“ လာပါ.... သူငယ်ချင်းရေ...... လက်ဖက်ရည်ဆိုင်ကို.....သွားကြပါစို့လေ” ဆိုတဲ့ တေးသံရှင် ကိုင်ဇာဆိုခဲ့တဲ့ သီချင်းကတော့ မနက်ပိုင်း အချိန်တွေ အတွက်ပဲ မှန်ပါလိမ့်မယ်။
မြန်မာနိုင်ငံရှိ လူငယ်အ များစုမှာ ယခင်လက်ဖက်ရည် ဆိုင်ထိုင်သည့် အလေ့အထမှ ခေတ် ကာလ ပြောင်းလဲမှု အလျောက် ဘီယာဆိုင်ထိုင်တဲ့ အလေ့အထသို့ တစတစ ကူးပြောင်းဖို့ ကြိုးစားနေချိန်။
လူငယ်အများစုက ဘီယာဆိုင်ထိုင်ခြင်းကို စိတ်အပန်းဖြေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ရသော နေရာတစ်ခု အနေဖြင့် ရွေးချယ်လာတာဖြစ်တယ်လို့ ဘီယာနေ့စဉ်သောက်သုံးသော အသက်(၂၀) ကျော် လူငယ်တစ်ဦးက ပြောပါတယ်။
ဘီယာ၊ အရက် နေ့စဉ်နီးပါးလောက်သောက်ဖြစ်နေတဲ့ အသက် (၂၅) နှစ်ကျော် ကိုကတုံး ကတော့သူဟာ ပျော်ရင်လည်း သောက်တတ်ပြီး စိတ်ညစ်ရင်လည်း သောက်တယ်၊ စိတ်ကလည်း အမြဲလိုလို ညစ်စရာတွေချည်းပါပဲလို့လည်း သူက ငြီးပါတယ်။
အသက်(၁၈) နှစ်လောက်ကတော့ စမ်းသပ်တဲ့အနေနဲ့ စသောက်ခဲ့ပေမဲ့ အလုပ်ခွင်ထဲဝင်တဲ့အခါမှာတော့ စိတ်ညစ်လို့ အပန်းဖြေတဲ့အနေနဲ့ ညနေတိုင်း ဘီယာသောက် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
“ အလုပ်ထဲရောက်တော့ သူငယ်ချင်းတွေနဲ့ တော်တော်လေးသောက်ဖြစ်တယ်၊ လစာထုတ်တဲ့ရက်ဆိုသူတို့ကတိုက်တယ် ကိုယ်ကလည်း အဆင်ပြေရင်ပြေသလိုတိုက်တယ်၊ ပျော်လို့ သောက်တာလည်း ရှိတယ် စိတ်ညစ်လို့သောက်တာလည်းရှိတယ်၊ အဓိကကတော့ စိတ်အပန်းဖြေတဲ့အနေနဲ့ သောက်တယ်၊ များတော့ မူးတယ် အများကြီးမူးသွားတယ် အိပ်ပျော်သွားတယ် မေ့သွား တယ်ပေါ့ ဗျာ စိတ်ညစ်တာတွေ အကုန်လုံးလည်း အိပ်ပျော်ရင် ပျောက်သွားတယ်”လို့ ကိုကတုံးက ဆိုပါတယ်။
ညခင်းအချိန်တွေဆို relax ဖြစ်သွားအောင် သောက်ရင်းကနေ ဆရာဝန်တွေ ပြောသလို တန်းဆေးလွန်ဘေး မဖြစ်ဖို့ကိုလည်း သတိထားရပါသေးတယ်။
“ဆရာဝန်တွေကတော့ ပြောတာပေါ့ဗျာ နည်းရင်တော့ ကောင်းတယ်ပေါ့ များရင်မကောင်းဘူး သိပါတယ်၊ အဲ့ဒါတွေလည်း ဒါပေမဲ့ သောက်ဖြစ်နေတယ်ဗျ” လို့ ဆက်ပြောပါတယ်။
ဆယ်ကျော်သက်လူငယ်များကြား ညနေဘက် လက်ဘက်ရည်ဆိုင်ထိုင်ခြင်းထက် ဘီယာဆိုင်ထိုင် ခြင်းကို လူရာဝင်ခြင်း၊ နိုင်ငံတကာအဆင့်မီနေထိုင်တတ်ခြင်း အလေ့အထတစ်ခုလို့ ထင်လာပါတယ်။
