ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိ လာသော အရေးပေါ် လူနာများအား ကုသမှု အားလုံးတွင် အခမဲ့ ကုသပေး နိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဆေးရုံ အုပ်ကြီး ဒေါက်တာ ကျော်ကျော်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောပြခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက် ကုသလျက်ရှိသည့် လူနာများအား တွေ့ရစဉ်။ ဓါတ်ပုံ - Eleven Media Group |
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ အရေးပေါ် လူနာများ အတွက် ကုသမှု အားလုံး အခမဲ့ လုပ်ဆောင် သွားရန် စီစဉ်
Reviewed by သစ်ထူးလွင်
on
13:58
Rating:
16 comments:
အခမဲ့ ကုသရေးအပြင် စေတနာပါတဲ့ ဝန်ဆောင်မှုတွေ ပါဝင် စေချင်ပါတယ်
Good ! For The People ! Pl, Do Quick !
အမေစုလက်နဲ့ထိတဲ့နေ၇ာတွေေ၇ွှဖြစ်ကုန်တာဘဲ။
၇န်ကုန်ဆေး၇ုံကြီး၊၇န်ကုန်တက္ကသို၇်။
တပြည်လုံးသာလိုက်ထိလိုက်ပါတော့။
ယုံကြည်စွာပုံအပ်လိုပါတယ်။
အကြာကြီးမဟုတ်တောင်ဘတ်ဂျက်တနှစ်စာလောက်ပါ။
တစ်ကယ်ဖြစ်လာရင်ကြိုဆိုပါတယ်။ဝမ်းသာပါတယ်။
ပြည်သူ့ဆေးရုံကြီးတွေမှာက ဆရာဝန်ကြီးကဆရာဝန်လေး
ကိုအနိုင်ကျင့်တယ်။ဆရာဝန်လေးကနက်စမကိုအနိုင်ကျင့်တယ်။
နက်စမကဆေးအောက်ခြေဝန်ထမ်းတွေကိုအနိုင်ကျင့်တယ်
ဆေးရုံဝန်အောက်ခြေဝန်ထမ်းတွေကဆင်းရဲတဲ့လူနာရှင်တွေ
ကိုခြိမ်းခြောက်အနိုင်ကျင့်တယ်။မြန်မာနိုင်ငံမှာကြီးနိုင်ငယ်
စနစ်ပျောက်ဖို့ကအထက်ကလူကြီးတွေကနေစပြီးပြုပြင်
ပြောင်းလဲမှုလုပ်မှရမှာ။ဆင်းရဲသားကဆင်းရဲသားအချင်းချင်း
ကိုကူညီရိုင်းပင်းမယ်လို့မထင်လေနဲ့ကိုယ်ပေဖြစ်ရင်ခံပြီးတူ
ဖြစ်တဲ့အခါထုဖို့ဘဲချောင်းနေတော့တာ။ဦးကျော်သူတို့လို
စိတ်ဓါတ်ရှိတဲ့လူများများပေါလာဖို့မိခင်တိုင်းမှာတာဝန်ရှိပါတယ်။
အရေးပေါဆိုတာသေရေးရှင်ရေးပဲမို့ တကယ်ထိရောက်ပါစေခင်ဗျာ
angel kyawပြောတာထောက်ခံတယ်
မှန်ပါသည်။
အကြောက်တ၇ားဟာထွက်ပေါက်အမြဲ၇ှာပါ
တယ်။ အနိုင်ကျင့်ဖိနှိပ်မှုတွေ၇ဲ့ မြစ်ဖျားဟာနည်းမျိုးစုံနဲဖြစ်ပေါ်လာတဲ့အကြောက်တ၇ားတွေပါဘဲ။
