ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်

ကချင် ပြည်နယ် တွင်းမှာ မြန်မာ စစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ် ကေအိုင်အေကြား နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန် လာနေတဲ့ အတွက် ငြိမ်းချမ်းရေး ရနိုင်ဖို့ ပြည်ထောင်စု လွှတ်တော် ဆဌမ အကြိမ် အစည်းအဝေးမှာ ကချင်ပြည်နယ် အရေး အရေးတကြီး အဆို တင်သွင်းပြီး ကချင် ငြိမ်းချမ်းရေး အတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေကို ပိုပြီး သိရှိနိုင်အောင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကိုယ်တိုင် ကချင်ပြည်နယ်ကို ရောက်ရှိလေ့လာနေပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အကြောင်းစုံ ပြောပြပေးပါမယ်။

အခုဆိုရင် ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတဲ့ အနေအထားဖြစ်နေတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အင်မတန်ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်းကို ဖြစ်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နမ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ တပြည်နယ်လုံး၊ ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး ဒုက္ခဖြစ်နေတာနဲ့ ကျနော်တို့ ပြည်နယ်ရဲ့ ဒီအခက်အခဲကလည်း ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းအတွက်လည်းပဲ ဖြောင့်ဖြူးဖို့အတွက် ခက်တဲ့အတွက်ကြောင့် ဒီဟာကတော့ နှစ်ဖက်စလုံးကို ယုံကြည်မှု မြန်မြန်တည်ဆောက်ပြီးတော့ ယုံကြည်မှု မြန်မြန်ရစေချင်တာနဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စေချင်တာကတော့ ရင်ထဲက စကား၊ ရင်ထဲက အပြည့်အဝရှိတဲ့အနေအထားပေါ့။”

ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေဟာ နှစ်နဲ့ချီကြာမြင့်လာတာနဲ့အမျှ နှစ်ဘက်စလုံးက တိုက်ပွဲအရှိန်ကို ပိုပြီးတော့ မြှင့်လာတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေရေးထိုင်ရေး၊ ကျမ်းမာရေးအပြင် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး၊ကုန်ထုတ်လုပ်ရေးတွေကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

“အကုန်လုံးအဆင်ပြေဖို့ကတော့ ငြိမ်းချမ်းသွားမှပဲ ဖြစ်နိုင်တဲ့အနေအထားပါ။ အခုက အစစအရာရာ ပညာရေး၊ ကျမ်းမာရေးကအစ အားလုံး၊ အားလုံးပေါ့၊ စိုက်ရေးပျိုးရေး၊ မွေးမြူရေး အကုန်လုံး၊ နေတာထိုင်တာကအစ ကြာလာလေ၊ လူဦးရေများလာလေ။ ကြာလာလေ စိတ်ဓာတ်ကျလေ၊ ကြာလာလေ ဒုက္ခများလေ အဲ့လိုဖြစ်နေတယ်။"

ဒါ့အပြင် နှစ်ဘက်ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် သိန်းဂဏန်းလောက်ထိ မြင့်တက်လာတဲ့ အချိန်မှာ ကလေးငယ်တွေအတွက် ပညာသင်ယူနိုင်ရေး ကိုပါ ထိခိုက်ပျက်ပြားစေနေတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အချိန်ကြာလာတာနဲ့အမျ ဒေသတွင်း တည်ငြိမ်မှုမရှိဘဲ အခြေအနေဆိုးဝါးလာနေတဲ့ ကချင်ပြည်နယ်အရေး ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတင်ပြနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးဖြစ် ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဦးခက်ထိန်နန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အခုလွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စာတင်ထားတယ်။ အခုလာမယ့် ဆဌမအကြိမ်မှာ ဆွေးနွေးခွင့်ရမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ကိုယ့်ဒေသကို ကိုယ်ပြည်နယ်ကို ရောက်လာတာ အခုနှစ်ရက်၊ သုံးရက်ရှိလာပြီဆိုတော့ ဒီကိစ္စလည်း ဒီမှာဆွေးနွေးပြီးတော့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆွေးနွေးဖို့၊ တတ်နိုင်ဘက်က အကြံညဏ်တောင်းဖို့ ဒီဟာတွေတော့ ကျနော်တို့ အစီအစဉ်တွေတော့ ဆွဲနေပါတယ်။”

အခုဆိုရင် ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ထိုးစစ်ဆင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ဘက်က စစ်သည်အင်အားတွေ တိုးပြီးချလာဖို့ လုပ်ဆောင်နေသလိုပဲ တိုက်ပွဲတွေအတွင်းမှာလည်း အဆင့်မြင့်စစ်တပ်သုံးလေယာဉ်တွေ၊ လက်နက်ကြီးတွေပါ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ အခြေအနေ ပိုပြီးတော့ ဆိုးဝါးလာနေတယ် လို့လည်း ကချင်သတင်းစဉ်က ကိုနော်ဒင်းက ပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်သာမကပဲနဲ့ ကချင်ပြည်နယ်တခုလုံးမှာ တိုက်ပွဲ အရှိန်အဟုန်တွေက မြင့်မားလာနေတာကို တွေ့ရတယ်။ အစိုးရဘက်က တိုက်လေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အတော်လေး အသုံးပြုလာတာကိုလည်း တွေ့ရတာပေါ့။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကလည်း ရထားသုံးစီးလောက်နဲ့ အောက်မြန်မာပြည်က စစ်သား သောင်းဂဏန်းလောက် ကချင်ပြည်နယ်ထဲကို ပို့ထားလိုက်ပြီ။ အခုလည်း စစ်ရေးအရ ကေအိုင်အိုကို သူတို့က ချေမှုန်းဖို့အတွက် အခြေအနေတွေရှိတော့ ကချင်တွေဘက်က တိုက်စစ်လည်း မဆင်သေးဘူး။ ထိုးစစ်လည်း မလုပ်သေးဘူး အစိုးရကို။”

အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ ကေအိုင်အေရဲ့ တပ်စခန်းချထားတဲ့နေရာအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်  ထိုးစစ်တွေ အပြင်းထန်ဆုံး မြှင့်တင်လာတဲ့ မြန်မာအစိုးရနဲ့ ခံစစ်နဲ့ ပြန်တိုက်နေတဲ့ ကချင်တပ်တွေကြား ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားကို ရောက်ရှိနေပြီး ဒုက္ခသည်စခန်းတွေက စစ်ပြေးပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့ ကျမ်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကနေ ကြိုးစားနေကြတယ်လို့လည်း ကချင်ပြည်နယ်အရေးစောင့်ကြည့်နေသူတွေ ပြောပါတယ်။

 မဆုမွန် (ဗွီအိုအေ)

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင် စစ်သားများကို တွေ့ရစဉ်။


ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည် ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည် Reviewed by သစ်ထူးလွင် on 23:41 Rating: 5

76 comments:

Unknown said...

KIA များများသေ လေ တိုင်းပြည်အတွက် များများ အကျိုး ရှိလေ ဘဲ။
သမ္မတကြီး KIA စခန်းတွေအားလုံးကို ဗုံးကြဲပေးပါ။

Unknown said...

အမိမြန်မာနိုင်ငံ ရှေ့လာမည့်နေရက်တွေကို အစိုးရနှင့် ကချင် ပြည်နယ်မှဦးဆောင်သော အကြီး ကဲများ ခင်ဗျာ နှစ်ဦးနှဖက်ရဲ့ ဂေါက်းဆောင်ကြီးများ ရိုသေစွှာ ပြောချင်တာကတော့ လူကြီးမင်တိုညှိနိုင်းရင် အောက်လက်ငယ်သားတွေနဲ့ လူကြီးမင်းတို့ အားလုံးအတွက် ကောင်မွန်တဲ့ ရလက်တွေ ဖြစ်လာမယ်လို့ ပြည်သူပြည်သား အားလုံးကိုယ်စားတောက်းပန်အပ်ပါတယ် ခင်ဗျာ့ 

Unknown said...

ဂေါင်းဆောင်ကောင်းများ ကျမ်းမာစွှာဖြင့် နိုင်ငံတာဝန် များကို ထန်းဆောင်နိုင်ပါစေ လို့ နှစ်ဖက်သောဂေါက်ဆောင်းများအား ရိုသေစွှာ ဆုမွန်ကောင်း တောင်းအပ်ပါတယ့့် 

Unknown said...

စာအမှားပါရှိခဲ့ပါက ခွင့်လွတ် ပေးပါရန် ဂေါင်းဆောင်ကောင်းများခင်ဗျာ

Unknown said...

အပေါ်က ye thu မအေလိုး မင်းတို့ အစိုးတပ်တွေ
ခဏခဏ ငရဲပြည်ကိုသွားမေတာ မင်းမကြားဘူးလား
KIAကို အားပေးတယ် ဆက်တိုက်ပါ ခွေးမသားစစ်
အစိုးရကို အကုန်လုံး သတ်ပစ်လေ ကောင်းလေပဲ

Unknown said...

အပေါ်က ye thu မအေလိုး မင်းတို့ အစိုးတပ်တွေ
ခဏခဏ ငရဲပြည်ကိုသွားမေတာ မင်းမကြားဘူးလား
KIAကို အားပေးတယ် ဆက်တိုက်ပါ ခွေးမသားစစ်
အစိုးရကို အကုန်လုံး သတ်ပစ်လေ ကောင်းလေပဲ

Unknown said...

အပေါ်က ye thu မအေလိုး မင်းတို့ အစိုးတပ်တွေ
ခဏခဏ ငရဲပြည်ကိုသွားမေတာ မင်းမကြားဘူးလား
KIAကို အားပေးတယ် ဆက်တိုက်ပါ ခွေးမသားစစ်
အစိုးရကို အကုန်လုံး သတ်ပစ်လေ ကောင်းလေပဲ

Unknown said...

ကေအိုင်အေ/အိုက တိုက်စစ် ထိုးစစ်မလုပ်ပါဘူး
ဆတ်ကြေးကောက် မိုင်းထောင် ဗုံးခွဲ လူသတ် အင်အားစု လောက်ပဲလုပ်ပါတယ်

Unknown said...