ဘီယာဆိုင်တွေမှာ အထိုင်များနေကြတာကတော့ အသက်ရွယ် အသက် ၂၀ နဲ့ ၅၀ ကြား အရွယ်စုံလူငယ်တွေနဲ့ မိန်းကလေးတွေ အထိုင်များတာ တွေ့ရပါတယ်။
မိန်းကလေးတွေ (ကောင်မလေး) အများစုကိုလည်း ဘီယာဆိုင်ထိုင်ထိုင်လာကြတာ တွေ့တွေ့ လာရပါတယ်၊ အထူးသဖြင့် ညနက်ပိုင်းတွေမှာဆိုရင် ဘီယာဆိုင်တွေမှာ ကောင်မလေးဝင်ရောက်မှု ပိုလာတက်တယ်လို့ ရွေဂုံတိုင်မှ လက်ဘက်ရည်နှင့် ဘီယာပူးတွဲရောင်းချသည့် စားသောက်ဆိုင် ၀န်ထမ်းတစ်ဦးက ပြောတယ်။
“ညဥ့် နက်ရင် ကောင်မလေးတွေ အတိုလေးတွေနဲ့ မူးမူးပြီး ၀င်ဝင်လာတာ များတယ်၊ မှာလိုက်ရင်လည်း ဘီယာပဲ၊ သောက်ပြီးရင် သူတို့ ဘယ်ပြန်ကြမှာလဲ၊ ကျွန်တော့် အမတွေ ညီမတွေသာ ဒီလိုဖြစ်နေရင် ဆိုတဲ့ စိတ်နဲ့ တွေးတောင် မတွေးရဲဘူး၊ တစ်ညကို အနည်းဆုံး ကောင်မလေး ရာဂဏန်းလောက်တော့ ၀င်တယ်”ဟု စားသောက်ဆိုင်ဝန်ထမ်း ဖိုးသားက ပြောပါတယ်။
ကောင်မလေးအများစုက ကာရာအိုကေ ဆိုင်တွေကနေ ထွက်လာတဲ့ အရွယ်ကောင်းလေးတွေ ဖြစ်တယ် လိုလည်း သူက ဆက်ပြောပါတယ်။
လူငယ်အချင်းချင်း ပြောချင်တဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရဖို့နဲ့ သူငယ်ချင်း အချင်းချင်း ပိုမိုထိတွေ့နိုင်တဲ့အတွက် ဘီယာဆိုင်များကို ရွေးချယ်လာရခြင်းဖြစ်တယ်လို့ ဘီယာဆိုင်ပိုင်ရှင်တစ်ဦးက အခုလို သုံးသပ်ပါတယ်။
“ဘီယာဆိုင်ထိုင်တာက သူတို့လူငယ်အချင်းချင်း တွေ့ကြဆုံကြပြောကြတဲ့ အခါကြတော့ လက်ဘက် ရည်ဆိုင်ထိုင်ပြီး ပြောရင် ဘေးပတ်ဝန်းကျင်က ကြားတာရှိမယ် ဥပမာ မိန်းကလေးကိစ္စ ပြောတယ် မိသားစုကိစ္စ ရင်ဖွင့်ချင်တာ ရှိချင်ရှိမယ် ဒါမျိုးတွေကြောင့် လူငယ်တွေဘီယာဆိုင်ဘက်ကို ခြေဦး လှည့်လာရတယ်လို့ အကို့အနေနဲ့ သုံးသပ်တယ်။ တစ်ခုရှိတာက လူငယ်တွေအနေနဲ့မှာတော့ ကျောင်းသားအရွယ်လောက်မှာ ဘီယာဆိုင်ထိုင်တာတော့ လုံးဝမကောင်းဘူး”လို့ သူ့အမြင်ကို ပြောပါတယ်။
လူငယ်ချင်း ဘီယာဆိုင်ထိုင်မှ လွတ်လွတ်လပ်လပ် ပြောဆိုပွင့်အံ ကြနိုင်တယ်ဆိုတာကိုတော့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုကောင်းမြတ်က ကန့်ကွက်ပါတယ်။
“ ဘီယာဆိုင်ထိုင်မှ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာ မဟုတ်ပါဘူး၊ လက်ဖက်ရေဆိုင်တွေ၊ ဒီထက်ပို လွတ်လပ်ချင်ရင် ကမ်းနားတွေ၊ ပန်းခြံတွေထဲမှာလည်း ပြောလို့ရနိုင်ပါတယ်၊ ဘီယာဆိုင်ထိုင်မှ လွတ်လပ်တယ်ဆိုတာ ရမယ်ရှာတာပါ”လို့ ပြောပါတယ်။
မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်နည်းတူ ဘီယာဆိုင်တိုးချဲ့ဖွင့်လှစ်မှုတွေကလည်း များလာပါတယ်၊
လက်ဖက်ရည် ရိုးရိုးတစ်ခွက် ကျပ်(၂၀၀) လက်ဖက်ရည် ရှယ်တစ်ခွက် (၃၀၀)ပေးနေရချိန်မှာ စည်ဘီယာတစ်ခွက်(၆၀၀)နှုန်းနဲ့ ငါးခွက်သောက်ပါက တစ်ခွက်အပိုရသည့်ခေတ်နှင် ပုလင်းဘီယာ တစ်လုံး(၁၂၀၀)ပေးရသည့် အခြေအနေသို့ ပြောင်းလဲစီးဝင်နေချိန်။
စာရေးဆရာကိုတာကတော့ ပြည်ပနိုင်ငံတွေမှာဆိုရင် အရက်တို့ ဘီယာတို့ကို ဈေးတင်ထားတယ်၊ မြန်မာနိုင်ငံမှာတော့ လူငယ်တွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းမှာပဲ ရှိနေလို့ အလွယ်တကူ သောက်ဖြစ်နေကြတယ်လို့လည်း ထောက်ပြ ပြောဆိုပါတယ်။
“လူတွေကစဉ်းစားတတ်အာင် လုပ်ကြပေါ့ စဉ်းစားတတ်အောင်ဆိုတာက စာလေးဘာလေးဖတ် ငါတို့ဘယ်လိုနေမယ် ဆိုတာ စဉ်းစားပေါ့ ငါတို့အနာဂတ်အတွက်ပြင်ဆင်ရမှာပေါ့ ပညာဆိုတာက အနာဂတ်လို့ သဘောထားရမယ်၊ ကျောင်းတက်ပြီး ဘွဲ့ရတာတော့မဟုတ်ဘူးပေါ့ ဘာမှမတတ်တဲ့ လူကဘာမှ မဟုတ်ဘူး အဲ့တော့ ကိုယ့်ဘာကို ပြင်ဆင်ပေါ့ စာဖတ်ပေါ့၊ ဘီယာပြောလို့ ဘီယာအများကြီးသောက်တာ အရက်အများကြီးသောက်တာ ကိုယ့်ဟာကို ပြင်ဆင်ရမှာပေါ့ လိုအပ်လို့လုပ်ရမှာပေါ့ ကိုယ့်အားကိုယ်ကိုးဖို့ အတွ က် ကိုယ့်ကိုကိုယ် ပြင်ဆင်ရမှာပေါ့” လို့ စာရေးဆရာကိုတာက ပြောခဲ့ပါတယ်။
ယခုအချိန်မှာတော့ ဘီယာဆိုင်တွေဟာ ရပ်ကွက်တိုင်း မြို့တိုင်းလိုလိုမှာကိုတွေ့နေရပါပြီ ကမာရွတ် မြို့နယ်က လှည်းတန်းမှာတင် ယခင်ငါးနှစ်ခန့်က ဘီယာဆိုင်တစ်ဆိုင် နှစ်ဆိုင်သာရှိပေမဲ့ အခုဆိုရင် ဘီယာဆိုင် ၁၀ ဆိုင်လောက် အထိရှိလာတာ တွေ့ရပါတယ်။
လက်ဖက်ရည်ဆိုင်တွေကတော့ တန်းတူလောက်ရှိနေပေမဲ့ စနေ၊ တနင်္ဂနွေ နေ့မျိုးတွေမှာသာ ဘောလုံးပွဲကြည့်တဲ့လူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။
ဘီယာဗူးတွေ၊ အရက်တွေ ရောင်းချနေတာကလည်း ဆိုင်တိုင်းလိုလိုမှာ ရောင်းချနေကြပါတယ်။ ဥပမာ စိန်ဂေဟာတို့လို ကုန်တိုက်တွေ၊ ဆိုင်အသေးလေးတွေဖြစ်တဲ့ 108 တို့ ABC စတိုးတို့ဟာလည်း ညလုံးပေါက်ဖွင့်နေကြပြီး ဘီယာ အရက်လာဝယ်တဲ့လူတွေနဲ့ စည်ကားနေလေ့ရှိကြပါတယ်။
အခုဆိုရင် လူငယ်တွေကြားမှာ လခထုတ်ရက်တို့ ငွေရပေါက်ရလမ်းရွင်တဲ့နေ့တွေဆိုရင် လက်ဘက်ရည်လိုက်တိုက်လို့ မပြောကြတော့ပါဘူး “ဘီယာလိုက်တိုက်ကွာ” ဆိုတဲ့ စကားသံတွေ အစားထိုးကြားလာရတာပါ များလာတာကတော့ အသေအချာပါပဲ။