သေခြာသိခြင်၇င်တော့အမေစုေ၇းတဲ့ freedom from fears ကိုဖတ်ပြီးသူ့သတ္တိကိုခဏငှားကြည့်ပါ။
ဆေးရုံ အုပ်ကြီး ဒေါက်တာ ကျော်ကျော်ခင်ဗျား . . .ဆေးရုံထဲကိုအ၀င် အထွတ်ကို အခမဲ့ ၀င်နိုင်ထွတ်နိုင်အောင်လည်းဆောင်ရွက်ပေးစေချင်ပါတယ်။ဆေးရုံကို တော်ရုံဖျားနာတဲ့လူနာတွေလာတတ်တာမဟုတ်ပါဘူး။အင်မတန်မခံသာသောရောဂါဝေဒနာသည်များသာ လာရောက်ကုသကြတာပါ။ လူမမာဝေဒနာသည်တွေကိုလာရောက်အားပေးကြတဲ့အနယ်နယ်အရပ်ရပ်ကမိသားစုမိတ်ဆွေတွေကလည်းထမင်းအလားကားကျွေးမယ်လာကြည့်ဆို တောင်ဘယ်သူမှလာချင်တဲ့ လာကောင်းသောအရပ်မဟုတ်ပါဘူးခင်ဗျား။ သို့ဖြစ်ပါရ်ျလူနာနှင့်မိသားစုမိတ်ဆွေများကိုကိုယ်ချင်းစာနာသောအားဖြင့် အပေါက်စောင့်များ၏ K.T.V ( NIGHT CLUB )STATIONS များကဲ့သို့ လ္ဘက်ရည်ဖိုး၊ ကွမ်းဖိုး၊ဆေးလိပ်ဖိုး ခေါင်းစဉ်များဖြင့် (၀င်ကြေး)ဆပ်ကြေးသဖွယ်တောင်းခံခြင်းများအား အခမဲ့အဖြစ်ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါသည်။
ထောက်ခံပါတယ်........
အရမ်းကောင်းတဲ့အစီအစဉ်ပါ လူနာတွေကိုမခြေမငံနဲ့ဆက်ဆံပြီးလ္ဘက်ရည်ဖိုးညှစ်နေတဲ့ဆေးရုံဝန်ထမ်းတွေကိုလဲပြုပြင်ထိန်းသိမ်းပေးစေချင်ပါတယ် မြင်တွေ့နေရတာစိတ်မချမ်းသာလို့ပါ
အရမ်းကောင်းတဲ့အစီအစဉ်ပါ လူနာတွေကိုမခြေမငံနဲ့ဆက်ဆံပြီးလ္ဘက်ရည်ဖိုးညှစ်နေတဲ့ဆေးရုံဝန်ထမ်းတွေကိုလဲပြုပြင်ထိန်းသိမ်းပေးစေချင်ပါတယ် မြင်တွေ့နေရတာစိတ်မချမ်းသာလို့ပါ
ပြောင်းလဲဖို့ဆိုရင် ဆေးရုံကြီးကိုမြေကြီးကနေလှန်ပြီးအစကနေပြန်စမှရမယ်..ဒါမှမဟုတ်ရင်တော့ အနည်းဆုံး၁နေရာတော့ကျန်နေလိမ့်မယ်
အရမ်းကောင်းတဲ့အစီအစဉ်ဖြစ်ပါတယ်။ထောက်ခံကြိုဆိုပါတယ်။
ံ
ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို အရင်ပြုပြင်ဖို့ လိုပါတယ် ဒီလိုမှမဟုတ် ရင်တော အခမဲ့ ကြောင့် ကျော်သူ တိုအဖွဲ့တွေ နားရတယ် ရှိမှာမဟုတ်ဘူး။
အတ္တ၊ပရမျှပြီး၊ကုသိုလ်အလုပ်နဲ့ အသက်မွေးနေတဲ့ဆရာဝန်တွေရဲ့ စိတ်ဓါတ်ကို
ထူးပြီးတော့ပြင်နေစရာလိုမယ်မထင်ဘူး။ မိုးလင်းကထဲကလဖက်ရည်ဆိုင်ထိုင်၊
