မင်းလွင်ထက်
မန္တလေးက ဝေးရသောအခါမှ ကျွန်တော်သည် မန္တလေးကို ပိုလွမ်းတတ် လာသည်။ အိမ်လွမ်းနာသည် အိမ်လွမ်းနာ သက်သက် မဟုတ်ဘဲ မန္တလေးမြို့ကို လွမ်းသောအလွမ်း ဖြစ်လာသည်။ သည်အလွမ်း ကား တစ်နည်းပြောရလျှင် မြန်မာ့ယဉ်ကျေးမှုကို လွမ်းသော အလွမ်း၊ မန္တလေးသူ မန္တလေးသားတို့ကို လွမ်းသောအလွမ်း၊ မန္တလေးက အစဉ်ဖော်ညွှန်း လာခဲ့သော ယဉ်ကျေးသည့် မြန်မာ့လူ့အဖွဲ့အစည်းကို လွမ်းသောအလွမ်းလည်း ဖြစ်လာတော့သည်။
မန္တလေးသည် စင်စစ် ယဉ်ကျေးမှု အချက်အချာဟု ပြောဆိုရ လောက်အောင် ပင် အနယ်နယ်က၊ လူမျိုး အသီးသီးက သယ်ဆောင် လာကြသည့် ယဉ်ကျေးမှု တို့ကို အစဉ်အလာ မြန်မာ့ယဉ်ကျေးမှု ထဲသို့ အရိုးအရွက် မဖုံးစေဘဲ ညင်ညင်သာသာ သယ်ယူ၊ ပေါင်းထည့်တတ်သော မြို့ဖြစ်သည်။ ဆနွင်းမကင်း (နနွင်းမကင်း) လို၊ ခနုံလို ယိုးဒယား အစားအသောက်များ မန္တလေးကို ရောက်လာကြသော အခါ မန္တလေးသားတို့ အကြိုက်၊ မြန်မာတို့ အကြိုက် မြန်မာပါးစပ်နှင့် ကိုက်အောင် ညှိပြီး ပြင်ယူ လိုက်ကြသည်။ မြန်မာ အစားအသောက် စာရင်းထဲမှာပင် ထည့်သွင်း လိုက်ကြသည်။ တရုတ်ရိုးရာ လမုန့်ကို လည်း မန္တလေးလက်ဆောင် မုန့်ဖြစ်အောင်ပင် မြန်မာ ပါးစပ်နှင့် ကိုက်ညီအောင် ညှိလိုက်ကြသည်။
သမိုင်းကို ပြန်ကြည့်သော် အရှေ့ဘက် တရုတ်ပြည်နှင့် လည်းကောင်း၊ အနောက်ဘက် အိန္ဒိယပြည်နှင့် လည်းကောင်း နန်းမြို့တော်ကို တည်ထောင်တော်မူသော ပထမမြို့တည် နန်းတည် မင်းတုန်းမင်းတရား လက်ထက်ပင် ကူးလူးဆက်ဆံမှုတို့ ရှိခဲ့သည်။
တိုင်းပြည် အေးချမ်းခြင်း၊ ပြည်သူတို့ကို တရားသဖြင့် အုပ်ချုပ်ခြင်း၊ အစာရေစာ ပေါကြွယ်ဝခြင်း တို့ကြောင့် မန္တလေး ရတနာပုံ နေပြည်တော် မှာ ဆွေမျိုးပေါက်ဖော် ဟုခေါ်သော တရုတ်များနှင့် အိန္ဒိယနွယ်ဖွား များလည်း ဒေသခံများနှင့် အထူး ရင်းနှီးချစ်ကြည်စွာ တရားဝင်နေ ထိုင်ခဲ့ကြသည်။ မင်းတုန်းမင်းတရားကြီးက မြန်မာဟာဂျီများ အတွက် မက္ကာမြို့တွင် ဒေါင်းတံဆိပ် ခတ်နှိပ်တော်မူသော ဇရပ်တစ်ဆောင်ကို ပင် ချီးမြှင့်တော် မူခဲ့သည်။ သမိုင်းကို ပြန်လှန်ကြည့်သောအခါ တရုတ်များမှာလည်း အစဉ်အလာ လက်သမား လုပ်ကိုင်ကြသူများ ရှိသလို မွေးမြူရေးခြံ လုပ်ငန်း လုပ်ကြသူများ၊ လက်ဖက်ကုန် ကူးသန်း ရောင်းဝယ်ကြသူများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် လုပ်ငန်း လုပ်ကိုင်ကြသူ များလည်း အထင်အရှား ရှိသည်။
ထို လူ့အစုအဝေး အားလုံးနှင့်ပင် မန္တလေး လူ့အဖွဲ့အစည်းမှာ သဟဇာတ ဖြစ်ခဲ့သည်သာ။ ဒေသခံ လူ့အဖွဲ့အစည်း၏ နဂိုရှိပြီး ယဉ်ကျေးမှု အခံဘောင်အတွင်းသို့ လိုက်လျောညီထွေစွာ၊ ညင်သာစွာ၊ ပျော့ပျော့ပျောင်းပျောင်း စည်းနှောင်ပျော်ဝင် သွားခဲ့သည်သာ ဖြစ်သည်။ ဤသည်မှာ အံ့အားသင့်ဖွယ် ကိစ္စမဟုတ်သော်လည်း စိတ် ချမ်းသာစရာ ကိစ္စတစ်ခုပင် ဖြစ်ပါသည်။
လူများစုနှင့် လူနည်းစု အချင်းချင်း အချစ်အကြည်မပျက် အငြင်းအခုံ မဖက်ဘဲ စုစည်းစွာ နေနိုင်ခြင်းမှာ စင်စစ် လူ့အဖွဲ့အစည်း ယဉ်ကျေးခြင်းလည်းဖြစ်သည်။ သာဓကအားဖြင့် မြန်မာ့ မဟာဂီတအတွက် သမိုင်းတန်ဖိုး ကြီးမားလှသည် ဖြစ်သော မဟာ ဂီတဝိသောဓနီကို စုစည်းရေးသားခဲ့သည့် စောင်းဆရာကြီး မောင်မောင်လတ်မှာ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီး၏ တပည့် အရင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်ဖြစ် သည်။ တစ်ဖန် မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာ အသင်းကြီး၏ ပထမဆုံး ဥက္ကဋ္ဌမှာ အပေါင်ဆိုင်ပိုင်ရှင် တရုတ်ကြီး ဦးတော်လုံဖြစ် ပါသည်။
ပြောလိုသည်မှာ မန္တလေး၏ အစဉ်အလာ ယဉ်ကျေးမှုသည် ယခုခေတ်စကားနှင့် ပြောရလျှင် Diverse ဖြစ်ပြီး ထိုလူ့အစုအဝေး အားလုံးမှာ နဂိုရှိပြီး လူ့အဖွဲ့အစည်းနှင့် အဆင်ပြေ ချောမွေ့ စွာ ပျော်ဝင် ပေါင်းစီး (Integrate) လုပ်နိုင်သည်ကို အထင်အရှား တွေ့နေ ရခြင်းပင်ဖြစ်သည်။