အေးကချင်တွေကတဖက်နာေးပါက်တွေ့ပါ
ကျွန်တော့်အမြင်တော့၇ှင်းမှာဆိုလဲမြန်မြန်၇ှင်းလိုက်
KiA kio တကောင်မှမချန်နဲ့ နှစ်ဘက်လုံး
နစ်နာတယ်တိုင်ပြည်ဖံ့ဖြိုးမူ့ နှော့နှေးတယ်
ကြားကလက်နက်ေ၇ာင်းပေးနေတဲ့ကောင်တွေက
၇ှုးတိုက်တိုင်းကိုက်မနေကြပါနဲ့

Unknown said...

jully soe,ညီလေးစာမတတ်ဘူး
ထင်တယ်။မျက်လုံးကျယ်ကျယ်ဖွင့်
နားစွငိ့ လေ့လာပါ။တိုင်းသားလူမျိုး
အများစုနဲ့နှိုင်ငံတကာကထောက်ခံထား
တဲ့အစိုးရပါ။မဲခွဲရင်တောင်သင်တို့ KIA
ရှုံးနေပြီ။ကချင်တမျိုးသားလုံးနားလည်
ဖို့ အချိန်တန်ပြီ။လူမိုက်ဟာခေါင်းဆောင်
ကောင်းမဖြစ်နိုင်ဘူး။တရုတ်ကလည်းအကျိုး
မရှိဘဲဘာတစ်ခုမှမလုပ်ဘူး။နောင်တရကြပါ။
ငါတို့ ကကချင်ကိုမမုန်းပါဘူး။သင်တို့ ကိုခုတုံး
လုပ်နေတဲ့KIA/KIOကိုလဲမမုန်းဘူး။အဖွဲ့အစည်းဆိုတာလူမျိုးတိုင်းမှာ
ရှိသင့်ပါတယ်။
အကြမ်းဖက်သမားတွေကိုကိုမွေးထုပ်နေတဲ့
ခေါင်းဆောင်တွေကိုမုန်းတယ်။
ကချင်လူထုကြီးစဉ်းစားဖို့ အချန်တန်ပြီ။

Unknown said...

kioတွေ ပြေးပေတော့
နှုတ်ဆက်ပါတယ်
တို့ ကချင်တွေကိုနာမည်ဖျက်
တာတွေရပ်လိုက်တော့
မုဆိုးမဖြစ်သွားတဲ့သူကိုတောင်
ချမ်းသာမပေးတဲ့KIO/KIA.....BUY...BUY.

thanthanusoe said...

ကျွန်တော်တို့တိုင်းပြည်က ပင်လုံညီလာခံနှင့်စလာတာမို့ ပင်လုံးစာချုပ်ကိုငြင်းပါယ်နေသမျှကာလပါတ်လုံးဘယ်တော့မှာ ငြိမ်းချမ်းရေးရ
မှာမဟုတ်ဘူးနော်။ ခုဖြစ်နေတာ ကချင်တွေကသွာပြီးဗမာတွေကိုတိုက်နေတာမ
ဟုတ်ဘူးနော် မြန်မာစစ်တပ်ကသွားပြီး ကချင်တွေကိုတိုက်နေတာ ကချင်ပြည်
မှာရှိသမျှမြေပေါ် မြေအောက်သယံဇာတတွေကို ယူနေတာဆိုတော့ ဘယ်သူကတရားမျှတပြီး ဘယ်သူကတရားလွန်တယ်ဆိုတာ ရှင်းရှင်းလေးဘဲ
အမျိုးစားစိတ်ဓါတ်ဆိုတာတော့ လက်နက်ကြီးတွေနှင့် ဖြိုခွင်းပစါလို့
ရတဲ့အရာမဟုတ်တာမို့ အစိုးရအနေနှင့်ဘာလုပ်သင့်သလည်းစဉ်း
စားသင့်ပါတယ် တိုင်းရင်းသားအဖွဲ့အချို့နှင့်ငြိမ်းချမ်းရေးယူပြီးတော့
ကချင်ကိုဖိတိုက်နေတာကတော့စစ်အစိုးရရဲ့ပိုလစီပါဘဲ။ ကရင်ကိုတိုက်
တုန်းကလည်းကချင်တို့ ၀တို့နှင့်ငြိမ်းချမ်းရေးယူထားပြီးတိုက်တာဆိုတော့
တနေ့ကချင်တွေ ဖရိုဖရဲဖြစ်တဲ့နေ့မှာတော့ သူတို့ဆီပြန်လာမှာဘဲ။

အမှန်ကတိုင်းရင်းသာတွေလည်း တိုက်ရင်ပါတ်ပါတ်လည်ကတိုက် ရပ်ရင်လည်းအားလုံးကရပ်သင့်ပါတယ်။

Unknown said...

ငြိမ်းချမ်ရေး ရတေဲ့အထိ ဆွေးနွဲဖို့အချိန်တန်ပြီ

kowin said...

ဘယ်သူကိုမှအပြစ်ပြောလို့ မရဘူးလေ.............အခုသေနေတာက စစ်သားတွေ (ကချင်ရော...မြန်မာရော).....သူတို့ ရဲ့ တာဝန်တွေက တိုင်းပြည်ကာကွယ်ဖို့ အတွက်လေ...........စစ်တပ်ရဲ့ အရာရှိပိုင်းတွေ...ကချင်ရဲ့ အရာရှိပိုင်းတွေ.....အားလုံးတာဝန်ရှိတာပဲ........အခုကြည့်လေ....အပြစ်မဲ့ တဲ့ ပြည်သူတွေဒုက္ခရောက်တာပဲရှိတယ်.....အပြစ်မဲ့ တဲ့ စစ်သားတွေသေတာပဲရှိတယ်...........တကယ်သတ္တိရှိပါတယ်.....ငြိမ်ချမ်းရေးအတွက်.........စကားပြောနေတဲ့ အရာရှိပိုင်းတွေ.......ဘယ်သူတွေသေလို့ လည်း......ပြည်သူတွေကိုကြည့်သင့်ပြီထင်တယ်...........စစ်ဗိုလ်ချုပ်တွေမကောင်းကြောင်းချည်းပဲရေးနေလို့ မရဘူးလေ.......ကချင်ဗိုလ်ချုပ်တွေကော....ကောင်းသလားဆိုတာပြန်ကြည့်သင့်တယ်.....နိုင်ငံရဲ့ အလှည့်အပြောင်းမှာ..........တိုက်ပွဲတခုကြောင့်နဲ့ တိုင်းရင်းသားတွေ သွေးမခွဲသင့်ဘူး........တိုက်ပွဲကြောင့်မိသားစုတွေသေခဲ့ ရတာချည်းပဲ......ရှင်ကွဲကွဲခဲ့ ရတာချည်းပဲ.......ဘယ်သူမှမိသားစုတွေနဲ့ ခွဲခွာပြီးနေချင်မှာမဟုတ်ဘူးထင်တယ်......အတ္တတခုကြောင့်နဲ့ တော့..........................

Unknown said...

မြန်မြန်ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ပေးကြပါခင်ဗျာ။ငြိမ်းချမ်းခြင်းရဲ့အရသာတွေကချင်ပြည်နယ်မှာပျောက်ဆုံးနေတာကြာပါပြီ။နီးရာဒါးကြောက်နေရတဲ့ဘဝတွေပါ။နေ့စဉ်နဲ့အမျှနိုင်ငံသားဆိုတဲ့အခွင်သ့အရေးတွေလဲချိုးဖောက်ခံရပါတယ်။နေထိုင်စားသောက်ရတဲ့ဘဝတွေဟာလုံခြုံမှုကင်းမဲ့နေရပါတယ်။အမြန်ဆုံးအကောင်အထည်ဖော်ပေးကြပါ။

Unknown said...

ကိုကချင်တွေချထားဗျ၊ အမြဲအားပေးနေတယ် ခင်ဗျားတို့တွေကို၊ စစ်တပ်ထဲ့ကကောင်တွေသေလေကောင်းလေပဲ။
-ဘုန်းကြီးတွေကိုသတ်
-ပြည်သူတွေကိုဒုက္ခပေး
-တိုင်းရင်းသားတွေကိုအနိုင်ကျင့်
-ရန်ကုန်၊မန္တလေး၊နေပြေတော်ကလွဲပြီး ကျန်တဲ့ရခိုင်တို့၊ ချင်းတို့
လို့နေရာတွေမှာ ထင်ရာလုပ်နေကြတဲ့ စစ်ခွေးတွေသေလေ
ကောင်းလေ။

Unknown said...

တပ်မတော်အင်အအားရှိမှ တိုင်းပြည်အင်အားရှိမယ် သီချင်းပါ

ကြံ့ခိုင်ရေးကိုအင်အားရှိဖို့ဘင်္ဂါလီကူညီ ရဲဘော်အပေါင်းကိုအကုန်လုံးသတ်မလို့ကချင်နဲ့တိုက်နေပြီ
ကြိုးကြိုးစားစား တိုးဘုန်းကြီးများကိုဘုန်းကျဲတိုက်သည် ရိုးရိုးသားသား တို့အမျိုးသားစစ်သည်မွဲလိုက်ကြသည် တိုင်းပြည်တစ်နိုင်ငံလုံးကိုကုန်သွားပြီ အကုန်ထုတ်ရောင်းတဲ့တပ်မတောါခေါင်းဆောင်တွေ

Unknown said...

Kachin leader and myanmar leaderare bad.kachin people and burmese people good.This problem is because of china. They do not want american come and watch near their boder area.

justice said...

ဆွေးနွေးဖို့နောက်ထက်အချိန်ပေး
ဒါဟာKIOကိုတပ်အင်းအားပြန်
ဖြည့်ခိုင်းဒါနဲ့အတူတူပါဘဲ။နှစ်ဖက်
စလုံးကစစ်ကြောင့်ကုန်သွားတဲ့
ပြည့်သူ့ပိုက်ဆံကိုရပ်သင့်ပါပြီ။

Unknown said...

ဘာအခုမှ ထအော်နေတာလဲ။ ငြိမ်းချမ်းရေးတော့မလုပ်ချင်ဘူး။ခွဲထွက်ဖို့
စိတ်ကူးနေသမျှ တိုက်ပွဲတွေကဆက်ဖြစ်နေမှာပဲ။မြန်မြန်ချူပ်ငြိမ်းလေကောင်းလေပဲ။ဟိုအရင် ကွန်မြူနစ်လမ်းကြောင်းအတိုင်းသွားရင် ကွန်မြူနစ်တွေ ချူပ်ငြိမ်းသလို
တောထဲတောင်ထဲ အသေဆိုးနဲ့သေမယ့် ဗုံးထောင်၊ဒမြတိုက်၊ပြန်ပေးဆွဲ၊
ဆက်ကြေးတောင်းနေတဲ့ အကုသိုလ်ကောင်တွေ။မြန်မြန်သေလေအေးလေပဲ။ ။

Unknown said...

KIA သူပုန်တပ်ကိုအပြတ်ချေမှုန်းနိုင်မှ ကချင်ပြည်နယ်ငြိမ်းချမ်းမှာ... အာဏာအတွက်စစ်တိုက်နေတဲ့ KIA စစ်ရှုံးပြိုကွဲပါစေ.... ကချင်ပြည်နယ်အမြန်ဆုံးအေးချမ်းပါစေ...

KO NYI said...

အစိုးရကိုတိုက်ရင်တိုက်ပါ၊ဒါပေမဲ့ပြည်သူတွေနစ်နာမဲ့အရာတွေမလုပ်နဲ့မင်းတို့တွေအမှတ်ေ၇ာ့မယ်။

agnai said...