ဉာဏ်ဉာဏ် ( မြစ်မခ )
by Myit Makha Mediagroup

လူငယ်များအကြားဖွံ့ဖြိုးစပြုနေသည့် ဘီယာဆိုင်ထိုင်ဓလေ့
Reviewed by သစ်ထူးလွင်
on
16:01
Rating:
32 comments:
အင်း ဖြစ်ချင်ဖြစ် ဘာမှပြောလို့မရတော့ဘူး
ကံငါးပါးချိုးဖောက်မှုတွေများလာတာပေါ့
ဘီယာကအ၇က်ထက်တောင်အသဲချောက်တာမြန်တယ်ပြောတာဘဲ။ကြည့်လုပ်ကြပေါ့ကိုယ့်လူတို့၇ာ
ကျမ်းမာရေးကို
အမှန်ကို ထိခိုက်စေတယါနှော
လူ့အတွက်တော့ ဘီယာဟာ
ဓာတ်လွန်အစားအစာပဲ
World No.1"Myanmar Beer "
အ၇က်ချက်၊အ၇က်ေ၇ာင်းလိုင်စင်တွေကိုအဆီးအတားမဲ.ခွင်.ပြုခဲ.တာ စစ်အစိုးရလက်ထက်မှာပါ။ရှေးယခင်အစိုးရအဆက်ဆက် ဘယ်တုံးကမှဒီလိုမပြုကျင်.ခဲ.ကြပါဘူး။တက္ကသိုလ်ကျောင်းဝန်းထဲမှာ နိုင်ငံရေးမလုပ်၇င်ပြီးေ၇ာဆိုပြီးအရက်ဆိုင်ထောင်ပေးခဲ.တာ၊လူငယ်တွေရဲ.အနာဂါတ်ကို စံနစ်တကျဖျက်ဆီးခဲ.တာ ဒီသူယုတ်မာတစ်စုပါဘဲ။
လက်ရှိအစိုးရသစ်အနေနဲ.ကြပ်မတ်ပေးဖို.ကောင်းပါတယ်။
ကန်တော့တဲ့ ခြင်းတောင်းထဲမှာလည်း double black.တို့ green platinum blue label တို့နဲ့နော် ဒါလည်း ယဉ်ကျေးမှု ပြောင်းလဲသွားခြင်းတစ်ခု ပဲလား။ အဆိုးဘက်ကို ပြောင်းလဲခြင်းပါ။
ကျွန်တော်ပြောချင်တာများများသောက်ပါလို့ အကြံပေးချင်ပါတယ်။
မြန်မာဘီယာ ဆိုင်များတွင် ခွက်ပြည့်စေချင်ပါတယ်
ခွက်သေး လက်နှစ်လုံးလောက်လျော့့ထည့်
စီးပွားရေး သူခိုးများ ဖြစ်တ
်ယ်
ဉပမာတခုပေါ့ဗျာ။
ကျွန်တော်လဲသိသလောက်ပေါ့။
စလုံးကလေဆိပ်အခွန်လွတ်ဆိုင်တွေဆို၇င်ဝီစကီဈေးပေါ။
အကြောင်းကပါဆယ်ဝယ်သွားတဲ့နိုင်ငံခြားသားအတွက်စေတနာပေါ့။
စလုံးပြည်တွင်းမှာတော့သွားမလုပ်နဲ့။
မ/ယ caseကသေဒဏ်။
ကျုပ်တို့အစိုး၇ကစေတနာနဲ့အများပြည်သူလွယ်ကူစွာအားပေးနိုင်အောင်အခွန်သက်သာ၊စေတနာနဲ့မြန်မာဆိုတာကို
ဘီယာနာမည်ပေး၊တန်ခိုးကြီးဖု၇ားအမည်ဒဂုံဆိုတာကိုတံဆိပ်ကပ်။
ဉီးပိုင် (တပ်၊အ၇ပ်ပျက်များ)နဲ့ MEC (တပ်စစ်စစ်)များကစေတနာထားေ၇ာင်းခြပေးတယ်။
အစိုး၇ကိုစိတ်နဲ့တောင်မပြစ်မှားနဲ့။
စာရိတ္တမဏ္ဌိုင်ပြိုလဲလာတဲ့သဘောပါဘဲ အစိုးရနဲ့အဓိကသက်ဆိုင်ပေမဲ့ မိဘဆရာတွေရဲ့ဆုံးမပိုင်ခွင့်တွေလျော့နည်းလာတာ တစ်ခြားနိုင်ငံတွေထက်အရက်ဘီယာဈေးချိုနေတာ လူငယ်တွေအတွက်မျှော်လင့်ချက်ကြီးကြီးမားမားတွေ တိုးတက်လမ်းတွေရှာရခက်တာကြောင့် ကြိုးစားလိုစိတ်လျော့နည်းလာကြတာစိတ်ပျက်မိတယ်ဗျာ