သူများမကောင်းကြောင်းပြော၊ကိုယ့်ကောင်းကြောင်းပြော၊ချဲထိုး၊ဘောလုံးပွဲလောင်း
ညနေစောင်းတော့အရက်ဆိုင်၊ဘီယာဆိုင်ထိုင်၊မယ်မယ်ရရအလုပ်မရှိတော့
ဟိုဝေလေလေကိစ္စလည်းဝင်ပါ၊ဒီဝေလေလေကိစ္စလည်းဝင်ပါ၊ကိုယ့်မှာမယ်မယ်ရရ
အလုပ်မရှိတာအစိုးရပေါ်ပုံချ၊အဲဒီလိုရိုက်သတ်လို့ မကုန်တဲ့လူတွေရဲ့ စိတ်ဓါတ်ကို
အလျင်ပြင်သင့်တယ်ထင်တယ်။
ဆရာဝန်တွေခမျာမနက်(၇)နာရီကနေညနေ(၅)ရီထိနေ့ စဉ်သူများအတွက်
အလုပ်လုပ်ပေး၊သူများလိုအိပ်ကောင်းခြင်းမအိပ်ရပဲ night duty ဆင်းရ၊
ဒီလိုအလုပ်လုပ်ပေးတာတောင်၊နိုင်ငံတော်နဲ့ ပြည်သူကဆိုက်ကားသမား၊
ချဲကိုယ်စားလှယ်(ချဲဒိုင်မဟုတ်)ရတဲ့ဝင်ငွေလောက်တောင်ပေးထားတာမဟုတ်ဘူး
တနေ့ တစ်ခြားကိုယ့်ဖာသာကိုယ်ငွေရောလူရောစိုက်ထုတ်သင်ယူလေ့လာတဲ့
ပညာတွေသာတိုးလာတာ၊အဲဒီပညာတွေအသုံးချပြီးပြည်သူကိုကုသစောင့်ရှောက်
ဖို့ လိုအပ်တဲ့ဆေါးးကရိယာတွေကျတော့လိုအပ်သလောက်မိုးပေါ်ကလည်းမကျ
မြေကြီးထဲကလည်းပေါ်မလာ၊ဒီလိုလက်တွေ့ အခြေအနေတွေကိုနားမလည်ပဲ-
ကိုယ့်လိုလောဘ မပြည့်တိုင်းဆဲမယ်၊ဆိုမယ်၊တိုင်မယ်၊သိက္ခာချမယ်ဆိုတာချည့်ပဲ။
ဘာပြောပြောအချိန်တန်လျင်သတ္တဝါတွေဟာကိုယ်ပြုခဲ့တဲ့ကုသိုလ်ကံ၊
အကုသိုလ်ကံအကျိုးပေးပဲ ရကြမှာပဲလေ။
မြန်မာပြည်သူ၊ပြည်သားများကိုယ့်မျက်ချေးကိုယ်မြင်အောင်တစ်ဦးချင်းစီတာဝန်
သိစိတ်ရှိကြဖို့ လိုမယ်။ဥပမာ-
(၁)အဂတိလိုက်စားမှု၊မသမာမှုမကြိုက်ဖူးသာပြောတာ ကိုယ်ကိုယ်တိုင်ကျတော့
သားသမီးကိုအတန်းပိုင်ဆရာမရဲ့ ကျူရှင်ကိုအလုအယက်အပ်တယ်။
ပညာတတ်စေချင်လို့ မဟုတ်ဘူး၊အခွင့်အရေးလိုချင်လို့ 
(၂)အများပြည်သူဝင်ထွက်ခွင့်ပြုချိန်မှာဆေးရုံထဲဝင်ရင်အပေါက်စောင့်က
တောင်းချင်လို့ တောင်တောင်းလို့ မရဘူး။ကိုယ်ကိုယ်တိုင်ကစည်းကမ်းနဲ့ 
မညီတဲ့အခွင့်ထူးခံချင်တာကိုး
(၃)အစိုးရရုံးကိစ္စတွေနဲ့ ပတ်သက်လျင်လည်းအများတန်းတူမလုပ်ပဲ-အခွင့်
အရေးပိုလိုချင်တော့လာဘ်ထိုး၊ဒီဘက်ကစားနေကျကောင်ကလည်းအံတိုနေတဲ့
ပါးစပ်ဟထား-ကြက်ဥအစရှာမရအဆိုးသံသရာလည်နေကြတာ။
လူတိုင်း-မဟတ္တမဂန္ဒီလိုစိတ်ရှိမှပဲ-အဲဒီသံသရာကလွတ်မှာ။
Post a Comment