အင်း ကြားရနားမချမ်းသာဘူး တိုင်းရင်းသားတွေရဲ့  ရင်တွင်းခံစားချက်တွေကိုနားလည်ဖို့ လိုတယ်

Unknown said...

ဘယ်သူ့ ကို့ကာကွယ် နေကြတာလဲ လို့ တခါလောက် တော့ စဉ်းစားကြ ပါအုးံ

Unknown said...

ဘယ်သူ့ ကို့ကာကွယ် နေကြတာလဲ လို့ တခါလောက် တော့ စဉ်းစားကြ ပါအုးံ

Chit San Maung said...

ကိုယ့်တိုင်းရင်းသားအချင်းချင်း သတ်ဖို့ဖြတ်ဖို့ အင်မတန် သတ္တိကောင်းကြပါလား...။
ကိုယ့်ထက်အင်အားကြီးတဲ့ ပြည်ပရန်တွေကို အဲ့ဒီလိုမျိုး သတ္တိရှိစေချင်တယ်..။
ကိုယ့်နိုင်ငံ ဒုက္ခရောက်စေမယ့် တလွဲဆံပင်ကောင်း စစ်သွေးကြွသတ္တိတွေ လျော့ကြပါ...။
ပြည်တွင်းစစ်မီးကြီးကို လောင်စာထပ်မထည့်ကြပါနဲ့...။

Unknown said...

အိမ်ကြက်ခြင်းအိုးမဲသုတ်လိုက်အစိုးရရေkia ခရစ်နှင့်kiaဗုဒ္ဓနဲ့တိုက်ပေးလိုက်မင်းတို့ကဘေးကနေbuddaကိုကူညီ...........

Unknown said...

အိမ်ကြက်ခြင်းအိုးမဲသုတ်လိုက်အစိုးရရေkia ခရစ်နှင့်kiaဗုဒ္ဓနဲ့တိုက်ပေးလိုက်မင်းတို့ကဘေးကနေbuddaကိုကူညီ...........

Unknown said...

ခွေးလေးခုန်လို့ဖုန်မထပါဘူး။အရိုင်းအစိုင်းရဲ့

Unknown said...

အစိုးရက ကချင်ပြည်နယ်ထဲထိသွားပြီး ရဟက်ယာဉ်နဲ့ တိုက်နေတာ ကချင်တပ်ကပြန်လုပ်တာမဆန်းပါဘူး။ကျားကိုသတ်တော့ အမဲလိုက်တယ်တဲ့။ကျားပြန်ကိုက်တော့ ကျားဆိုးတယ်တဲ့။တရားသလား။KIA/KIO တို့်က တရားသောစစ်ဆင်နွဲနေတာပါ။ဒီစစ်တပ်ဘက်က လက်တဆုတ်စာလူစုကောင်းစားဖို့ အတွက်တိုက်နေတာ။နောက်က ခွေးတရုပ်မြှောက်ပေးလို့ တိုက်နေတာ။

Ee said...

KIAရက်စက်တာကတော့ပြောမနေပါနဲ့တော့ဗျာကျွန်တော်တို့ကချင်မတွေကိုတောင်မချန်ဘူး။ဒါကချင်ပြည်နယ်ကောင်းစားရေးလား။ကချင်အချင်းချင်းကတောင်အလိုမရှိတော့ဘူးယောက်ဖရေ။

Unknown said...

အမေကျော်ဒွေးတော်မလွမ်းချင်ပါနဲ့။ကိုတွေဘာတွေတပ်လို့နှမပေးထားတယ်ထင်တယ်။

Unknown said...

အင်း ....ဒုက္ခပါဘဲ
မင်းတို့တွေတယောက်နဲ့တယောက်သတ်လေလေ
ကုလားနဲ့တရုတ်ကကြိုက်လေလေဘဲ နွားတွေ

Unknown said...

နိင်းငံ ကို ဘယ်သူက ကာကွယ်မလဲ
စောက် ရူးရဲ့ 

Unknown said...

လေးစားလျက်

Unknown said...

နိင်းငံ ကို ဘယ်သူက ကာကွယ်မလဲ
စောက် ရူးရဲ့ 

Unknown said...

မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းပါစေ

Unknown said...

အရင်စစ်အစိုးရလက်ထက်မှာတုန်းပြည်သူလူထုတရပ်လုံးအပေါ်ခေါင်းပုံဖြတ်စီး
ရေးနဲ.အာဏာရှင်တစုကောင်းစားခဲ့တယ်။ပင်စင်စားတွေဘ၀ကိုထာဝရပစ်ပယ်ခဲ့
တယ်။အခုဦးသိန်းစီန်ကနိုင်ငံရေးပါတီတွေနဲ.လက်တွဲပြီးတိုင်းပြည်တခုလုံတိုး
တက်အောင်ကြိုးစားနေကြပြီံ။KNU တောင်ငြိမ်းချမ်းရေးရဲ.တန်ဘိုးကိုလက်ခံ
လာပြီ။စစ်ပွဲဆိုတာနှစ်ဦး၊နှစ်ဘက်လုံးရဲ့မိသားစုဘ၀တွေ၊ဆွေမျီုးတွေရဲ့ကြေကွဲစ
ရာတွေပါ။

Unknown said...

အမှန်ဘဲkyawkyawthatရေ
မျက်ကမ်းKiaကသိဖို့ လိုမယ်။

Unknown said...

KIA

shwe lay said...