ကျွန်တော် ဤမျှ ပြည်တည်လာခဲ့လျှင်ပင် ယခုဆောင်းပါးက ဘာပြောတော့မည်ကို စာဖတ်သူ ရိပ်စားမိလောက် ပါပြီ။ မန္တလေးမြို့ ကြီး ယခုနှစ်များမှာ အသားဖြူသထက် ဖြူလာသည့် ကိစ္စဖြစ်ပါ၏။
ချိန်ကိုက်ဗုံးများ
ခေတ်သစ် နိုင်ငံရေးသိပ္ပံ ပညာရှင်တို့က လူဝင်လူထွက် ထိန်းသိမ်းရ ခက်လှသည့် နယ်စပ်ဒေသများကို ပေါက်လွယ် ကွဲလွယ်သော ချိန်ကိုက်ဗုံး များဟု ဝိဂြိုဟ် ပြုကြသည်။ ယခုအချိန်မှာ အားလုံးသိကြ သည့်အတိုင်း မြန်မာ့အနောက် တံခါးမှာ ပြဿနာ တက်နေသော အချိန်။ သို့သော် ကျွန်တော့်စိတ် ထဲမှာမူ မန္တလေးသား တစ်ယောက်အနေနှင့် မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးသော သူတစ်ယောက် အနေနှင့် သည်မေးခွန်းကိုလည်း မေးကြည့် လိုပါသည်။ ကျွန်တော်တို့ အရှေ့ တံခါးကကော လုံပါရဲ့လား။
သည်နေ့ မန္တလေးသည် ပိုပိုဖြူလာသည်။ ရွှေခြေကျင်း မန္တလေး ခေတ်ကို ကျွန်တော်ပြန် တမ်းတနေခြင်း မဟုတ်ပါ။ သို့သော် သည်နေ့ မန္တလေးသည် စကတ်လည်း ပိုတိုလာသည်။ ဂျင်းဘောင်းဘီလည်း ပိုကျပ်လာသည်။ အသားလည်း ပိုဖြူလာသည်။ မန္တလေးသားတို့ နေ့စဉ် အစားအသောက် ထဲမှာ ယူနန် အစားအသောက် တစ်မျိုးဖြစ်သည့် စပ်ပူစပ်လောင် မာလာဟင်းလည်း အထင်ကရ နေရာယူလာပြီ။ ယခင်က မန္တလေးလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ ဓမ္မာရုံတွေ၊ လက်ဖက်ရည်ဆိုင်တွေ ရှိရာက အခုလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ မာလာဟင်းဆိုင် တွေကို တွေ့လာရပြီ။
လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလများက မန္တလေးမြေဈေး များ ထူးထူးဆန်းဆန်း မြင့်လာ ခဲ့သည်ကို မန္တလေးသားတွေ တအံ့တသြ တွေ့လာရသည်။ အမေ လူထုဒေါ်အမာက ဘယ်သူတွေ ဘယ်လို စီးပွားရေးတွေ လုပ်ပြီး ဘယ်လိုငွေတွေ ရကြလို့များ သည်လောက် မကြားဝံ့မနာသာ ဈေးတွေ ပေးဝယ်နိုင်နေကြပါလိမ့် ဟု ထိုစဉ်က မဂ္ဂဇင်းများ ထဲကပင် ထည့်ညည်းဖူးသည်။
မြေဈေးတွေ တက်လာသည့် အကျိုးဆက်မှာ မန္တလေးမြို့ခံတွေ မြို့သစ်ကို ပြောင်းရပြီး မြို့ထဲကို ဧည့်သည်တွေ ရောက်လာကြခြင်းပင် ဖြစ် သည်။ ကျွန်တော့် သူငယ်ချင်းတွေ လမ်း ၃၀ အစည်ကားဆုံး ဆိုသည့် နေရာတွေကနေ ရွှေ့ကြရသည်။ စီးပွားရေးကလည်း နာလန်မထူ၊ မအောင်မြင်တော့ မြေရောင်းပြီး အသက်ရှူ ချောင်အောင် လုပ်ရ သည်။ အကြောင်းပြချက် မျိုးစုံနှင့်ပင်။ ကလေး ကျူရှင်ပို့ဖို့၊ အဖေ့ကို ဆေးကုဖို့ စသဖြင့်။ မန္တလေးမှာ ခေတ်စားလာသော စကားလုံးက ဝိတ်လျှော့သည် ဆိုသော စကားလုံး ဖြစ်လာသည်။
စီးပွားရေး
စီးပွားရေး မှာလည်း ဒီလိုပဲ ဖြစ်လာသည်။ အလုံးအရင်း နှင့် ဝင်လာသော ငွေအရင်းအနှီး များကို ဈေးချို အစဉ်အလာ ကုန်သည် လောကက တောင့်မခံနိုင်တော့။ သိန်း ၁၀၀ အရင်းရှိသော သူက မည်သည့်နည်းနှင့်မျှ သိန်း ၁၀၀၀၀ အရင်းအနှီး သမားကို မယှဉ်နိုင်။ အကြွေး ပေးထားနိုင်သည့် (လက်ကား ပေးထားနိုင်သည့်) ပမာဏချင်း ကွာသွားသည်။
ပြိုင်ဆိုင် လုပ်ကိုင်ဖို့ ဆိုပြန်သော အခါလည်း လွယ်လွယ်ကူကူ ငွေထုတ်ချေး နိုင်သည့် ဘဏ်စနစ် မဖွံ့ဖြိုးသေးပေ ရာ နောက်မှ နောက်ခံအင်အား တောင့်တင်းသူတို့နှင့် ယှဉ်ပြိုင်ရန် မည်သို့မျှ မလွယ်ကူသော ကိစ္စဖြစ်သွားသည်။ ငွေလှည့် သုံးနိုင်သည့် ပမာဏ ကွာသွားသည်။ ဤအကြောင်းများကို အခြေခံပြီး ယခင် အထက်မြန်မာပြည်၏ ဈေးကွက်ကြီး ဖြစ်သည့် ဈေးချိုသည့် ကျီးနှင့် ဖုတ်ဖုတ် ဖြစ်လာသည်။ ဈေးကွက်မှာကား ယခုမှ မန္တလေးသို့ ရောက်လာ ကြပြီး မှတ်ပုံတင်လေးငါးခု ကိုင်ထား နိုင်သည်ဟု နာမည် ကြီးသော အသားနီစပ်စပ် ပုဂ္ဂိုလ်များ၏ ဂိုဒေါင်ပါ တစ်ပါတည်း ပါသော အိမ်ကြီးများသို့ ရောက်သွားကြသည်။ ဤသည်ပင် တစ်နည်း လက်ရှိ ပြောင်းလဲရန် ကြိုးပမ်းနေရသော မြန်မာ့နိုင်ငံရေး ဘောဂဗေဒ အခင်းအကျင်း ထဲက မန္တလေးနိုင်ငံရေး ဘောဂဗေဒ၏ မလူးသာ မလွန့်သာသော အနေအထားကို ထင်ဟပ် နေခြင်းလည်း ဖြစ်သည်။
စီးပွားရေးအချက်အချာ