နောက်ဆိုရင် အစိုးရဌာ တွေမှာတောင် "လက်ဖက်ရည်ဖိုးလေးပေးပါဦး" အစား ဘီယာဖိုးလေးပေးပါဦး" ဖြစ်လာမလား မသိပါ။

ဖြစ်နေပီလေ တစ်ကြားဖိုး နှကြားဖိုးတို့
ရှယ်ဆိုရင် တဆက်ရှင်ဆိုပီပါလိုက်သေး
၃၁ပုံလူ့ပြည်ပဲအရက်ရောင်းတာမ သေခင်သောက်ထား
ဟ မသောက်နဲ့ပြောလဲ ရမှာမှ မဟုတ်တာ။ ဥပဒေ ထုတ်ပြီးတားမြစ်ကြည့်ပါလား။ ကောင်မလေးတွေပါ ဆန္ဒပြ ကြပါလိမ့်မယ်။ လူအခွင့်အရေးလေ။ များများသောက်မြန်မြန်သေပေါ့ဗျာ။ မြန်မာပြည်ကဟာတွေ တားရင် တရုတ်ပြည်ကနေ ရေထက်ပေါတဲ့ တံဆိပ်တွေ ဝင်လာလိမ့်မယ်။ ကိစ္စတိုင်း အစိုးရ ဆိုတာကြီးပဲ အပြစ်ပုံချလို့ မရပါ။ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်ကိုပြင်ရမှာ။ .NLDတက်လဲ ဒါတွေရှိနေမှာပဲ။ ပြင်မရလို့သတ်ပစ်ရင်လဲ လူတွေ ကျန်တော့မယ်မဟုတ်ပါ
ဘီယာ ကျန်သေးလား...ဟေ့ ၊ သောက်သောက် ဗိုက်ပူအောင်သောက်ကြဟေ့ ...။
I also talk to u that let female in ur family drink beer first..
ကိုယ့်ကိုယ်ကိုဖြတ် သံချေးတက် အဓိက ကတော့စိတ်ပါပဲ။ ကိုယ်ဖြစ်ကိုယ်ခံ။ ဒါပေမဲ့ လူ့ဘဝဆိုတာရဖို့မလွယ်ဘူး။ နိဗ္ဗန်သွားမလား ငရဲသွားမလား ကြိုက်တာရွေး။ ဒါပေမဲ့ အရက်သမားက ဘယ်လောက်မူးမူး ချီးကျွေးရင်တော့ မစားဘူးဗျ။
အေးဒါပေမဲ့ အခွင့်ရေးတော့ယူတတ်တယ်ဗျ။
ဟုတ်ပ ဘယ်သူတားတားလုပ်ချင်တဲ့သူလုပ်နေမှာဘဲကျေးရွာတွေမှာဆိုယောက်ျား၉၀ရာနှုန်းလောက်ကသောက်နေကြတာလို့ဖတ်ဖူးတယ် သူရာရည်ကြောင့်ပြည်တွေပျက်ခဲ့တာနိပါတ်တော်တွေမှာပါတာဘဲ လူတွေကသိသိကြီးနဲ့ကြိုက်နေတာဘာဆေးမှမရှိဘူးပြောနေလဲအလကားဘဲအရက်မကောင်းကြောင်းကလေးထဲကသိကြတာဘဲဒါပေမဲ့ကြီးလာတော့အကြောင်းအမျိုးမျိုးနဲ့သမားအဆင့်မဟုတ်တောင်သောက်ဖြစ်ကြတာများတာဘဲဘယ်သူမှတတ်နိုင်မဲ့ကစ္စမဟုတ်ဘူး
မ သောက် တာ အ ကောင်းဆုံးပါ
သောက် တတ် နေရင် လဲ နေ့တိုင်း မ သောက် မိ အောင် ထိန်းသိမ်း တာ ကောင်းပါတယ် ။
ရက် ဆက် များ လာ ရင် ပြန် နား လိုက်ပါ။
ကိုယ့်ကိုယ် တော့ ထိန်းချုပ် နိုင် ဖို့ လိုပါတယ်
ကိုယ် တွေ့ ပါ
ကိုကတုံး၇ဲ့ မှတ်ချက်ကလက်တွေ့အဆန်ဆုံးပါဘဲ။
စေတနာပါပြီး၇ိုးသားတဲ့စကားပါ။
သေကြမှာ
if ur going to drink beer ?????????????????????????