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဖက်လုံး ဆုံးရှုံးရတာပါပဲ။

Jimmy said...

Government has no choice but root KIA out. They are just cancerous obstacle for the future of our Union. I don't understand why they are so stubbon even if government is giving so much things on the table.Give more pressure to them and bring them to the negotiation table.

Unknown said...

KIA က ကာမိုင်း ရဲစခန်းဝင်တိုက်တာက အောက်တန်း ဘယ်လောက်ကျတယ် ဆိုတာကို ပြတာပဲ၊ KIA က လက်ရှိ ဖားကန့် က ဗမာ၊ ရခိုင်၊ရှမ်း လူမျိုးတွေကို အတင်းဖမ်းပြီးတော့ တိုက်ခိုင်းနေတယ်၊

Unknown said...

ကချင် လွတ်မြောက်ရေးတပ်မ တော်လို့နာမည်ခံထားတဲ့လူ
တွေ မင်းတို့ ကချင် လူမျိုးကောင်းအောင် ဘာတွေလုပ်ခဲ့သလဲ
အခွင့်ရေးရတုန်းက တော့မိန်းနေကြပီး အခုမှလာပီးသူရဲ
ကောင်းလုပ်မ နေကြနဲ့မင်းတို့လိုအတ္တသမားတွေကြောင့်
ကချင် လူမျိုးတွေခုလိုဒုက္ခရောက်နေကြတာ တကယ်တာ
မျိုးချစ်စိတ် ရှိနေရင်ငြိမ်းချမ်ရေးယူပီးကချင်ပြည်နယ်တိုးတက်
အောင် လုပ်ပါလား

Unknown said...

KIA က ဘာလုပ်တယ်ဆိုတာ အကုန်သိနေတာကို ဒီလွတ်တော် ကိုယ်စားလှယ်က ဘာကို ဆွေးနွေးမှာလဲ၊ ရထားလမ်းဗုံးခွဲတာ၊ တံတားတွေချိုးတာ၊ရဲစခန်းဝင်တိုက်၊ ဆက်ကြေးတောင်း၊ လူတွေကို ဖမ်းပြီးလူသစ်စု၊ ပြည်သူတွေ ဘယ်လို ဒုက်ခရောက်တယ် အဲ့ဒါတွေကိုဆွေးနွေးပါလား၊ လိုင်ဇာကို တိုက် တာ သူပုန် မို့ လို.တိုက်တာ၊ ဘယ်နိုင်ငံ မဆို သူပုန်ကို အစိုးရက တိုက်တာပဲ၊ KIA ရဲ. ပထွေး တရုတ်တောင် တိဗက်ကို နှိမ်နင်းသေးတာ၊ အရေးမပါတာကိုဆွေးနွေးမနေနဲ.၊ အစိုးရ အလုပ် အစိုးရ လုပ်ပစေ၊

justice said...

ko linစိတ်ကိုထိန်းပါ။အစိုးရက
kioကိုဘယ်တော့မှအပြတ်ချေမုန်းမှာ
မဟုတ်ဘူး..ကြောင်ပြချက်တခုပေးဖို့
ဖန်တီးနေဒါ။၈၈ခုနှစ်ကိုပြန်အသက်သွင်းဖို့
လုပ်နေဒါပါ။ဒါကိုမသိတဲ့မျက်ကန်း
မျိုးချစ်အာဏာရူးKIOကတရုတ်ပြောတိုင်း
ခံနေဒါပါ။စဉ်းစားပါKo KIO...

SHwe moe bloger said...

ငြိမ်းချမ်းရေး အမြန် ရပါစေ တိုးတက်အောင် လုပ်ကြပါစို

Unknown said...

ဟေ့ကောင် jully soe
မင်းပ ထွေး KIAတွေ မင်းညီမအိပ်ခန်းထဲရောက်လာရင် လဲ
အားပေးလိုက်အုံး

ရဲအနော်ရထား said...

KIaဟာ ရုပ်သေးရုပ်လေးပါ သနားစရာပါ တရုတ်ကြီးကြိုးဆွဲရာ ကနေပါတယ် တရုတ်နဲ့စစ်အစိုးရ အနီးကပ်နေတုန်းက အ အေးဆုံးအဖွဲ့က အမေရိကန်နဲ့တဲ့ မှ ထနေတာ knu ကတော့ အမေရိကန် စကား နားထောင်သွားပြီ စစ်မတိုက်ပါနဲ့ Kia လက်နက်ကိုင်ပြီး နိုင်ငံရေး လုပ်ပါ

Unknown said...

kia အားပေးတဲ့ကောင် kia ကမင်းတို့ အဖေလား

Unknown said...

ရိုးသားတဲ့ကချင်လူမျိုးကသက်သက်၊အကြမ်းဖက်သောင်းကျန်းသူ KIA ကသက်သက်ပါ။ကချင်ပြည်နယ်မှာ KIA အကြမ်းဖက်သောင်းကျန်းသူတွေရှိနေ
တာဆွမ်းဆန်စိမ်းထဲကြွက်ချေးရောနေသလိုပါပဲ။တိုင်းပြည်ရဲ့အဖျက်
ရန်စွယ်ပြတ်ပြတ်သားသားချေမှုန်းပြစ်ပါ။ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့KIA/KI/KICကိုအမြန်ဆုံးအရေးယူတိုက်ခိုက် ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့....သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင် နောက်နေ့ဒုက္ခပေးပြီ
သာမှတ်ပါ။

Unknown said...

kia အားပေးတဲ့ကောင် kia ကမင်းတို့ အဖေလား

Unknown said...

kia အားပေးတဲ့ကောင် kia ကမင်းတို့ အဖေလား

fighter said...