မန္တလေးသည် စင်စစ် မြန်မာနိုင်ငံ၏ အလယ်တည့်တည့် ဗဟို ကျနေသော မြို့ဖြစ်နေသည်။ စီးပွားရေး အချက်အချာ ကျသော ရန်ကုန်နှင့် မြန်မာပြည် အခြားမြို့ကြီးများသို့ ကုန်စည်များ စီးဆင်း ရန်မှာ မြန်မာပြည် မြောက်ပိုင်းမှ မြန်မာပြည် တောင်ပိုင်းသို့ မန္တလေး ကို မဖြတ်ဘဲ၊ တစ်ထောက်မနားဘဲ မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်။ အမှန်မှာ မန္တလေးမြို့၏ စီးပွားရေး အချက်အချာကျမှု၊ ပထဝီအနေ အထား အခင်းအကျင်းကို အခြေခံ ရရှိရမည့် အကျိုးအမြတ် များသည် မြို့သူမြို့သား များအတွက်သာ ဖြစ်သင့်သည်။ အကယ်၍ နိုင်ငံခြား သားများ လုပ်ကိုင်သည် ဆိုလျှင်လည်း ထိုအလုပ်အကိုင် များမှ အခွန် အကောက်များကို အစိုးရက ရရှိသင့်သည် သာဖြစ်သည်။ ယခုမူကား ကိုယ်စားလှယ် နာမည်နှင့် သို့မဟုတ် နိုင်ငံသား မှတ်ပုံတင်ကို လွယ်လွယ်ကလေး တင်ပြ၍ ဝယ်ယူ ရောင်းဝယ်ဖောက်ကား လာကြ သည်မှာ မန္တလေးမြို့သည် မန္တလေးသူ၊ မန္တလေးသားများ မပိုင်တော့ သော၊ မနေရတော့သော မန္တလေးမြို့ ဖြစ်လာသည်။ မြို့တွင်း အချက် အချာ နေရာများ အားလုံးကို ဖယ်ပေး လိုက်ရသည်။ မြို့သူမြို့သားများ အတွက်ကော အစိုးရ အတွက်ပါ များစွာ နစ်နာစေသော စီးပွားရေး အခွင့်အလမ်း ကောင်းကြီးတစ်ခုကို လက်လွတ် ဆုံးရှုံးသွားခြင်း ပင်ဖြစ် သည်။ ဆက်လက်၍ အာဆီယံ ပေါင်းစည်းမှုတွင်လည်း မန္တလေးမြို့ သည် အထူးအချက်အချာ ကျသော နေရာ ဖြစ်လာဦးမည် ဖြစ်ပေရာ အထူး စဉ်းစားထိုက်သော အချက်ဖြစ်လာသည်။
အမျိုးသားယဉ်ကျေးမှုလက္ခဏာ
ယဉ်ကျေးမှုဘက်ကို ကျွန်တော်တို့ ပြန်ကြည့်ကြပါဦးစို့။ မန္တလေးမြို့မှာ အစဉ်အလာ ရှေးကပင် နေလာကြသော တရုတ်များ၊ အိန္ဒိယနွယ်ဖွား ပုဂ္ဂိုလ်များမှာ တစ်ခါတစ်ခါ ဗမာတွေ ထက်ပင် မြန်မာရည် ပိုလည်သေးသည်။ မန္တလေး ယဉ်ကျေးမှုနှင့် လွယ်လွယ်ကူ ကူ ပေါင်းစည်း လိုက်နိုင်သည်။ သို့သော် ၉၀ ပြည့်လွန် နှစ်များက စတင်၍ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အခြေခံ၍ မြန်မာပြည်တွင်း ဝင်လာကြသော ပုဂ္ဂိုလ်များကား ယခင်ရွာနေ ပြည်ထိုင်တွေနှင့် မတူတော့။ တဖြည်းဖြည်း များများလာသော အခါ နဂိုရှိ နေသော ဒေသခံ မန္တလေးသူ မန္တလေးသား များ၏ ယဉ်ကျေးမှု များကို ပင် မျိုပစ်လိုက်နိုင်သော၊ ဂရုမစိုက်သော၊ မယဉ်ကျေးသော လူ့အစု အဝေးသည် ကြီးထွား လာသည်။ အဖေ၊ အမေကို နင်-ငါ သုံးပြော သော အပြောအဆို တွေကို ကြားလာရသည်။
အဝတ်အဆင် မှာလည်း ပလွှားလာကြသည်။ စကတ်တိုတို ဖော်ဝတ်ကြသော အညာသူဖြူဖြူ လေးတွေရှိလာသည်။ ညိုညိုလေး တွေလည်း အနောက်က လိုက်လာသည်။ အထူး ဆိုးရွားသည်မှာ လူငယ်ပိုင်း၏ ယိုယွင်းလာသော စိတ်ဓာတ်အမြင် (Attitude) ပင် ဖြစ်သည်။ သက်တူရွယ်တူ အသားဖြူကလေးများ သုံးသည်ကို ကြည့် ပြီး ငွေနောက်ကို လိုက်လိုသောစိတ် ဖြစ်လာသည်။ မိဘများကိုပင် ခင်ဗျားတို့ ကျွန်တော်တို့ကို သည်လို မပေးနိုင်ရင် ကျွန်တော်တို့ကို မဆုံးမနဲ့ ဆိုသော ပုံစံမျိုး အထိ ရောက်လာသည်။
ဒေသခံ မြန်မာဆန်သော ပုဂ္ဂိုလ်များကိုလည်း မင်းတို့မြန်မာ ဆန်နေတော့ကော ပြုတ်စားလို့ ရသလားဆိုသော အပြောမျိုး၊ အဆို မျိုးနှင့် နှိမ်ချ ဆက်ဆံလာကြသည်။ မြန်မာဆန်ခြင်း သည်ပင် ရှက်စရာလိုလို ဖြစ်လာသည်။ မြန်မာနိုင်ငံသား ဆိုသော စိတ်ဓာတ် မရှိတော့ဘဲ အခိုက်အတန့် လာနေသည့် သဘောမျိုး ထားကာ အခြေ အနေပေးလျှင် တခြားသွားမည် ဆိုသော စိတ်ဓာတ် မျိုးတွေကို လူရှေ့မှာပင် ထုတ်ပြလာကြသည်။ လာခဲ့ရာ အရပ်ကိုသာ တဖွဖွ ချီးကျူး အားကျလျက် ထုတ်ဖော် ပြောဆိုနေကြသည် ဖြစ်ရာ အမိ မြန်မာနိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို စောင့်သိ ရိုသေမည်ဆိုသော စိတ်ဓာတ်မျိုး ရှိဖို့ကား ဝေလာဝေး။
သည်ကိစ္စ များမှာ စင်စစ် မကြာလှသေးသော အချိန်ကာလ အတွင်း ဖြစ်ပျက် သွားခြင်းဖြစ်သည်။ ၉၀ ပြည့်လွန် နှစ်များမှသည် ယခု ၂၀၁၂ နှစ် ၂၀ နီးပါး ကာလအတွင်း မြန်မာပြည်က ဂုဏ်ယူရ သော၊ မန္တလေးက ဂုဏ်ယူရသော မန္တလေး၏ ယဉ်ကျေးမှု လက္ခဏာ (Cultural Identity) သည် ပျောက်လုနီးနီး ဖြစ်လာသည်။ စီးပွားရေး မှာလည်း မြို့နေလူထု အတွက် ထူးထူးခြားခြား တိုးတက်လာခြင်း မရှိသည့်အပြင် ပိုမို ယုတ်လျော့ လာသည်။ မြို့ကပင် နေရာဖယ်ပေး လာကြရသည်။
