ရန်ကုန်-ဒီဇင်ဘာ၂၃
ရန်ကုန် ၄ မြို့နယ်ရှိ ဈေးများ၌ ဆိုးဆေးပါသော စားသောက်ကုန်များ ရောင်းချခြင်း ရှိမရှိ စတင် စစ်ဆေး သွားမည်ဟု မြန်မာနိင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ သိရသည်။ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ကုန်ခြောက်အစုံ ရောင်းချသော ဈေးများကို အဓိကထား စစ်ဆေးသွားမည် ဖြစ်ပြီး ဒဂုံ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ မြို့နယ်တို့တွင် မြန်မာနိင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းသည် စည်ပင်(ကျန်းမာရေး)ဌာနနှင့် ပူးပေါင်း စစ်ဆေး သွားမည်ဟု သိရသည်။
မြတ်စုငြိမ်း - Popular Myanmar News Journal

ရန်ကုန် ဈေးများ၌ ဆိုးဆေးပါသော စားသောက်ကုန်များ ရောင်းချခြင်း ရှိမရှိ စစ်ဆေးသွားမည်
Reviewed by သစ်ထူးလွင်
on
16:56
Rating: