လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကြေညာချက် ထုတ်ပြန်

မကြာမီက ဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကျောင်းသားများက ဒီဇင်ဘာလ(၃)ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ယနေ့ ထုတ်ပြန် လိုက်သည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ညနေ ၄းဝဝနာရီတွင်ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက် ကျောင်းသားများ၏ ရုံးခန်း၌ ပြုလုပ်ပါမည်။

စာအမှတ် - ၃၂/၂၀၁၂ (၈၈)
ရက်စွဲ - ၃ ၊ ၁၂ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍
၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက် ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။
(၂) ယနေ့နိုင်ငံတော် အသွင်ကူးပြောင်းရေး ကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင် ဟောပြော စည်းရုံး လျှက်ရှိသည်။
(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်နေရသည့် အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။
(၄) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက် နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပေးရန် တင်ပြတောင်းဆို
ခဲ့ပြီးဖြစ်ပါသည်။
(၅) ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် ဒေသခံပြည်သူများ၊ တက်ကြွ လှုပ်ရှားသူများ၏ သဘောထား ဆန္ဒများကို လွတ်လပ်စွာ စုံစမ်းတင်ပြ၍ ညှိနှိုင်း ဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်း သွားမည်ဖြစ်သည်။
(၆) ထို့ကြောင့် လက်ပံတောင်းတောင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှုပေးရန်
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေး သုံးသပ်ရန်
(ဃ) စုံစမ်းစစ်ဆေး နေစဉ်အတွင်း တူးဖော်ဆောင်ရွက် နေမှုများကို ရပ်ဆိုင်းထားရန်
(င) ဖမ်းဆီး အရေးယူမှု များကို ရပ်တန့်၍ ထိန်းသိမ်း ထားသူများကို ပြန်လည် လွှတ်ပေးရန်နှင့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်
၈၈ကျောင်းသားများ အနေဖြင့် အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများ


လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကြေညာချက် ထုတ်ပြန် လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကြေညာချက် ထုတ်ပြန် Reviewed by သစ်ထူးလွင် on 15:00 Rating: 5

No comments:

Powered by Blogger.