိပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှဆောင်ရွက်တဲ့ ပုဂံနန်းတော်ရာတူးဖော်မှု ၊ ပုဂံနန်းတော်ပုံစံတူတည်ဆောက်မှု၊ယွန်းကောလိပ်တည်ဆောက်မှု စတဲ့နိုင်ငံတော်ပိုင်များသာ ရှိပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းဇုန်များနှင့် ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြားမည်သူပဲဖြစ်ဖြစ် ထုတ်ပြန်ထားတဲ့ ဥပဒေများကို လေးစား လိုက်နာပါလို့ပဲ ပြောချင်ပါတယ်။

မေး- ပုဂံမြို့ဟောင်းကို ယဉ်ကျေးမှုဇုန်အဖြစ်သတ်မှတ်ထားဖို့ အတွက်ဒေသခံပြည်သူတွေကို နေထိုင်မှုပြောင်းရွေ့ ခိုင်းတာတွေရှိခဲ့တယ်လို့သိရပါတယ်၊ပြောင်းရွေ့ပေးလိုက်ရတဲ့ နေရာတွေ(ယဉ်ကျေးမှုဇုန်)မှာ စီးပွားရေးလုပ်ငန်းရှင်တွေက ၀င်ရောက်လုပ်ကိုင်နေလာတဲ့ အပေါ်မှာရော ဌာနအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ ရှိပါသလဲ။

ဖြေ- ပြောင်းရွှေ့ပေးလိုက်ရတဲ့နေရာ(ယဉ်းကျေးမှုဇုန်)မှာ စီးပွားရေး လုပ်ငန်းရှင်တွေက၀င်ရောက် လုပ်ကိုင်နေလာကြတဲ့ကိစ္စက ဗူးဘုရားအနီးမှာ Bagan Beach Hotelတည် ဆောက်ခြင်း တစ်ခုသာ ရှိပါတယ်။ အဲဒီဟိုတယ်လည်းယခုထိ ဆက်မဆောက်တော့ပါဘူး။ ဌာနကလည်း ခွင့်မပြုပါဘူး။ အခြားစီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ကိုင်မှုကလည်း ပုဂံမြို့ဟောင်းမှာ မရှိပါဘူး။ နောင်လည်း ခွင့်ပြုမှာမဟုတ်ပါဘူး။ လက်လုပ်လက်စားအချို့ကျူးကျော် ဆောက်လုပ်နေထိုင်ခြင်းသာ ရှိပါတယ်။ ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာဌာနများ ကိုပြန်လည်ဖျက်သိမ်းရွှေ့ပြောင်းပေးရန် အကြိမ်ကြိမ်စာထုတ်ပြန်ခြင်း၊ (ဥပမာ)ဗူးဘုရားအနီး ညဈေးတန်းအတွက် ယာယီဆိုင်ဆောက်ထားသောဆိုင်ခန်းများနှင့် ပေပင်ကျောင်းဘုရားအနီးကပ် လျက် ဇာတ်ရုံကြီးတွေသာရှိပါတယ်။

(ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ကို မြစ်မခမီဒီယာက ကျေးဇူးတင်ပါတယ်)

ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup



ပုဂံ ရှေးဟောင်း ဇုန်မှာ အဆောက် အဦး အသစ် ထပ်မ ဆောက်ရင် လက်ခံနိုင်တဲ့ အနေအထားပါ ပုဂံ ရှေးဟောင်း ဇုန်မှာ အဆောက် အဦး အသစ် ထပ်မ ဆောက်ရင် လက်ခံနိုင်တဲ့ အနေအထားပါ Reviewed by သစ်ထူးလွင် on 13:46 Rating: 5

7 comments:

Unknown said...

မြန်မာ မှန်လျှင် ပုဂံဘုရားရောက်ဘူးရမည်။

pawgyi32 said...

ဗမာမှန်ရင်ယော ဘယ်ကိုရောက်ဘူးရမှာလဲ တကောင်းကိုသွားရမှာလား ကျောက်ဆည်ကိုသွားရမှာလား

Unknown said...

အသာလုပ် hand zaw oo ရာ မင်းအမျိုးတွေအားလုံး

ရောရောက်ရဲလား

min min said...

how about Tharabar hotel? it is situated in the middle of archaeological site and very close to the ancient tharabar gate and city wall.he did not mention about that hotel.

min min said...

how about Tharabar hotel? it is situated in the middle of archaeological site and very close to the ancient tharabar gate and city wall.he did not mention about that hotel.

min min said...

how about Tharabar hotel? it is situated in the middle of archaeological site and very close to the ancient tharabar gate and city wall.he did not mention about that hotel.

Unknown said...

မြန်မာနိုင်ငံရဲ့ရှေးပောာင်းတည်နေရာဖြစ်တဲ့ပုဂံ ကိုညစ်နွမ်းအောင်မလုပ်ကြပါနဲ့ဗျာ

Powered by Blogger.