မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ

၁၃ .၁၂. ၂၀၁၂ နေ့  မွန့် လွဲ (၁) နာရီတွင် မန္တလေးမြို့ ဘုရားကြီး တောင်ဖက်တွင် ရှိသော ဦးပွားဘုရားတွင် လက်ပံတောင်းတောင် ကြေးနီး စီမံကိန်းတွင် သံဃာတော်များကို အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရ ရဟန်း သံဃာတော်များကို နိုင်ငံတော် အကြီးအကဲမှ ဝန်ချတောင်းပန် ခြင်းမပြု့ လုပ်သည့် အတွက် ဆက်လက် ဆန္ဒထုတ်ဖော် ပြသ နေကြပါသည် ။

ဒီနေ့ တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း မပြုလုပ်တော့ဘဲ တရားဟောပြောခြင်း  နှင့် မတ်တက်ရပ် ဆန္ဒထုတ်ဖော် ပြသသွားကြမည် ဖြစ်ကြောင်းကို ဦးဆောင် သံဃာတော်တစ်ပါးမှ မိန့် ကြားပြောဆိုသွားခဲ့ပါသည် ။

နောက်နေ့ တွင်လည်း နိုင်ငံတော်မှ သံဃာထုတစ်ရပ်လုံး၏ တောင်းဆိုချက်များကို လုပ်ဆောင်ခြင်း မပြုလုပ်ပါက တစ်နိုင်ငံလုံး အနေဖြင့်  အရှိန်မြင့်တင် ဆက်လက်ဆန္ဒထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင့်ကို ဆက်လက်မိန့် ကြားပြောဆိုပါသည် ။

သတင်း-ဓါတ်ပုံ ။ ကိုနိုင်

by Myanmar News Now


ယနေ့ မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ



မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ Reviewed by သစ်ထူးလွင် on 14:51 Rating: 5

3 comments:

pyisoe said...

နိုင်ငံတော်အကြီးအကဲထက် ခေတ်စနစ်နှင့်အဓိကသက်ဆိုင်ပေသည်။ ဘာသာမဲ့ကွန်မြူနစ်တို့၏ အလွှမ်းမိုးခံအောက် ကြီးပွားခဲ့ကြသော ထိုထိုလူကြီးများ၌ ငါတို့တိုင်းပြည်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနေထိုင်ရာ တိုင်းပြည်ပါလားဟူသော အသိစိတ်က ပျောက်ကွယ်နေသကဲ့သို့ ဖြစ်နေပေသည်။ အမျိုးပျောက်မှာ စိုးကြောက်ရုံမက ဘာသာသာသနာကွယ်ပျောက်မှာပါ စိုးရိမ်ရပါသည်။ တရုပ်အားကိုးသော စနစ်ဆိုးကို ဝိုင်းဝန်းတားဆီးကြပါ။ တကယ်တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်ရှိသော လူကြီးမင်းများကို ယခုကတည်းက ရွေးချယ်ထားကြပါ။ လူငယ်များ နိုင်ငံရေးအသိစိတ်များ နိုးကြားအောင် မြေတောင်မြှောက်ကြပါ။အဟောင်းတွေနေရာအသစ်တွေနှင့် အစားထိုးပြီး စနစ်သစ် ခေတ်သစ်ကို ထူထောင်နိုင်ရေး အမြှော်အမြင်ရှိရှိနှင့် လုပ်ကြပါ။ ခေတ်စနစ်ကို တကယ်ပြောင်းအောင်လုပ်မှ ဖြစ်မည်။

shwe man thar said...

မှန်ပါတယ်ကိုပြည်စိုး။ ကွန်မြူနစ်အလိုမ၇ှိ။

shwe man thar said...

မှန်ပါတယ်ကိုပြည်စိုး။ ကွန်မြူနစ်အလိုမ၇ှိ။

Powered by Blogger.