Toe Lin မင်းကတော့ ထဟောင်ပြန်ပြီ မမှတ်သေးဘူးလား ငတုံးရ ............

Unknown said...

အသိ အမြင်ကျဉ်းမြောင်း သည်နှင့်အမျှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတတ်ရေး၊ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းတွေမှာ
အနှောက်အယှက်ဖြစ်နေမှာပဲ...။
အဆိုးဆုံးကတော့ ဒေသခံတွေပေါ့...။
အဆုံးအဖြတ်ပေးရမှာ....
၁။ဒေသခံတွေက kIA,KIO တို့ကို ကချင်ပြည်နယ်ကိုယ်စားပြု
ကချင်လွတ်မြောက်ရေးတပ်မတော်အဖြစ် ရာခိုင်နုန်း ဘယ်လောက်ကိုယ်စားပြုထောက်ခံမလည်း ၊
၂။မြန်မာနိုင်ငံသား အားလုံးက kIA,KIO တို့ကို နိုင်ငံ ကိုယ်
စားပြုမဟုတ်သော သီးခြား ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့
အစည်းအဖြစ် ရာခိုင်နုန်းဘယ်လောက်က ကိုယ်စားပြုထောက်
ခံ မလည်း...၊
၃။နိုင်ငံတစ်ခုမှာ နိုင်ငံသားတိုင်း ပါဝင်ခွင့်ရှိသော နိုင်ငံတော်
ကိုယ်စားပြု လက်နက်ကိုင်တပ်မတော် တစ်ဖွဲ့တည်းရှိသင့်လား
(သို့မဟုတ်) ကိုယ်ပိုင်သီးခြားလက်နက်ကိုင်အဖွဲ့ကြီးများ၊
အဖွဲ့ငယ်များ ရှိသင့်သလား..။
လက်နက်ဆိုတာ ပြန့်ကြဲနေသည်လောက် အနရာယ်
များတယ်ဆိုတာ...kIO ဖြစ်စဉ် များက သာဒက ပြနေပါတယ်..။

fighter said...

Toe Lin မင်းတော်တော် မင်းအမေ့လင် ကေအိုင်အေကို ထောက်ခံတယ်ဆိုရင် မင်းနှမနဲ့ မင်းဆွေမျိုးတွေကို သွားဆက်သပါလား ဟိုကနည်းတယ်လို့ပြောလိမ့်မယ် မင်းကိုယ်တိုင်သွားပြီး ........ လိုက်ရင်တော့ မင်းထောက်ခံတဲ့ကောင်တွေ ဘာလဲဆိုတာသိ လိမ့်မယ် အမြင်မရှိ စောက်ရူးစောက်ပေါရဲ့

sar said...

KIAကိုတိုက်မယ်။ဒီတခါနောက်ဆုံးအကြိမ်နောင်ဆိုKIA........KIO ဆိုတာ မရှိတော့ဘူး

Unknown said...

KIA ရေအမျှမျှ

Unknown said...

KIA ရေအမျှမျှ

Unknown said...

fighter ငါလိုက်သွားရင် မင်းအမေ တခုလက်ဖြစ်သွားမှာပေါ့သားရ။မင်းအမေက တရုပ်ကောင်နောက်ပါသွားရင် မင်းပထွေတရုပ်ကို အဖေခေါ်နေရမှာပေါ့။မင်းအဖေကိုမစော်ကားနဲ့ ကံကြီးထိုက်သွားမယ်။

myomintun said...

ပြောလိုက်၇င်ပြည်သူတွေအတွက်ဆိုပြီးတော့

သူပုန်ကသူပုန်ပါပဲ

Unknown said...