ဘီယာ၏အကျိုးကျေးဇူး.......ရယ်မနေဲ့တကယ့်အဖြစ်အပျက်....
ဘီယာကို...မြောက်အမေရိက နဲ့ ဥရောပ နိုင်ငံ တော်တော်များများ မှာအဓိကထားသောင်သုံးပါတယ်...
အခုဆိုရင်တော့..တစ်ကမ္ဘာ လုံးအမျိုးသားရော အမျိုးသမီးများ ပါသောက်သုံးပါတယ်...
ဘီယာ ကိုချက်လုပ်တဲ့အခါ အဓိက အသုံးပြု တာကတော့ ဗျစ်ပန်းခြောက် ဖြစ်ပါတယ်..
ဘီယာထဲမှာ.. protein .vitamin B ပါဝင်မှုဟာ..၀ိုင်မှာထက်ပိုများပါတယ်..
ဘီယာ ကိုသင့်တင့်ရုံသောက်မယ်ဆိုရင်...ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်
ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ကတော့....
၁) ဘီယာမှာပါဝင်တဲ့... flavonoid နဲ့ polyphenol ဒြပ်ပေါင်းဟာ..(အနီရောင်ဝိုင်ကဲ့သို့) ကင်ဆာရောဂါကို မဖြစ်ပွားအောင်
တားဆီးပေးနိုင်ပါတယ်...။
၂) ဘီယာမှာပါဝင်တဲ့. vitamin B6 ဟာနှလုံးရောဂါ ကိုပျောက်ကင်း စေနိုင်ပါတယ်.ဒါ့အပြင် ဘီယာ သောက်ခြင်းဟာ
သွေးကျဲစေတဲ့အတွက် နှလုံးသွေးကြောပိတ်ခြင်းကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။
၃) ဘီယာ ထဲမှာပါဝင်တဲ့ silicon ဒြပ်ပေါင်းဟာ အရိုးကြွပ်ခြင်း.အရိုးပွခြင်း နဲ့အရိုးများကို အလွယ်တကူ ကျိုးခြင်း
အက်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။
၎) ဘီယာ ဟာသွေးထဲက ကိုလက်စထရော ကို (၁၀-၂၀ %) အထိ လျှော့ ချပေးနိုင်ပါတယ်ဒါကြောင့်နှလုံးသွေးကြော
ပျက်စီးခြင်းကြောင့် ဖြစ်ပွား တဲ့ရောဂါများကိုကာကွယ်ပေးနိုင်ပါတယ်.။
၅) ဘီယာ မှာပါဝင်တဲ့ gastrin,gastric acid, cholecystokinin, pancreatic enzymes တို့ဟာ
အစာခြေဖျက်မှု ကိုကောင်းမွန်စေပါတယ်။
၆) ဘီယာ မှာပါဝင်တဲ့ vitamin E ဟာ ကျန်းမာစိုပြေတဲ့..အသားရေ ကိုထိန်းပေးခြင်းအပြင် အိုမင်းရင့်ရော်ခြင်း
ကိုလည်း လျှော့နည်းစေပါတယ်။
၇) Vitamin B12 , Folic acid ဟာ သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်.vitamin B12 ကြောင့်မှတ်ညဏ်
စွမ်းရည်ကို ကောင်းမွန်စေပီး အာရုံစူးစိုက် မှု ကို လည်းကောင်းမွန်စေပါတယ်.။
၈)ဘီယာ မှာပါဝင်တဲ့ magnesium ဟာ ကျောက်ကပ်မှာကျောက်တည်ခြင်း.သည်းခြေမှာကျောက်တည်ခြင်း
ကိုလည်း ကာကွယ် ပေးပါတယ်.။
၉) ဘီယာသောက်ခြင်း ဟာ stress ကိုလျော့နည်းစေပြီးစိတ်ကယောင်ခြောက်ခြား မှု ကိုကင်းဝေးစေပီး
နှစ်ခြိုက်စွာအိပ် စေနိုင်ပါတယ်.