ဤကိစ္စမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ကာလများအတွင်း လူဝင်မှု ကြီးကြပ်ရေး၊ ရဲလုပ်ငန်းနှင့် ထောက်လှမ်းရေး အပါအဝင် အစိုးရအဖွဲ့အစည်း အသီးသီး၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ် လာရခြင်းဖြစ်သည် (Failure of State Institutions)။ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ အပေါ်လည်း များစွာ မှီတည်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရလဒ် အကျိုးဆက်မှာ မန္တလေးမြို့ကို နိုင်ငံခြားသား ပိုင်သွားခြင်း၊ မြန်မာ့ယဉ်ကျေးမှု ပျောက်ဆုံးခြင်းတို့ပင် ဖြစ်သည်။
ဤပြဿနာကို ကျွန်တော်တို့ ဘက်စုံထောင့်စုံက စဉ်းစား အဖြေ ရှာရပါလိမ့်မည်။ နိုင်ငံ တည်ဆောက်ရေး ဆိုသည်မှာ လိုအပ်သည့် အင်စတီကျူးရှင်း များကို ဆောက်ခြင်းပင် ဖြစ်ပေရာ ယခုကိစ္စ အတွက်လည်း အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ ဆောက်ကြရပါ လိမ့်မည်။ တစ်ပြိုင်တည်းမှာပင် နှစ်နိုင်ငံ ချစ်ကြည်ရေးများကို ထည့်သွင်းစဉ်းစားဖို့ လိုသလို တစ်ဖက်မှာလည်း တရားမဝင် ပိုင်ဆိုင်မှု များကို ဥပဒေနှင့် အညီ ဖြေရှင်း ရပါလိမ့်မည်။ တိကျပြတ်သားသော၊ လူ့အခွင့်အရေး များကို လေးစားသော နိုင်ငံသားဖြစ်မှု ဥပဒေတစ်ရပ် ကိုလည်း ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုပါလိမ့်မည်။ ယဉ်ကျေးမှုပိုင်း အတွက်လည်း မန္တလေး ယဉ်ကျေးမှုများကို ထိန်းသိမ်းရန် အစိုးရပိုင်း တင်မကဘဲ အရပ်ဘက် လူ့အဖွဲ့အစည်း များကိုယ်တိုင် ကလည်း တက်ကြွစွာ ထိန်းသိမ်းသွားဖို့ လိုပါလိမ့်မည်။ သို့သော် မန္တလေးမြို့ ကိစ္စသည် ယခုလက်ငင်း ချက်ချင်း ဖြေရှင်းနိုင်မည့် ကိစ္စမဟုတ်ဘဲ အချိန်ယူ၍ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စမျိုး ဖြစ်နေသည်။ ဤကိစ္စမှာ စီးပွားရေး အရ အရေး ကြီးသလိုပင် နိုင်ငံ့ဂုဏ်သရေ၊ အမျိုးသား ယဉ်ကျေးမှု လက္ခဏာနှင့် စပ်ဆိုင်သော ပြဿနာကြီးပင် ဖြစ် သည်။ (မြန်မာ့ယဉ်ကျေးမှု မြို့တော်ဟု တင်စားခံရသော၊ အလွန် ယဉ်ကျေး ဖွယ်ရာသည်ဟု အသိအမှတ် ပြုကြသော၊ မြန်မာမင်း နောက်ဆုံး နေပြည်တော်-မန္တလေးကား ယခု ဤသို့ ဖြစ်သွားလေပြီဟု နိုင်ငံတကာ ကပင် စုတ်သပ်ကြမည့် အခြေအနေမျိုး ရောက်မသွားဖို့ အထူး အရေးကြီး ပါသည်။)
The Voice Weekly

မန္တလေး၊ လာရာနှင့် လားရာအနာဂတ်
Reviewed by သစ်ထူးလွင်
on
11:52
Rating:
75 comments:
အလွန့်အလွန်ကောင်းတဲ့ ရေးသားချက်တွေပါပဲ...........
ဖတ်လို့ကောင်းလိုက်တာ။မာလာဟင်းကိုတောင် သတိရသွားတယ်။
ရှမ်းမတွေက မာလာဟင်းသာလုပ်ရောင်းတာ။မန္တလေးကိုတော့မမှီဘူးဗျာ။
မန္တလေး ကားများ ချောလိုက်နေတယ် မထသ ကို ဘယ်သူ ပြော ပြပေးနိုင်မလဲ
မထသ ကကားများချောခေါ်တာတစ်လ ၂ခါ ပြောပေးပါအုံး

ဟုတ်ပါတယ် အရင်အစိုးရလက်ထက်က ဦးနှောက်မရှိ တနပ်စားဥာဏ်နဲ့ လုပ်စားခဲ့ကြတယ် အရင် 90 ခုနှစ်လောက်တုန်းက ဆိုရင် ကျောင်းတွေမှာ ဟေ့ကောင် တရုတ် ဆီလုပ်ကြီး ပေါက်ဖော်ကြီးလို့ ခေါ်ရင် တရုတ်အစစ်တွေကစ ရှက်ကြတယ် ခုတော့ ဗမာအစစ်တွေကတောင် သူတို့ကိုယ်သူတို့ တရုတ်စပ်တယ် အဖေဘက်က ဘယ်လိုစပ်တယ် အမေဘက်က ဘယ့်နှယ်စပ်တယ်နဲ့ ပြောလာကြတယ် ကျောင်းတွေမှာလဲ ဗမာဆရာမတွေက တရုတ်ကလေးတွေကို ပိုအရေးပေး ပိုဂရုစိုက်ကြတယ် မန်းလေးဟာ အရမ်းပြောင်းလဲခဲ့ရပါပြီ အရင်က အီကြာကွေးရောင်း ပေါက်စီရောင်းတဲ့ တရုတ်တွေလဲ ခုတော့ ရွှေဆိုင်ကြီးတွေ ကုမ္ပဏီကြီးတွေနဲ့ ပြောင်းလဲကုန်ကြပါပြီ အဓိက ကဘာလဲ မြန်မာတွေကတရုတ်တွေထက် ညံ့လို့လား မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ အုပ်ချုပ်သူ အစိုးရ အသုံးမကျခဲ့လို့ပါ ငွေဖြူ ငွေမဲ လုပ်တဲ့တရုတ်တွေ ကိုလည်း မသမာတဲ့နည်းနဲ့ လက်ခံတယ် နောက်ပြီးတော့ ဘုံကျောင်းတွေက တရုတ်တွေကို အတိုးမဲ့ အတိုးနဲနဲ တွေနဲ့ ငွေတွေထုတ်ချေးခဲ့တယ် ငွေအလုံးအရင်းနဲ့ကို ထုတ်ပေးတာ ဘုံကျောင်းတွေကို ဘယ်သူကထောက်ပံ့သလဲဆိုတော့ တရုတ်အစိုးရကထောက်ပံ့တယ် ကဲဗမာလုပ်ငန်းရှင်တွေ ဘယ်တိုးလို့ ရတော့မှာလဲ စဉ်းစားသာကြည့်ကြပါတော့ သူတို့တရုတ်အစိုးရတော်လိုက်ပုံများ အားရစရာပဲ ဟောမြန်မာအစိုးရကတော့ ဝင်လာသမျှ frc တရုတ်တွေကို nrc တရုတ်တွေအဖြစ်ပြောင်းလှဲပေးလိုက်တာလဲ သိပ်အားရစရာကောင်းတာပဲ
ရန်ကုန်သားစစ်တယောက်ဖြစ်ပေမယ့်မန္တလေးကိုအရမ်းကြိုက်ပါတယ်။ ၂နှစ်လောက်အလုပ်တာဝန်နဲ့နေခဲ့ဖူးတဲမန္တလေးမြို့ကိုဘယ်တော့မှလဲမေ့နိုင်မှာမဟုတ်ပါဘူး။ ဒီဆောင်းပါးလေးကိုဖက်လိုက်ရတဲ့အချိန်မှာလဲတမျိုးခံစားရပါတယ်။ ကျွန်တော်ချစ်သောမြို့အမြဲတမ်းဂန္တဝင်ဆန်နိုင်ါစေလို့ပဲဆုတောင်းနေရတော့မှာပါပဲ။
မထသကို ခယက ကကိုင်ထားတာ။ခယက ကို ပြောပြလိုက်ရင် ရနိုင်တယ်။ ။
မန္တလေးမှာနေတဲ့ကောင်တွေ။ဘာမှဝင်မေ၇းနဲ့အသာနေကြ။
ေ၇း၇င်ကိုယ့်ပေါင်ကိုယ်မီလောင်ဘုံး,ဆော၇ီး,မျက်၇ည်၇ိုဘုံးနဲထုသလိုဖြစ်နေမယ်။
ေ၇းထားတာတွေကမှန်နေလို့ဘာပြန်ေ၇း၇မှန်းကိုမသိ
တော့ဘူး။အသာနေကြ။ငါလဲမာလာဟင်းပါဆယ်သွားဆွဲလိုက်အုံးမယ်။အကျဲတို့ဆိုင်မှာ။
အဲဒါပေမယ့် သတင်းကောင်းတခုတော့ပေးအုံးမယ် ကျွန်တော်တို့ ဗမာတွေ မန်းလေးမြို့ အလယ်မှာ တရုတ် ကုလားတွေ ထားပြီး မြို့ပြင်ကနေဝိုင်းထားလိုက်ပါပြီ ကျွန်တော်တို့ အစိုးရ ကျေနပ်မှာပါ
ရေးထားတာကောင်းပါတယ်
မန္တလေး နဲ့ ရန်ကုန်တင်မက ပါဘူးဗျာ ဗမာပြည်ရှိ အခြားမြို့ကြီးတွေရဲ့အချက်အခြာကျတဲ့နေရာမှာ ဒီကောင်တွေပဲသိမ်းပိုက်ထားတာပါ
ဒါတွေကိုတို့ ဗမာတွေနဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံး လက်တွဲညီစွာနဲ့ ၀ိုင်းဝန်းတွန်းလှန်နိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းချင်ပါတယ်
ဗမာလူမျိုးဖြစ်တဲ့ဗမာတွေကလည်းကိုယ့်ယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ အ၀တ်အစားတွေနဲ့ပဲ ကျက်သရေရှိအောင်ဝတ်ဆင်ကျရင်ပိုကောင်းပါတယ်
မန္တလေးမှာအခြေခံကျတဲနေရာတွေတိုင်းတပါးသားလက်ထဲရောက်ကြရတာ မြန်မမာတွေပညာမရှိ နှလုံးသားမပြည်ဝ စိတ်ဓါတ်ညံဖြင်းနေကြတာလဲတခုပါတယ်လို့မြင်ပါတယ်။တိုင်းတပါးသားမောင်နှမတွေပေါင်းပြီးကုဏ္ပဏီထောင်နေချိန်မှာ မြန်မာအမျိုးသားမောင်နှမတွေကအမြင်ကျင်စွာနဲရန်ဖြစ်အမွေလုကြတော့ရှိတဲနေရာလေးကိုအဆင်သင့်စောင့်နေတဲတိုးတပါးလက်ထဲထည့်လိုက်ရပြီပေါ့ အစိုးရရဲပေါ်လစီညံဖြင်းတာပြောင်းလဲဘို့ လိုသလိုကျွန်တော်တို့တတွေလဲစိတ်ဓါတ်ပြုပြင်ရေးတွေအတွေးအခေါ်
ပြုပြင်ရေးတွေလုပ်ဖို့ လိုပါတယ်။လူမူရေးအဖွဲ့ အစည်းတွေဘာသာရေးအဖွဲ့ အစည်းတွေကတဆင့်စိတ်ဓါတ်ပြုပြင်ရေးအမြင်တွေဖြန်ဝေဘို့ တိုက်တွန်းခြင်ပါတယ်။
ဝ မန္တလေးသားစစ်စစ်ကြီးပါဗျာ
အဲ့ဒါမျိုးမစစ်ရှမ်းတရုတ်တွေကြောင့်။
ရန်ကုန်မှာသူတို့ကိုတွေ့လို့မေးလိုက်ရင်
ရှမ်းတရုတ်လို့တောင်မပြောဘူး
တရုတ်..တရုတ်နဲ့နေဒါပဲ။။
မြီးလို့ မှန်းသလေး မြို့ဘီလောက်လဲ။ အီရမ်းစီပေါကျလယ်။ ဝီ ရှင်လယ် ။ ဇီးပြောလီ။
မြန်မာတွေကသူတို့နဲ့မတူဘူးလေ။ ဧရာဝတီမြစ်ကြီးရဲ့ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင်တွေ့ရပါလိမ့်မယ်။ ဘုရား၊ကျောင်း၊ကန် ၊သိမ်၊ဇရပ် စတာတွေ မြန်မာတွေရဲ့နာင်ဘဝ
အတွက် ရင်းနှီးမြှုပ်နှံမှုတွေပေါ့။
အခု တရုပ်တွေက အပါယ်ငရဲကို ဇောက်ထိုးကျပြီး နောင်ဘ၀မှာ အ၀ီဇိငရဲမှာ ဂျိုးကပ်မယ့် လူမျိုးတွေပါ။
Mandalay is the China city
မိဘဖိုးဖွားလက်ဆင့်ကမ်းခဲ့သောဗုဒ္ဓဘာသာနှင့်သာသနာ၊ စေတနာ နှင့် သဒါတရား၊ ယဉ်ကျေးမှုအမွေအနှစ်များကိုဆက်လက် ထိန်းသိမ်းဖို့မိသားစုတိုင်းသမိုင်းပေးတာဝန်တရပ်အနေနဲ့ အသက်ပေးကာစောင့်ရှောက်ပါမှမြန်မာနိုင်ငံသားတိုင်း လူ့တာဝန်ကျေပွန်ပါမည်။ မိမိလက်ထက်ဆက်ပြီး လက်ဆင့် မကမ်းနိုင်လျင် တာဝန်မဲ့တန်ဘိုးမရှိလူသားဖြစ်ပြီပေါ့။ လူဖြစ်ပြီးလူ့တန်ဖိုးမရှိသည့်လူသားပေါ့။
ှူသြော်ဆ၇ာစာဖတ်၇တာ ပိာုးတုံးကမန္တလေးကိုလွမ်းလိုက်တာ
တ၇ုပ်တွေမှာငတ်လွန်းလို့တူနဲ့စားကြ၇တာ
မြန်မာတွေမှာတော့လက်နဲ့တ၀တပြဲစားကြတာ
ဒါကို့တူနဲ့စား၇တာဂုဏ်ယူတဲ့ကောင်တွေ၇ှိသေးတယ်
တူနဲ့စား၇င် ထ္မင်းနဲနဲလေများများ သူ့လူမျိုးအကုန်အကြ
သက်သာစေဖို့ကိုနားမလည်ဘူး
ဒါဆို ခုတစ်လော ကျယ်ကျယ်လောင်လောင်ထွက်လာတဲ့ တရုပ်တွေကို ဒို့မြန်မာတွေ မကြောက်ဘူးဆိုတာ တကယ်ပေါ့။ မန္တလေးက သူငယ်ချင်းတွေရေ သူတို့ခမျာ အဝိုင်းခံထားရတာသနားပါတယ် ညုာညုာတာတာလေး မီးလောင်ဗုံးလောက်နဲ့ပဲ ကိုင်တွယ်ကျပါ။လူသားချင်းညှာတာထောက်ထားပြီး ရတနာပုံရဲ့ သမိုင်းဝင်နေရာတွေကို သူတို့နေဖို့ စွန့်ကြဲလိုက်ကြပါ။ ခမျာတို့ သနားစရာပါ။ ကျွတ်..ကျွတ်..ကျွတ်,...။
မန်းလေးအလယ်ကောင်မှာတရုတ်နှင့်မာမူကြီးတို့ကြီးစိုးနေသည်တို့ဗမာတွေဘယ်မှာလဲ.....မြို့ပြင်မှာကွ ပြည်တွင်းမစည်းလုံးလို့ကွ
ဟုတ်တယ်ဟေ့။ ၀ိုင်းဟေ့ဝိုင်းဟ။
ဝိုင်း၇င်းနဲ့ေ၇ွှစာ၇ံ၊မြစ်ငယ်တံတားနဲ့၊ ကြာနီကန်၇ွာနားထိေ၇ာက်ကုန်ကြတော့မယ်။
ဘယ်ပြောက်သွားလဲဆ၇ာမ။
စိတ်မပျက်ပါနဲ့။ ကွန်မင့်လောကကဒီလိုပါဘဲ။
အေ၇းအသားမိုက်တယ်ဗျာ။အဲလိုစံနစ်တကျဝေဖန်ေ၇းသားနိုင်တော့တ၇ုပ်အားကိုးပုဆိန်၇ိုးကြီးများအမြီးပါကုပ်သွားကြေ၇ာ။အမှန်တွေချည်းပဲလေ။
သြော် ၊ မန္တလေး မန္တလေး နေပူ ဖုတ်ထူ ခြင်ပေါ မမေ့နိုင်စရာပါလား။ ။

ဆောင်းပါးရှင် မင်းလွင် ထက်စိတ်ကူးရင့်သန်ဥာဏ်
ရည်ထက်ပါပေတယ်ပျက်အစဉ်ပြင် ခဏဆိုတဲ့စကား
ပ ပျောက်တိမ်ကောခဲ့တာကြာလှပါပီမန္တလာသူမန္တလာ
သားတွေအတိုအပြတ်တွေနဲ့ခာတ်မှီကုန်ပီ။ဒီအချိန်မှ
သွားပြောရင် ကျွဲပါးစောင်းတီး။နွားပလာတာကျွေး။
ခွေးပက်စီကိုလာတိုက်သလိုဖြစ်နေ တော့မယ်။
မည်သူ့တွင် တာဝန် ရှိသနည်းဟုသာမေးလိုက်ခြင်
ပါတောသည်။
သိပ်ကောင်း တဲ့ဆောင် ပါး ပါ very thank တခါက တရုတ်မ တယောက်နဲ့ လုပ်ငန်း ကိစ္စ နဲ့ တွဲသွားတာကို တရုတ်ကောင်းက မြင်ပြီး ညဏ်မကောင်းတဲ့ ဗမာကောင်တွေကို ဘာလို့ ကြိုက်တာလဲလို့အပြောခံရ ဘူးတယ် ကိုယ်မြေ မှာ နေပြီ အ ပြောခံ ရတာ တော်တော် စိတ်ဆိုးတာပဲ တရုတ်မက ပြန်ပြောလို့ သိခဲ့ရ တာ မိဘ မကောင်းလို့ တို့ဗမာ တွေ ကိုယ်ပစ္စည်းနဲ့ ကိုသူခိုးပြောခံ ရတာပါ ထလော့ဗမာ အိုဗမာတို့
မှုယစ်ဆေးဝါးကို နှိမ်နင် ပါးတရုတ်တွေ ရှမ်းတရုတ် တွေ ဥပဒေရ ကိုင် တွယ် ပါ နောက်ကြောင်းတွေ လည်း ပြန်လိုက် စေ ချင် ပါတယ်
မန်းမြို့မှာ နောင်( ၁၀ )နှစ်လောက်ရှိရင် မြန်မာတွေပိုင်တဲ့မြေဆိုလို့ ဌာနဆိုင်ရာနဲ့ နန်းတွင်းဘဲရှိပါလိမ့်မယ်။ အင်္ဂလိပ်တွေမြန်မာပြည်ကိုသိမ်းတာ လက်နက်သုံးခဲ့ရသေးတယ်။ တရုတ်တွေမြန်မာပြည်ကို သိမ်းနေတာဘာလက်နက်မှမသုံးဘဲ အသံတိတ်သိမ်းနေတာ ကုန်တော့မယ်။ မြန်မာပြည်သည်တို့ပြည်လို့ ဘယ်လောက်ကြာကြာ ဆိုနိုင်မလဲ။ ထလော့မြန်မာအိုမြန်မာတို့-----
မင်းတုန်းမင်းကြီး ရှိစေချင်သည်... .
Zalatni008 ( good )
မန္တလေးကိုလွမ်းပါသည်
မန္တလေးကိုလွမ်းတာအရမ်းဘဲ။ဒီအချိန်ဆိုရင် ဘုရားပွဲတွေနဲ့ပျော်စရာကောင်းတယ်
min kyaw သူငယ်ချင်း မင်းတုန်းမင်းရှိဖို့ မလိုတောပါဘူးကွာ မင်းလိုငါလိုအမျိုးကိုချစ်တဲသူတွေအများကြီးပါကွာ တိုတတွေ စည်းစည်းလုံးလုံးနဲ မြန်မာအချင်းချင်းကူညီဖေးမကြမယ် ဆိုရင်မကောင်းဘူလား
လာခဲ့ပါကွာ မန္တလေးရောက်ရင် သူငယ်ချင်းတွေကို ကျုံးပြမယ်
တရုတ်ဆိုတဲ့အတိုင်းယုတ်ပတ်ကြပါတယ်ဗျာ မန္တလေးမြို့မှာနေခဲ့ဖူးတော့ မန္တလေးကမြန်မာ့ယဉ်ကျေးမှုတွေမပျောက်စေချင်ဘူးဗျာမြေမျိုလျှင်လူမျိုးမပြုတ် လူမျိုမှမှလူမျိုးပြုတ်မည်
တို့မြန်မာတွေသွေးစည်းဖို့သင့်ပြီ
အမြီးတင် မဟုတ်ဘူး
ဂျို ပါကုပ် သွားတဲ့ တိရစ္ဆာန် tms ဆိုတာ အယုတ်တမာ တိရစ္ဆာန် ပါ
နန်းတွင်းထဲတောင်ရောက်နေပြီလားမသိ....
မင်းအိမ်မှာ ဆန်ကုန် နေပြီ တဲ့ ..tms.
