ယခုလ အကုန်တွင် အပြီးသတ် ရွေးချယ်ရမည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူး သစ်များ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အမျိုးသမီးများ ပါဝင်မှု အလွန် နည်းပါးကြောင်း 7Day News က မြို့ပေါင်း ၃၀ကျော်နှင့် မေးမြန်း ချက်များ အရ သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်မှုနည်း
Reviewed by သစ်ထူးလွင်
on
16:02
Rating:
10 comments:
နည်းဥပဒေကိုကျဃ်ပြန့်စွာလူထုကိုဖြန့်ဝေပေးခြင်းမရှိပ့ါ ဒါကြောင့် မှန်ကန်သောရွေးချယ်မှုမဖြစ်နိုင်ပါ
ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ဆမ္မဆယ်အုပ်စုကျေးရွာတွင်
ကော်မတီငါးဦးကလုပ်ထုံးလုပ်နည်းနဲ့အညီအုပ်ချုပ်ရေးမှူးရွေးချယ်ပြီး
18.12.12 ရက်နေ့တွင်မဲနိုင်သူရဲ့ကိုယ်ရေးရာဇ၀င်ကိုမြို့နယ်ထွေ
အုပ်ရုံးပို့ပေးခဲ့ပါသည်။ဒါပေ့မဲ့နောက်နေ့တွင်အုပ်စုဥက္ကဌရဲ့နောက်လိုက်ခွေးသုံးကောင်ကမြို့နယ်သွားပြီးငါးဦးကော်မတီကမမှန်မကန်ရွေး
တယ်ဟုတိုင်တန်းသည်။တိုင်တန်းသူတို့ရဲ့နောက်ကြောင်း၇ာဇ၀င်ကို
မြို့နယ်ကသေချာစစ်ဆေးပေးနိုင်ရန်တင်ပြအပ်ပါသည်။
အရင်လူတွေမပါလေကောင်းလေ
တို့မြို့မှာတော့ရပ်ကွက်တိုင်းနီးပါးအရင်လူဟောင်းတွေပဲဘယ်လိုရွေးလိုက်လဲတောင်မသိဘူး
တို့မြို့မှာတော့အရင်လူဟောင်းတွေပဲ
တို့မြို့မှာတော့အရင်လူဟောင်းတွေပဲ
အုပ်ချုပ်ရေးမှူးရွေးတာက စည်းကမ်းသတ်မှတ်ချက်ရှိပါတယ်။
ပထမ (၁၀)အိမ်မှူးရွေးမယ် ပြီးမှ ၁၀ အိမ်စုမှူးထဲကမှ
အုပ်ချုပ်ရေးမှူးရွေးပါမယ်။မဲစနစ်နဲ့ စည်းကမ်းတကျရွေးရင် ဘက်
လိုက်လို့မရပါဘူး။မဲထည့်သူတွေက မိမိစိတ်ကြိုက်ရွေးချယ်
မဲထည့်နိုင်ပါတယ်။အုပ်ချုပ်ရေးမှူးလုပ်ရန်ဆန္ဒမရှိသူတွေကို
ပယ်ပြီး လုပ်ရန်ဆန္ဒရှိသူကိုရွေးချယ်ရမှာဖြစ်ပါတယ်။အုပ်ချုပ်
ရေးမှူးလုပ်၇န်ဆန္ဒရှိပြီးမဲအများဆုံးရရှိပေမဲ့ စည်းကမ်းချက်
၁၁ ချက်နဲ့ကိုက်ညီမှသာ အုပ်ချုပ်ရေးမှူးဖြစ်နိုင်ပါတယ်။စည်းကမ်းချက်(၁၁)ချက်ကို
တင်ပြပေးပါမယ်
(၁)နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်ရပါမည်
(၂)အသက် (၂၅)နှစ်ပြည့်ပြီးသူဖြစ်ခြင်း
(၃)သင့်တင့်သောပညာအရည်အချင်းရှိရပါမည်
(၄)စားဝတ်နေရေးဖူလုံမှူရှိရပါမည်
(၅)သက်ဆိုင်ရာ၇ပ်ကွက်/ကျေးရွာတွင်တဆက်ထည်း(၁၀)
နှစ်နေထိုင်သူအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ချိန်တွင်
သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတွင်အမှန်တကယ်နေထိုင်
မည့်သူဖြစ်ရပါမည်
(၆)၇ပ်ရွာမှ ကြည်ညိုလေးစားခြင်းခံရပြီး သိက္ခာသမာဓိ
ရှိသူဖြစ်ရပါမည်
(၇)ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်ကို
ထမ်းဆောင်နိုင်မည့်သူဖြစ်ရပါမည်။
(၈)ရပ်ရွာ၏အကျိုးကိုစေတနာထက်သန်စွာဖြင့်တာဝန်
ထမ်းဆောင်ရန်ဆန္ဒရှိသူဖြစ်ရပါမည်။
(၉)အတူနေမိသားစုဝင်များသည်အကျင့်စာရိတ္တကောင်း
မွန်ပြီးရိုးသားဖြောင့်မတ်သူများဖြစ်ရပါမည်
(၁၀)တာဝန်ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းမဖြစ်ရပါ။
(၁၁)လက်နက်ကိုင်အဖွဲ့အစည်းနှင့် မတရားအသင်းအဖွဲ့
များတွုင်ပါဝင်ဆက်သွယ်သူမဖြစ်စေရပါ။
ကျနော်သိသလောက်တော့တင်ပြပြီးပြီ
အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်ဘို့ကတော့ ရပ်ကွက်/ကျေး
ရွာမှ ၀ိုင်းဝန်းတင်မြှောက်၇င် ဖြစ်နိုင်ပါတယ်။
ဒီလ (၂၀)ရက်က ပခုက္ကူမြို့နယ် အမှတ်(၆)ရပ်ကွက်တွင်
ဒေါ်မော် ဆိုသူအမျိုးသမီးအုပ်ချုပ်ရေးမှူးရွေးချယ်ခံရ
ကြောင်း သစ်ထူးလွင်မှာဖေါ်ပြထားပါတယ်။
သန်းဝင်းမောင်ရေ
(၁၀)အိမ်မှူး မဟုတ်ဘူးကွ
ဆယ်အိမ်စု ကိုယ်စားလှယ်ပါကွာ။
ငါတို့ရပ်ကွက်မှာတော့ ချဲဒိုင်တွေ အုပ်စုဖွဲ့ပြီး
ဝင်ရွေးဖို့ဟန်ပြင်နေကြလေရဲ့
user သို့
၁၀အိမ်စုမှူးနဲ့ ၁၀ အိမ်စုကိုယ်စားလှယ်က အတူတူဘဲလေ
အဓိကအချက်က အုပ်ချုပ်ရေးမှူးရွေးတဲ့ စနစ်ကိုပြောပြနေတာ
ပြဿနာကိုဆီလိုအပေါက်တော်တော်ရှာတာဘဲ...ဝေဘန်လေကန်
နေရင်တော့ နိုင်ငံတော်တိုးတက်ဘို့ မလွယ်ရေးချမလွယ်....။
Post a Comment