၁၀) ဘီယာ ဟာအမျှင် ဓါတ်ပါဝင်တဲ့ အဖျော်ယမကာ တစ်မျိုးဖြစ်ပီး ယင်း အမျှင် ဓါတ်ဟာ
ကျန်းမာရေး အတွက် အလွန်သင့်တော်ပါတယ်..။
၁၁) ဘီယာသောက်ခြင်း ဟာဆီးသွားခြင်း ကိုအထူးကောင်းစေပါတယ် ဆီးသွားခြင်းကြောင့်
ကိုယ်ထဲမှ ရှိတဲ့..အဆိပ်ဖြစ်စေနိုင်တဲ့..radical များကိုဖယ်ရှာပေး ပါတယ်.။
၁၂) လေ့လာချက် များအရ ဘီယာကို သင့်တင့်ရုံ သောက်သုံးခြင်း ဟာ ဆီးချိုရောဂါ ဖြစ်ပွားမှု ကိုကာကွယ်နိုင်ပါတယ်..
မှတ်ချက် အနေနဲ့...ဘီယာကိုသင့်တင့်ရုံသောက်ခြင်းဟာ ကျန်းမာရေးကိုကောင်းစေပီး အလွန်သောက်သုံးခြင်းဟာ
ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်...။

သူငယ်ချင်းတွေထဲမှာပြောလေ့ရှိတဲ့စကားပါ
လမ်းမှာအခါတစ်ရာတွေ့တဲ့ သူငယ်ချင်း ထက် လက်ဘက်ရည်ဆိုင်တစ်ခါထိုင်ဘူးတဲ့သူငယ်ချင်းကိုပိုခင်တယ်
လက်ဘက်ရည်ဆိုင် အခါတစ်ရာထိုင်ဘူးတဲ့သူငယ်ချင်းထက် ဘီယာဆိုင်တစ်ခါထိုင်ဘူးတဲ့သူငယ်ချင်းကိုပိုခင်တယ်
အစိုးရကိုယ်တိုင် လူငယ်တွေကို စနစ်တကျဖျက်ဆီးနေတာပါ၊
နိင်ငံတကာမှာ ဘီယာ။အရက်။ ဆေးလိပ် ဆိုတာတွေက လူတိုင်းဝယ်သောက်လို့  မရအောင် ဈေးကြီးတင်ထားကြသည်။

အစိုးရက အရက်မသောက် မနေရ
ဥပဒေထုတ်ထားလို့လား
အလကားနေ အစိုးရဘဲပုတ်ခတ်နေတာ။
ကိုယ်ကြိုက်လို့. ကိုသောက်တာဘဲ။
လူ့အလိုနတ်မလိုက်နိုင်ဆိုတာ ကြော်ငြာမှာတင်ရှိတာမဟုတ်..
ကောမန့်ထဲမှာလဲရှိတာပဲ..
MInThu Si ကိုယ်ရေးထားတဲ့ကောမန့်ကိုယ်သေသေချာချာဖတ် ပြီးရင်ပြန်သုံးတတ်ကြည့်ပါအုံး ဒီအတိုင်းမျက်မှန်စိမ်းတပ်ပြီးရေးလိုက်တာလား တကယ်ကိုခံစားခဲ့ရလို့လား ဘာကိုကြည့်ပြီး လူငယ်တွေကိုစနစ်တကျဖျက်ဆီးနေတာလို့ ပြောနိုင်ရတာလဲ
အစိုးရဆိုတာကို နားလည်အောင်အရင်လုပ်ပါအုံး
ဈေးကြီးလဲတပြစ် ဈေးပေါလဲတပြစ်
ဘာမှမလွတ်ပါလား..
Post a Comment