တရုတ် ဆိုင် မှာ စားပွဲထိုး သွားလုပ် လိုက် ဦး။
ငါတို့ က တော့ တရုတ် မ ကောင်း မှန်းသိတယ်။
လက်တွေ့ တရုတ်နဲ့ ယှဉ်ပြိုင် နိုင် အောင် ကြိုးစား နေ တယ်။
မင်းလို ထိုင်ပြီး အာ ချောင် နေမှ တရုတ်ကျွန် ပိုဖြစ်မှာ
ကို ကတုံးရေ မင်္ဂလာပါ
ကို မင်း လွင် ထက် ရေ့ အ ရေး အ သား လေး က အ တော် ကောင်း ပြီး အ မှန် တ ရား တွေ ဆို တော့ ကျွန် တော် တို့ မန်း လေး သား တွေ အ နေ နဲ့ တော် တော် ခံ စား ရ တယ် ဗျာ့ တ ကယ် တမ်း မြန် မာ တွေ နဲ့ တ ရုတ် ကွာ ခြား ချက် က တော့ စည်း လုံး ညီ ညွတ် မှု မ ရှိ တာ ပါ ပဲ့ ကိုယ့် မြန် မာ အ ချင်း ချင်း ကူ ညီ ဖေး မ ခြင်း မ ရှိ သ လို့  တစ် ဦး တစ် ယောက် ထွန်း ပေါက် သွား ခဲ့ ရင် လဲ သူ့ ထက် သာ အောင် ငါ ဘယ် လို ကြိုး စား မယ် မ ရှိ ပဲ သူ့ ကို ငါ ဘယ် လို ခြေ ထိုး လိုက် ရ မ လဲ ဆို ပြီး တွေး တော တတ် တဲ့ စိတ် ဓါတ် လဲ ပါ ပါ တယ့့် တ ရုတ် ရဲ့ အား သာ ချက် က တော့ ငွေ ကို ဘယ် လို နည်း နဲ့ ရှာ ရ ရှာ ရ တရား သော နည်း ဖြစ် စေ မတရား သော နည်း ဖြစ် စေ ငွေ ရ လျှင် ပြီး ရေား စိတ် ဓါတ် နှင့် ရှေး ယ ခင် မန်း လေး တိုင်း တိုင်းမှူးကြီး များ နှင့် တရက ခရက မရက မှူး များ ၏ မျိုး ချစ် ပြည့် ဝ စွာ နဲ့ တ ရုတ် နှင့် ပူး ပေါင်း ကာ စီး ပွား ရေး နယ် ပယ် များ ကို လက် ဝါး ကြီး အုပ် ၍ မြန် မာ လူ မျိုး များ ခေါင်း ပင် မ ဖေါ် နိုင် အောင် ချိုး နိုမ် ခဲ့ မှု များ သည် လဲ တစ် တပ် တစ် အား ပါ ဝင် ခဲ့ ပါ သည်။ (ဥပမာ့ မန်း လေး မှ ပြင် ဦး လွင် သို့ ထွက် သော ၃၅ လမ်း နှင့် မြို့ပတ်လမ်း ထောင့် ရှိ လယ် ကွင်း များ တွင် မြန် မာ တိုင် ရင်း သား ပိုင် သော လယ် မြေ တွင် အ ဆောက် အ ဦး ဆောက် လုပ် ခွင့် မ ပေး ပဲ တ ရုတ် က ငှင်း လယ် မြေ များ ကို ဈေး ပေါ ပေါ ဖြင့် ဝယ် ၍ လ န လျှောက် သော အ ခါ တွင် မူ ဘ ဘ တိုင် မှူး နှင့် တိုင်း အ ဆင့် ဌာ န ဆိုင် ရာ ပြည် ချစ် သား များ က အ ဆင့် ဆင့် လဘ် စား ၍ လ န ခွင့် ပြု ပေး ခဲ့ ရာ တွင် ထို မြေ သည် သိန်း ထောင် ချီ တန် သွား ပြီး မြေ ပေါ် တွင် ကြိုက် နှစ် သက် ရာ လုပ် စေ ပာု အ မိန့် ချ ပေး ခဲ့ ပါ သည့့် )
ကောင်းပါတယ့့် ဒါအသင့် တော် ဆုံး အ ဖြေလို့ ထင် ပါ တယ်
မှန်ပါတယ်
that' right ထိုလန တွေ ကိုပြန် စစ်ပါ
1ယောက်ထဲလုပ်လို့မရဘူး
ဈေးချင်းတူရင်တောင် co,ltd မှာဝယ်ကြတယ်
အချင်းချင်း အားမှမပေးတာ ဒီလိုresult ပဲထွက်လာမှာပေါ့
အားလုံးကို compare လုပ်ပြီး ချင့်ချိန်သင့်ပါတယ်
အကြွေးရရင် တို့ဗမာတွေက ဘာတဲ့ ဆင်တောင်ဝယ်စီးမယ်
ဆိုပဲ ကဲ့အခုတော့ကြွေးပူမိနေကြတာ
ကျေးဇူးရှင်တွေကလည်း 200000တန်ဖုန်းကို ဝန်ထမ်းတွေကို အကြွေးရောင်းတယ်တဲ့
အဲ ကိုယ့်ဝန်ထမ်း အချင်းချင်းတောင် မရှောင်ဘူး ကွယ်ရို့

ဒီလိုပါပဲ တရုတ်တွေက နိုင်ငံတိုင်းမှာစိုးမိုးနေတာ မလေးရှားမှာဆိုရင်လဲ အားလုးံဟာ တရုတ်ကလွှမ်းမိုးနေတာပါ ဒါပေမဲ့ မလေးတွေက သူတို့လူမျိုးအချင်းချင်းစည်းလုးံကြတယ်
မြန်မာတွေက အားလုံးလိုလို ဘိုးဘွားပိုင်ပစ္စည်းတွေရောင်းပြီး ပိုက်ဆံရှာတတ်တာ ထုံးစံဖြစ်နေပြီ မြို့ထဲကမြေကွက်ကို တရုတ်ရောင်း ပြီးတော့ မြို့စွန်ထွက်ပြီးကျူးကျော်နေကြတာပဲ ။ မန္တလေးလိုနေရာမှာ တရုတ်က အတင်းအဓမ္မ မြေသိမ်းလို့မရဘူး ကိုယ့်ဟာကိုယ်စောက်သုံးမကျလို့
မြို့ပြင်ရောက်နေကြတာ မြို့ထဲမှာမြန်မာတွေချည်းပဲ နေရင်
မန္တလေးသည် တဲကုပ်မြို့တော်ပဲ ခုချိန်ထိရှိနေမှာ အသေအချာပဲ
ရွှေမန်းသူ မန္တလေးအကြာင်း ဖတ်ရလို့ စိတ်မကောင်းဖြစ်ရပါတယ်
That is right
That is right
တရုတ်လူမျိုးတွေက ရိုင်းတယ်။ စကားပြောရင်လဲ ကျုပ်တို့မြန်မာတွေကို မတူသလိုမတန်သလိုနဲ့ပြောတာ။ အထက်စီးကကြီးပဲပြောတာ။ ဒါပေမယ့်လဲ မန္တလေးကို ဝင်လာတာ တရုတ်ကြီးအပစ်ပြောလို့မရဘူးဗျ။ ကျုပ်တို့လူမျိုးတွေ မစည်းလုံးတာက သူတို့အတွက်အကွက်ပဲလေ။ တရုတ်တွေကုလားတွေက ဈေးကောင်းပေးပြီးမြေတွေဝယ် မြန်မာတွေက လွယ်လွယ်နဲ့ မစဉ်းစားပဲနဲ့ရောင်း အဲ့မှာ မန်းလေးတရုတ်ကုလား ရောက်လာခြင်းရဲ့အကြောင်းအရင်းပဲ။ ပြောချင်တာက မြန်မာတွေစည်းလုံးရင် မြန်မာနိုင်ငံဟာ မြန်မာအတွက်ပါ။ တရုတ်ကုလားတွေကို ထည့်တွက်စရာကိုမလိုတာ။