KIA/KIO တို့ လက်နက်ကိုင်တော်လှန်နေသည့် ကချင်ပြည်နယ်တွင်ကြီးပြင်းခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်က အစိုးရမူလတန်းကျောင်းသည် သုံးလေးရွာပေါင်းမှ တစ်ကျောင်းသာရှိခဲ့သည်။ အလယ်တန်းကျောင်းသည် တိုက်နယ်တစ်ခုတွင်( ရွာရှစ်ရွာ) တစ်ကျောင်းသာရှိခဲ့ပါသည်။ ရွာနှင့်ခြောက်မိုင်ခန့်ဝေးသဖြင့် အဆောင်နေပြီး အလယ်တန်းကျောင်းတက်ခဲ့ရပါသည်။ ကျောင်းရှိသည့်နေရာ တွင်စစ်တပ်စခန်းရှိသဖြင့်လုံခြုံမှုရှိသော်လည်းကျောင်းပိတ်ရက်တပတ်တခါ အိမ်ပြန်လာချိန် ညဘက်စာမကျက်ရပါ စုဆောင်းရေးထဲပါသွားမည်စိုးသောကြောင့်။ ရှစ်တန်း အစိုးရစစ်စာမေးပွဲဖြေဖို့စစ်ကြောင်းဖြင့်သွားရပါသည်။ စာမေးပွဲစစ်နေချိန် တချိန်လုံး စစ်တပ်ကစောင့်ပေးရပါသည်။ ဘယ်တပ်လဲတော့မမှတ်မိပါ ဘေးကင်းလုံခြုံခဲ့သဖြင့် အရမ်းကျေးဇူးတင်ပါသည်။ အလယ်တန်းအောင်တော့ အထက်တန်းကျောင်းတက်ရန်မြို့သို့သွားရာ လမ်းတွင်လေးငါး ရက်အိပ်ရပါသည်။ ယခင်က ကားလမ်းဟုသိရပါသည်။ KIA မှ မိုင်းထောင်ခဲ့သဖြင့် ဘယ်ကားမှမသွားတော့ပါ။ ခရီးသွား သူများအားလုံးခြေလျင်သွားကြရပါသည်။ 1994 ခုနှစ်မှ ကားသွားလို့ရသွားပါသည်။ ယခင်ကားလမ်းကိုပြုပြင်ပြီး ကားလမ်းအသစ်များတိုးချဲ့ဖောက်လုပ်မှုကို ဗိုလ်သာအေး ဦးဆောင်ပြီး ရွာသူရွာသားအားလုံး အင်အားနှင့်ဖောက်လုပ် ထားခြင်းပါ။ မငြိမ်းချမ်းမှုရဲ့ရလဒ်ကတော့ လူတိုင်းစာမတတ်ပါ၊ လမ်းပန်းဆက်သွယ်ရေးမကောင်းပါ၊ စာတိုက်ကြေးနန်းမရှိပါ၊ လူတိုင်းကိုကြောက်နေရပါသည် ( လက်နက်ရှိသဖြင့် )၊ တရားဥပဒေစိုးမိုးမှုမရှိသဖြင့် မှုးယစ်ဆေးဝါးအလွန်ပေါပါ သည်။ တန်းတူအခွင့်ရေးဆိုတာ လက်နက်နဲ့တိုက်ယူမှရတာ မဟုတ်ပါ။ တရားဥပဒေစိုးမိုးမှုရှိရင်ပြည်နယ်အေးချမ်း လာမယ်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းလာမယ်၊ စာသင်ကျောင်း များလာမယ်၊ စာတတ်သူများလာမယ်၊ မှုးယစ်ဆေးဝါးသုံးစွဲသူ ပပျောက်သွားမယ်၊စီးပွားရေးကောင်းလာမယ်ဆိုရင် တန်းတူအခွင့်အရေးပေါ့။

Ee said...

ဒီအတိုင်းသာKIAကိုလွှတ်ထားမယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေကရရာလက်နက်ရှာပြီးတော့တိုက်မိတော့မယ်။မလိုလားအပ်တဲ့လက်နက်မှောင်ခိုမှုဖြစ်လာလိမ့်မယ်။ကြာလာရင်ပေါက်ကွဲမိတော့မယ်။

Unknown said...

စစ်မှန်သောပြည်ထောင်စုစနစ် ခွင်တူညီမျှပြည်ထောင်စုစနစ်ဖြင့်သာငြိမ်ချမ်ရေးရမည်ဟုယုံကြည်ပါသည်။လက်နက်ဖြင့်တိုက်ယူု လို့ မရနိုင်ပါလက်နက်ဖြင့်တိုက်ယူလျင်ညီအကိုသားခြင်များသာသေမည်ငြိမ်းချမ်းရေးမရနိုင်ပါ။

Unknown said...

အေးအေး အားလုံးအဆင်ပြေအောင် ငါသိန်းစိန် စဉ်းစားနေပါတယ် အေးဆေးပါ သနားလို့ ကချင်မျီုးတုန်းမှာစီုးလို့။

Unknown said...

jully soe(ဘုရားသခင်ပေးတဲ့သားတော်)
ရေငံသောက်မြက်ခြောက်များစားနေသလား
KIA ကမင်း ပ ထွေးမို့ လို့ဒီလောက်နာနေရတာ
ဖ အေရင်းဆိုဘယ်လိုနေမလဲခွေးသားရဲ့။

Native Kachin said...

KIO/KIA think about deeply peace and cease fire if not you will be seize,Kachin peoples(Jinpaw and shan ethnics) are suffering by fighting.If you loves and see to develope your state ,you should do this way.I want to tell one story,In 1975 my classmate,her name is Lu Thaung,she have young brother,studyng same school,suddenly disappear,we heard they brought by KIA,Now I saw again at refugee camp many childen and innocent peoples,KIO/KIA What is your AIM?.Do not follow Communist idea.

Moe Gyi said...

လူအချင်းခြင်းလှည့်ပတ်ခြင်း ကင်းေ၇ှင်းကြပါစေ။

Unknown said...

Jully soeအုတ်ကြားမြက်ပေါက် ကလေကချေစောက်ရူး ငပေါ မင်းထမင်းစားတာလားချီးစားတာလားသေချင်းဆိုးအဆိုးမြင်ဝါဒီ

sar said...

kia ခေါင်းဆောင်တွေအစည်းအဝေးလုပ်မဲ့နေ့ကျရင်ဗုံးခွဲ တိုက်ခိုက်ဘို့ သူလျိုတွေ လွတ်လိုက်မယ်။

Unknown said...
This comment has been removed by the author.
Unknown said...

JULLY SOE ဆိုတဲ့ကောင်ကို ဆဲရမှာတောင်ပစပ်သနတယ်

ဂုရု said...

လောကနက်

ဂုရု said...

ကချင် ပြည်နယ်မှ ပြည်သူများ ဘေးကင်းပါစေ ။

ဂုရု said...

ကချင် ပြည်နယ်မှ ပြည်သူများ ဘေးကင်းပါစေ ။

begesic said...

စစ်ပွဲတွေရပ်ပြီးတိုင်းပြည်တိုးတက်အောင်လုပ်ရတော့မယ့်အချိန်ကောင်းပါ

Powered by Blogger.