မန္တလေးမြို့  အိမ်တော်ရာ ဘုရားဝန်း အတွင်းရှိ ၁၄ ခန်း ဓမ္မာရုံး
အတွင်းတွင် ယနေ့  ၈.၁၂.၂၀၁၂ ( အမျိုးသားနေ့ ) မွန့် လွဲ ၁ နာရီတွင်
လက်ပံတောင် ကြေးနီ စီမံကိန်း သပိတ် စခန်းများတွင် သံဃာတော်များကို
အကြမ်းဖက် နှိမ်းနှင်းသောကြောင့် သံဃာထု တရပ်လုံးမှ တောင်းဆို ချက်များကို
နိုင်ငံတော်မှ ယခုအချိန်ထိ လုပ်ဆောင်ခြင်း မရှိသည့် အတွက် ဆက်လက်
သပိတ်ဆင်နွဲ နေကြခြင်း ဖြစ်ပါသည်။
တက်ရောက် သံဃာတော် တစ်ပါးမှ မနေ့ က သာသနာရေး ဝန်ကြီးမှ မဟန ( နိုင်ငံတော် သံဃာ နာယက ) သံဃာများကို တောင်းပန်ခြင်းသည် လွဲမှားနေကြောင်း အကြမ်းဖက်တွင် ထိခိုက် ဒဏ်ရာ ရရှိထားသော သံဃာတော် အပါး ၁၀၀ ကျော်ကိုသာ ပင့်ဖိတ်ပြီး တောင်းပန်ရန် ဖြစ်ကြောင်းအခု တောင်းပန်ခြင်းသည် လွဲများနေသဖြင့် ပြသနာ ပိုမိုကြီးထွားလာနိုင်ကြောင်း မိန့် ကြားပြောဆိုသွားခဲ့ပါသည် ။
တောင်းဆိုချက်များကို လုပ်ဆောင်ခြင်းမရှိပါက သံဃာတော်များမှ ဆက်လက်ပြီး အထွေထွေသပိတ်အဖြင့် တနိုင်ငံလုံး အတိုင်းတာဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင့် ထပ်မံမိန့် ကြားပြောဆိုသွားပါသည် ။
သတင်း - ဓါတ်ပုံ ။ ကိုနိုင်
Myanmar News Now

မန္တလေးမြို့  အိမ်တော်ရာ ဘုရားဝန်း အတွင်းရှိ ၁၄ ခန်း ဓမ္မာရုံးအတွင်း သံဃာတော်များ၏ ဆက်လက် သပိတ်ဆင်နွဲ
Reviewed by သစ်ထူးလွင်
on
15:05
Rating:
3 comments:
အမှန်တကယ်ခံရတဲ့သံဃာတော်များကိုတောင်းပန်မှသဘာဝကျမှာပါ။(မဟန)ကလည်းဒါကိုပြောပြသင့်တယ်၊သူတို့အလိုတိုင်းလွယ်လွယ်တော့လက်မခံသင့်ဘူးလို့ထင်ပါတယ်၊
သံဃာတော်များဘက်မှထောက်ခံပါသည်။
ထောက်ခံပါသည်
Post a Comment