၈၈ မျိုးဆက်ကျောင်းသားများ လက်ပံတောင်းတောင် ကိစ္စ ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့ ဆုံဆွေးနွေး

လက်ပံတောင်းတောင် ကိစ္စရပ်များ ဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာတွင် ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် ကော်မရှင်တွင် ပါဝင်ရန် ဆန္ဒမရှိကြသော်လည်း ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် လက်ပံတောင်းတောင် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန် အပြုသဘော ဆောင်စွာ ညှိနှိုင်းဆောင်ရွက် ပေးသွားကြမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။

88 Generation Students


၈၈ မျိုးဆက်ကျောင်းသားများ လက်ပံတောင်းတောင် ကိစ္စ ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့ ဆုံဆွေးနွေး ၈၈ မျိုးဆက်ကျောင်းသားများ လက်ပံတောင်းတောင် ကိစ္စ ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့ ဆုံဆွေးနွေး Reviewed by သစ်ထူးလွင် on 14:15 Rating: 5

No comments:

Powered by Blogger.