သူငယ်ချင်းတို့ရေ ရွှေမန်းလေးမြို့ ရဲ့ ဂုဏ်ယူစရာသတင်းတပုဒ်ကွ မြနမာပြည်သား ဗမာလူမျိုးစစ်စစ်ပိုင် ဟိုတယ်ကြီးတခု ဖွင့်ပြီလေကွာ ရွှေပြည်သာ ဟိုတယ်တဲ့ ဗမာလူမျိုးစစ်စစ်ပိုင်တာနော် ခရိုနီလုံးဝ မဟုတ်ဘူးနော် ဘဝမှာလုံးဝကျိုးစား ရုန်းကန်ခဲ့ရတာ ဟိုတယ်က 5 star အဆင့်နော် ဆီဒိုးနား တောင် 4 star အဆင့်ပဲ ရှိတယ် ကြော်ငြာတာ မဟုတ်ဘူးနော် လုံးဝဂုဏ်ယူတယ် ဗမာလူမျိုးစစ်စစ်ပိုင် မို့လို့ဂုဏ်ယူတာ မန်းလေးကဟိုတယ်တော်တော်မျိားများ တရုတ်ပိုင်တွေချည်းပဲ ကိုယ်လဲသတင်းစာ ထဲမှာတွေ့ပြီး ကတည်းက ဂုဏ်ယူမိပါတယ်
အဖေကြီးထိတော့လဲဆတ်ဆတ်ထိမခံတဲ့သားကောင်း၇တနာလေးတွေပါလား။တ၇ုပ်မ ကောင်းမှန်းသိလို့ တ၇ုပ်မ နားပဲကပ်ပြီးခြေဆုပ်လက်နယ်ပြုနေတဲ့တ၇ုပ်မ သားလေးပဲဖြစ်မယ်။တ၇ုပ်နဲ့ ယှဉ်နိုင်အောင်မင်းဆိုက်ကားမနင်းနဲ့ တော့။လန်ချားပဲပြောင်းဆွဲလေ။တ၇ုပ်လားစီးလိုက်,အစိုး၇လားစီးလိုက်လုပ်မနေနဲ့ ။စီးချင်၇င်ကိုယ့်လားကိုယ်စီး။)(လား=ပစ္စည်းသယ်၇ာတွင်သုံးသော
မြင်းနဲ့ တူသောသတ္တ၀ါ)။ မှတ်ချက်-သန်၇ာသန်၇ာမတွေး၇။
ကိုမင်းလွင်ထက် ရေးသားမှုကိုချီးကျူးပါတယ်
ကျွန်တော်တို့ မိသားစု မန္တလေး ၈၁လမ်းမှာ နေတုန်က
ဘေးအိမ်က အိမ်ရောင်းမယ်ကြားလို့ ဈေးမေးတော့ မတန်
တဆဈေးခေါ်တယ်
တရုပ်ကိုကျတော့ အောက်ဈေးနဲ့ရောင်းသွားတယ်
မြန်မာများ စည်းလုံးကြပါ လူမျိုးခြားကို အေ:-) မခေါ်ချင်ပါနဲ့
ဟားဟားးးးးးးးးးးးး
တရုတ် ဆိုင် မှာ စားပွဲထိုး လုပ်ဆိုလို့ ရှက် သွားပြီလား
မင်း အ ဆင့် နဲ့ ကိုက် ညီနေ လို့ ပါ ကွာ။
မင်း ရိုင်းလို့ ငါ ပြန် ရိုင်း မယ် ကွ။
တရုတ် ကို မင်း အ မေ တွေ နှမ တွေ နဲ့ တရုတ် နဲ့ သားဖောက် ပေးလိုက် ။
ငါတို့ က မြန်မာ စစ် တွေ ကွ။
မင်း နှမ တွေ မအား ရင် မင်း ဝင်ပြီး လှုပ် ရှား ပေး လိုက်
ကြားလား
ွနေရာကောင်းတော်တော်များများက လူမျိုးခြားတွေကြီးပဲ။ ဆိုင်းဘုတ်တွေကစပြီး တရုတ်စာတွေနဲ့။ ဆိုင်နံမည်တွေကလည်း မြန်မာနံမည်တွေ မဟုတ်တော့ဘူး။ တရုတ်နံမည်တွေနဲ့ချည်းပဲ။ တခြားသွားမကြည့်နဲ့ဦး။ ဘီယာဆိုင်တွေ အများစုက တရုတ်ပိုင်တာတွေကြည်းပဲ။ မန္တလေးမြို့ ဘီယာဆိုင်တွေကြည့်လိုက်ရင်လည်း အကုန်လုံးနီးပါး စည်ကားနေတာပဲ။ လူငယ်တွေကလည်း အချိန်တော်တော်ပေါလို့နဲ့တူတယ်။ ဘီယာဆိုင်မှာဘဲ တွေ့ရတယ်။ ပိုက်ဆံလေးပေါလာရင် ဘီယာဆိုင်တွေပဲ သွားနေကြတယ်။
ဒီအတိုင်းသာဆိုရင်တော့ ကျွန်တော်တို့နိုင်ငံကြီးလည်း တိုးတက်ဦးမှာပါ။ မြင်ယောင်ပါသေးတာ
မင်း အ မေ က တရုတ် ဝက်အူချောင်း တော့ တော်တော်
ကြိုက် တယ် ဆို။
လာခဲ့ပါ ။
ဗမာ ဝက်အူ ချောင်း က ပိုကောင်းတယ်,ညှပ် တော့ မညှပ် ရ သေး ဘူး
ဟဟားးးး
လွမ်းစရာကောင်းပါပေ့ရတနာပုံ နေပြည်တော်ကြီး။မြန်မာ ယဉ်ကျေးမှုတွေကို အနာဂတ် လူငယ်များအထိ ထိန်းသိမ်းအမွေခံနိုင် ကြပါစေ။
ဟိုတယ်ပိုင်ရှင်သိန်းတန်အကြောင်း စုံစမ်းသိရှိတော့မှ ဂုဏ်ယူရင်တောင် နောက်မကျသေးပါဘူး
နဲနဲပိုသိအောင် စုံစမ်းကြည့်လိုက်ပါအုံး
သူများအကြောင်းcommentပေါ်မှာမရေးသင့်လို့ ပါ။
သာဓုပါ
သာဓုပါ
ခွေးသည်လူကိုကိုက်သည်။
လူသည်ခွေးကိုဘယ်တော့မှပြန်မကိုက်။
တီအမ်အက်စ် AD 2012
GTI ပဲလွမ်းပါတယ်
ရွှေသိန်းတန်အကြောင်းလား
မန္တလေးရောက် ရှမ်းတစ်ယောက်ရဲ့ အဖြစ်ဟာ မလွယ်ပါလား
ဆောင်းပါးရှင်မင်လွင်ထက်၏စေတနာပါသောအရေးအသားကို
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်၊
အလျင်းသင့်သလို ပြည်သူကိုအကျိးများစေမဲ့ဆောင်းပါးများကိုလဲ
ထပ်မံရေးသားနေဦးမယ်လို့ လဲယုံကြည်ပါတယ်။
ကတုံး ဗမာအချင်ူချင်းပြနန ကိုက်နေ ပါ့လား မင်းလိုကောင်ကြောင့်တို့ဗမာတွေ မွဲနေ တာ
ဖွတ်ကောင် kyaw saw win ဘာမှမသိဘဲ မပြောနဲ့ မင်းစီး ပွားရေး မလုပ်ဘူး တာ သိသာ တယ်
မထူးပါဘူးကွာ ခု comment ရေးတဲ့ လူထတ နေ့ ခေါင်း ဆောင် ဖြစ် လာယင် တရုတ် တွေ အကုန် သတ် ပစ် ကွာ ငါ ဖြစ် ယင် သတ် မှာ ပဲ
ဟန်းချိန်းကြီးတပိသာလောက်နဲ့ လူလား။
IQ ခပ်နိမ့်နိမ့်နဲ့. လ.ပ.ခ ၇ဲ့ စပွန်ဆာဘဲကြီးပါ။
ဟုတ်ပါ့ နန္ဒာ၇ာ။
နင့်မလဲအမျိုးချစ်တာနဲ့ဇွတ်ဗမာဆိုပီးေ၇ာလုပ်မနေနဲ့
အခြားလူနဲ့ဉပမာပြစမ်းပါဟာ။
မန္တလေးသားအစစ်တွေထဲမှာပြစ၇ာအများကြီးပါ။
ငါတော့မဟုတ်ဘူးနော်။
မန္တလေးမြိုသူမြို့သားစစ်ကိုတွေကဟိုးမြိဲု့သစ်အစွန်ဆုံမှာပါအဲ့ဒီနေရာက့
Post a Comment